MRTV -4 ကထုတ်လွင့်ပြသတဲ့ “နွေလယ်ညရဲ့ လမင်း” ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်တွေရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ မင်းသမီးချော သံသာညီကတော့ ဇာတ်လမ်းတွဲပြီးတာကြာလို့ ဖူးဝေလေးကိုမေ့နေပြီးလားဆိုတဲ့အကြောင်းကို “ဇာတ်လမ်းတွဲလေးပြီးတာကလဲ ကြာပီဆိုတော့ ဟော့ဒီကဖူးဝေလေးကိုမေ့နေလောက်ပီထင်ပါတယ်နော်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ပရိသတ်တွေကတော့ သံသာညီရဲ့ ဒီဇာတ်လမ်းတွဲထဲက ဇာတ်ရုပ်ကိုချစ်လွန်းကြတာတောင် နာမည်အရင်းဖြစ်တဲ့ “သံသာညီ” ထက်ကို “ဖူးဝေလေး”လို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်နေကြရတဲ့ အထိကို အချစ်တွေ သိမ်းပိုက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။သံသာညီကတော့ “နွေလယ်ညရဲ့ လမင်း” ရုပ်သံဇာတ်လမ်းတွဲလေးဟာ သူ့အတွက် ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲလေးဖြစ်ပေမဲ့ ဒီပထမဆုံးဇာတ်လမ်းတွဲမှာတင် အောင်မြင်မှုအကြီးအကျယ်ရရှိထားခဲ့တာပါ။မျက်နှာသစ် တက်သစ်စ အနုပညာရှင်တစ်ယောက်ဖြစ်ပေမဲ့လည်း ကြိုးကြိုးစားစားနဲ့ ဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်ထားနိုင်ခဲ့တာကြောင့်လည်း ပရိသတ်တွေက ဖူးဝေလေးကို အချစ်ကြီးချစ်နေကြတာဆိုရင်လည်း မှားမယ်မထင်ပါဘူး။
မကြာခင်ရက်ပိုင်းအတွင်းမှာ ရိုက်ကူးတော့မယ့် သရဖူဇာတ်လမ်းတွဲမှာလည်း သံသာညီကတော့ လူငယ်ပုံစံတက်ကြွတဲ့ကောင်မလေးနေရာကနေ သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ သံသာညီကတော့ “နွေလယ်ညရဲ့ လမင်း” ရုပ်သံဇာတ်လမ်းတွဲပြီတာကလည်းကြာပြီမိုံ ဖူးဝေလေးကိုမေ့နေကြပြီလာတဲ့ ပရိသတ်ကြီးရေ မေ့နေကြပြီလား။
Source: Than Thar Nyi
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
“ဇာတ်လမ်းတွဲပြီးတာကြာလို့ ဖူးဝေလေးကိုမေ့နေပြီလားဆိုတဲ့ သံသာညီ”