ပျိုမေတွေရဲ့အသည်းကျော် အဆိုတော် အုပ်စိုးခန့်ကတော့ ထိုင်းနိုင်ငံမှာပါ ချစ်ခင်အားပေးကြတဲ့ပရိသတ်တွေနဲ့ တွေ့ခဲ့ရတဲ့အကြောင်းကို “တကယ်ကိုမထင်ထားပဲ ထိုင်းနိုင်ငံကကွေကာအုပ် လေးတွေရှိတာ အခုမှပဲသိတော့တယ်…. အရမ်းပျော်ပီးဝမ်းသာမိတယ်ဗျာ” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အုပ်စိုးခန့်ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်ကိုတော့ commercial တစ်ခုကြောင့်ရောက်နေတာဖြစ်ပြီး မကြာသေးမီကမှ ထိုင်းနိုင်ငံရဲ့နာမည်ကြီး အလှကုန်ပစ္စည်းတံဆိပ်တစ်ခုရဲ့ Brand Ambassador တစ်ယောက်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ထိုင်းနိုင်ငံကို ပွဲတွေလည်းတက်ရောက်ရမယ်၊သီချင်းတွေလည်း ဆိုသွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါသေးတယ်။ အုပ်စိုးခန့်ကတော့ အခုလိုထိုင်နိုင်ငံမှာ အနုပညာအလုပ်လုပ်ရတဲ့အပေါ်မှာလည်း ထိုင်းစာတွေလည်း သင်မယ်၊ ထိုင်းသီချင်းလေးနည်းနည်းပါးပါးရနေပြီးမို့ ထိုင်းသီချင်းတွေလည်း ဆိုပြမယ်လို့ဖြေကြားခဲ့ပြီး ထိုင်းနိုင်ငံကို အခုလိုပထမဆုံးအနုပညာတွေ စတင်လုပ်ကိုင်ခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူပါတယ်တဲ့လို့ ဖြေကြားခဲ့ပါသေးတယ်။
အုပ်စိုးခန့်ဟာ ကိုယ်ပိုင်သီချင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲရောက်ခဲ့တဲ့အပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ “အိမ်မက်တွေမိုးထားတဲ့အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ အုပ်စိုးခန့်ကတော့ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ သူ့ရဲ့အမာခံဖန်တွေဖြစ်တဲ့ ကွေကာအုပ်လေးတွေရှိပါတယ်တဲ့နော်။
Source: OakSoe Khant
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
“ထိုင်းနိုင်ငံမှာပါ ချစ်ခင်အားပေးကြတဲ့ပရိသတ်တွေနဲ့ တွေ့ခဲ့ရတဲ့ အုပ်စိုးခန့်”