“အဆိုတော်တစ်ယောက်ဖြစ်ရတာ အတန်ဆုံးညပါပဲလို့ ဝမ်းသာကြည်နူးစွာပြောပြခဲ့တဲ့ G Fatt”
celegabar.com
|
2020-02-13

ပရိသတ်တွေရဲ့အချစ်တော် G Fatt ကတော့ မနေ့ကတောင်ကြီးမြို့၊အဝေရာကွင်းမှာ ကျင်းပခဲ့တဲ့ (၇၃)ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကြီးမှာသွားရောက်ဖျော်ဖြေပေးခဲ့ပါတယ်။သူနဲ့အတူ စိုင်းစိုင်းခမ်းလှိုင်၊Snare၊ဇော်ဝင်းထွဋ်၊ဝေလတို့ပါ သီဆိုဖျော်ဖြေခဲ့ပြီး အဲ့ဒီပွဲမှာတော့ အမေစုကိုယ်တိုင်တက်ရောက်ခဲ့ကာ သူတို့ရဲ့သီဆိုဖျော်ဖြေမှုကို အားပေးခဲ့တဲ့အပြင် လူငယ်တွေကိုပျော်ရွှင်အောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

G Fatt ကတော့ မနေ့ညကဖျော်ဖြေခဲ့တဲ့ပွဲလေးနဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်တွေကို သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာထက်မှာ မျှဝေရေးသားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် ဆယ်ကျော်သက်အရွယ်ကစလို့ ဒီနေ့ထိ လေးစားချစ်ခင်ရတဲ့ အမေ့ကို အနီးကပ်တွေခွင့်ရမှုဆိုတာ အိမ်မက်တောင် မမက်ရဲခဲ့ပါဘူးဗျာ ပျော်လွန်းလို့ပြောစရာ စကားရှာမရတော့ဘူး… သူကျွန်တော်တို့ ဆိုတာကို အစအဆုံး ထိုင်နားထောင်သွားတယ်… စစ်ပွဲများမရှိစေချင်ဆိုတဲ့ သီချင်းကို သူ့ရှေ့မှာ ပရိသတ်တွေနဲ့အတူ ဆိုပြခွင့်ရခဲ့တယ်…. သူ့ လက်လေးကိုင်ပြီး စကားပြောခွင့်ရခဲ့တယ် သူ့ မျက်နှာကိုအနီးကပ် ငေးခွင့်ရခဲ့တယ် ကျန်းမာရေး ဂရုစိုက်ပါအမေလို့ ပြောခွင့်ရခဲ့တယ် စင်ပေါ်မှာ အသံတွေတုန် .. မျက်ရည်ပါဝဲရတယ် .. အဆိုတော် ဖြစ်ခဲ့ ရတာ ဒီညနဲ့တင် အတန်ဆုံးပါဗျာ အမေ အသက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ” လို့ရေးသားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် “ကျွန်တော်တို့လက်ကလေးကိုကိုင်ပြီး လူငယ်တွေကိုပျော်အောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်တဲ့ ကျွန်တော့်မှာ ဒီည အပျော်တွေကို ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူးဗျာ” ဆိုပြီး အမေစုစကားပြောနေတာကို ရိုက်ကူးထားတဲ့ဗွီဒီယိုလေးနဲ့အတူ မျှဝေပေးခဲ့တာဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ G Fatt ကတော့ သူငယ်ငယ်ကတည်းက လေးစားချစ်ခင်ခဲ့ရတဲ့ အမေစုကို တွေ့ခွင့်ရခဲ့တာကြောင့် အဆိုတော်ဖြစ်ခဲ့တာအရမ်းကိုတန်သွားပါပြီတဲ့နော်။

Source – G Fatt
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

#အမေ
#ည
#နှာ
#သူ့
#အဆိုတော်

Some text some message..