“နားရက်မရှိ ပြသမည့် ပထမဆုံးရုပ်သံဇာတ်လမ်းတွဲဖြစ်လာသည့် ကျွန်တော်အမုန်းဆုံးကျွန်တော်”
celegabar.com
|
2020-02-19

ပရိသတ်တွေကြား ကြည့်ရှု့မှုအမြင့်ဆုံးဖြစ်သည့် မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကို MRTV 4ရုပ်သံလိုင်းမှ တစ်ပတ်ကို(၅)ရက်နှုန်းဖြင့် ပြသလာခဲ့တာဖြစ်ပြီး လက်ရှိမှပြသနေဆဲဖြစ်တဲ့ ကျွန်တော်အမုန်းဆုံးကျွန်တော် ရုပ်သံဇာတ်လမ်းတွဲကိုတော့ နားရက်မရှိ ပြသမည့်အကြောင်းကို ” ပရိသတ်ကြီးအတွက် အထူးသတင်းကောင်း ည(၈း၄၅)အချိန် MRTV-4 ရုပ်သံလိုင်းတွင်ထုတ်လွှင့်ပြသလျှက်ရှိသော❝ ကျွန်တော်အမုန်းဆုံးကျွန်တော် ❞ ရုပ်သံဇာတ်လမ်းတွဲအား (၂၂.၂.၂၀၂၀) ရက်နေ့မှစတင်၍ (စနေ၊ တနင်္ဂနွေရက်များအပါဝင် )နေ့စဉ်ထုတ်လွှင့်ပြသပေးသွားတော့မှာဖြစ်ကြောင်းသတင်ကောင်းပါလိုက်ပါတယ်” လို့ Forever Oulala လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ကျွန်တော်အမုန်းဆုံးကျွန်တော် ရုပ်သံဇာတ်လမ်းတွဲကတော့ နာမည်ကြီးစာရေးဆရာ လယ်တွင်းသား စောချစ်၏ ကျွန်တော်အမုန်းဆုံးကျွန်တော် ဝတ္ထုကိုပြန်လည်ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်သံဇာတ်လမ်းတွဲမှာတော့ မင်းသားချော နက္ခတ်၊ မင်းသမီးချော နန်းစန္ဒာလှထွန်း၊နေရည်ဝင်းလဲ့ တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ကျွန်တော်အမုန်းဆုံးကျွန်တော် ရုပ်သံဇာတ်လမ်းတွဲကတော့ စတင်ပြသတဲ့အချိန်ထဲက ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိထားပြီး ဒီရုပ်သံဇာတ်လမ်းတွဲထဲမှာတော့ မင်းသမီးချော နန်းစန္ဒာလှထွန်းဟာ ရိုးသားဖြူစင်ကာ ယောကျာ်းအပေါ်တွင်သစ္စာရှိသူ ခင်ပွန်းအပေါ်ယုံကြည်မှုလွန်ကဲသူ ကျောင်းဆရာမလေး အေးဖြူအဖြစ် ပါဝင်သရုပ်ဆောင်ထားကာ ပရိသတ်တွေရဲ့ အသည်းကိုဖမ်းစားထားပါတယ်နော်။

CeleGabar ပရိသတ်ကြီးရေ နာမည်ကြီးစာရေးဆရာ လယ်တွင်းသား စောချစ်၏ ကျွန်တော်အမုန်းဆုံးကျွန်တော် ဝတ္ထုကိုပြန်လည်ပုံဖော်ရိုက်ကူးထားတဲ့ ကျွန်တော်အမုန်းဆုံးကျွန်တော် ရုပ်သံဇာတ်လမ်းတွဲကတော့ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေ့ရဲ့ သမိုင်းတစ်လျှောက်မှာ နားရက်မရှိ ပြသမည့် ပထမဆုံးရုပ်သံဇာတ်လမ်းတွဲဖြစ်လာပါတယ်နော်။

Source: Forever Oulala
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

#ရုပ်သံ
#အမုန်း
#ဇာတ်လမ်း
#တွဲ
#သံ

Some text some message..