“မွေးနေ့မှာ ပရိသတ်တွေဆီကနေ သီချင်းတစ်ပုဒ်မွေးနေ့လက်ဆောင်ရလိုက်တဲ့ နေလင်းကျော်”
celegabar.com
|
2020-02-08

CeleGabar ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ နေလင်းကျော်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ နေလင်းကျော်ကတော့ သူရဲ့ မွေးနေ့လေးမှာ ပရိသတ်တွေနဲ့ အတူမွေးနေ့ပွဲလေးကျင်းပခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ မွေးနေ့ရက်ကလေးကို ဖြတ်သန်းခဲ့ပါသေးတယ်။

နေလင်းကျော်ရဲ့ ပရိသတ်တွေကတော့ နေလင်းကျော်အတွက် မွေးနေ့လက်ဆောင်အနေနဲ့ သီချင်းတစ်ပုဒ်လက်ဆောင်ပေးခဲ့တယ်။ဒီနေ့မှာတော့ နေလင်းကျော်က “ကျွန်တော့် မွေးနေ့အတွက် Band တီးခ အပါအဝင် သီချင်းတပုဒ်လုံးစာ အမှတ်တရ အနေနဲ့ ကျွန်တော့် Fans တွေက ပေးတဲ့ မွေးနေ့လက်ဆောင် သီချင်းလေးကို တေးရေး သော်မိုးစက် ဆီ အပ်လိုက်ပါပြီ”ဆိုပြီး ပရိသတ်တွေရဲ့လက်ဆောင်သီချင်းလေးကို တေးရေး သော်မိုးစက်ဆီမှာ အပ်လိုက်တဲ့အကြောင်း ပရိသတ်တွေကို အသိပေးပြောကြားလာပါတယ်။

အခုလို သီချင်းအပ်ဖြစ်တဲ့ အကြောင်းလေးနဲ့အတူ မွေးနေ့လက်ဆောင်ပေး ချစ်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းကိုလည်း ပြောထားပါသေးတယ်။ပရိသတ်တွေကတော့ သီချင်းအပ်လိုက်ပြီဆိုတဲ့အတွက် သီချင်းလေးထွက်လာတော့မယ့် အချိန်ကို ကြိုတင်စောင့်မျှော်နေကြတာကိုလည်း တွေ့ရပါတယ်။CeleGabar ပရိသတ်ကြီးရေ နေလင်းကျော်ရဲ့ ပရိသတ်တွေကတော့ နေလင်းကျော်ကို တော်တော်လေးချစ်ပြီး အားပေးကြတာပဲနော်။

Chilli – CeleGabar
Source – Nay Lin Kyaw
ဇော်ဂျီဖြင့်ဖတ်ရန်။

#မွေးနေ့
#လက်ဆောင်
#ပရိသတ်
#တေးရေး
#စက်ဆီ

Some text some message..