နှုတ်ခမ်းနီမလေးတွေကြွေပြီးရင်းကြွေသွားစေမယ့် အမိုက်စားကကွက်တွေနဲ့ ကခုန်နေတဲ့အောင်ရဲလင်းရဲ့ Video လေး
myanmarload.com
|
2020-02-19
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတစ်ခုလုံးကို ဖမ်းဆုပ်ကိုင်ထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး အောင်ရဲလင်းပဲ ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေကို ဝါသနာကိုအရင်းခံကာလုပ်ကိုင်ခဲ့သူဖြစ်တာကြောင့် ယနေ့ချိန်မှာတော့ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ရရှိထားတဲ့ ထိပ်တန်းမင်းသား တစ်လက်အဖြစ် ရပ်တည်လာနိုင်တာပဲ ဖြစ်ပါတယ်။
အောင်ရဲလင်းဟာ မော်ဒယ်လောကမှ တစ်ဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးမှုနည်းသွားပင်မယ့်လည်း ပရိသတ်တွေကတော့ သူထွက်ရှိမယ့် ရုပ်ရှင်ဇာတ်ကားတွေကို အားပေးကြည့်ရှုရန် စောင့်မျှော်နေကြတာပါ။ လတ်တလောမှာလည်း ကြော်ငြာဆလးတွေ ရိုက်ကူးဖြစ်နေတာလည်း ဖြစ်ပါတယ်။
အခုမှာလည်း သူ့ရဲ့ Instagram Stories မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကြော်ငြာ တစ်ခုရိုက်ကူးရန်အတွက် အကတိုက် လေ့ကျင့်နေတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အောင်ရဲလင်းရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။
#ဗီဒီယို
#ပရိသတ်
#မင်းသား
#ရိုက်ကူးမှု
#ကြော်ငြာ
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ