ကျွန်တော်တို့ အသက်ကို စားသုံးနေတဲ့ သကြားနဲ့ကင်ဆာအန္တရယ်
lifestylemyanmar.com
|
2020-03-03



ဒီကနေ့ပြောပြချင်တာကတော့ ကင်ဆာနဲ့သကြားအန္တရယ်ပါ။ ကျန်းမာရေးလိုက်စားတဲ့သူတွေအများစုကတော့ သကြားကိုအလွန်အကျွံမသုံးကြပေမယ့် ကျန်းမာရေးအသိမရှိတဲ့သူတွေက သကြားကိုတော်တော်စားသုံးကြပါတယ်။

သကြားထဲကမော်လီကျူးအနည်းငယ်လောက်ကတောင် ကျွန်တော်တို့ ခန္ဓာကိုယ်မှာကင်ဆာဆဲလ်တွေရှင်သန်ကြီးထွားခြင် းနဲ့ ဆက်စပ်နေတယ်လို့ သိပ္ပံပညာရှင်တွေကထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကြိုတင်ကာကွယ်မှုအနေနဲ့ သိပ္ပံပညာရှင်တွေက သကြားဟာ ကင်ဆာဆဲလ်တွေကြီးထွားမှုကို ဘယ်လို ဘယ်ပုံအကျိုးသက်ရောက်မှုရှိတယ်ဆိုတာနဲ့ သကြားရဲ့အန္တရယ်က ကင်းဝေးစေဖို့ကို ပိုမိုရှာဖွေတွေ့ရှိထားပါတယ်။


သကွားဆိုတာဘာလဲ




သကြားဆိုတာ ကာဗိုဟိုက်ဒရိတ် (Carbohydrate) မော်လီကျူးတစ်ခုဖြစ်ပြီးတော့ ချိုမြတဲ့အရသာပေးစွမ်းနိုင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ သကြားကိုပုံစံအမျိုးမျိုးနဲ့ သုံးစွဲကြသလို သူတို့ကို သဘာဝအသီးအနှံတွေမှာလည်း တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်ဆိုတာ ကာဗိုဟိုက်ဒရိတ် (Carbohydrate)ကိုလောင်စာအနေနဲ့သုံးစွဲနေကြတာဖြစ်ပါတယ်။

ကာဗိုဟိုက်ဒရိတ်ဆိုတာမှာ ပေါင်းစပ်ကာဗိုဟိုက်ဒရိတ်(Carbohydrate)နဲ့ရိုးရှင်းတဲ့ကာဗိုဟိုက်ဒရိတ်ဆိုပြီး ၂မျိုးရှိပါတ ယ်။ ပေါင်းစပ်ကာဗိုဟိုက်ဒရိတ်တွေကို ဂျုံနဲ့လုပ်တဲ့ခေါက်ဆွဲတွေနဲ့လူးလို ကစီဓါတ်များတဲ့အစားအစာတွေမှာတွေ့နိုင်ပါတ ယ်။ သူတို့ကအ ခြေခံအားဖြင့် သကြားမော်လီကျူးခွဲတွေပေါင်းစုထားတာဖြစ်ပြီးတော့ ကျန်းမာတဲ့အမျှင်ဓါတ်၊ ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်ပါတယ်။

ဒါပေမယ့် ရိုးရှင်းတဲ့ကာဗိုဟိုက်ဒရိတ် Simple Carbohydrate တွေဖြစ်တဲ့ သကြားဖြူနဲ့ပြောင်းဖူးရည်လိုဖရက်တို့စ် (Fructose)မြင့်မားတဲ့အစားတွေမှာ ပေါင်းစပ်ကာဗိုဟိုက်ဒရိတ်လို အဟာရဆိုင်ရာအကျိုးကျေးဇူးတွေမရရှိနိုင်ပါဘူး။


သကြားကမရှိမဖြစ်လား




ကျွန်တော်တို့အသက်ရှင်ဖို့က သကြားလိုအပ်ပါသလားဆိုရင် ကျွန်တော်တို့စားတဲ့အစာတွေထဲမှာ ကာဗိုဟိုက်ဒရိတ်ဓါတ်ရှိနေသမျှ သကြားကို ကျွန်တော်တို့ရှောင်နိုင်ပါတယ်။


သကြားသည်အက်ဆစ်ဓါတ်ဖြစ်သည်




အက်ဆစ်ဓါတ်ဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ ရောဂါတွေနဲ့ကင်ဆာဆဲလ်တွေရှင်သန်ဖို့ပျော်စရာကောင်းတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် သကြားလိုအက်ဆစ်ဓါတ်ပါတဲ့အစာဟာ ကင်ဆာရောဂါကြီးထွားမှုနဲ့ဆက်စပ်နေတာမဆန်းပါဘူး။ သကြားများများစားလေ အက်ဆစ်ဓါတ်တွေများများရလေပဲဖြစ်ပါလိမ့်မယ်။ ဆိုတော့ အက်ဆစ်ဓါတ်များများရလေ ရောဂါဘယတွေများများရလေဖြစ်နိုင်သလို ကင်ဆာဆဲလ်ကြီးထွားဖို့ကိုပိုကူညီပေးပါလိမ့်မယ်။


သကြားဓါတ်က ကင်ဆာဆဲလ်ကိုကြီးထွားမှု




အပေါ်မှာပြောခဲ့သလိုပဲ သကြားက အက်ဆစ်ဓါတ်တွေပါတယ်။ ဒါကြောင့်သကြားကိုအချဉ်ဖောက်လိုက်တဲ့အခါ ကင်ဆာဆဲလ်တွေမျိုးပွားဖို့အကောင်းဆုံးဖြစ်သွားပါတယ်။ အဲ့ဒီနောက် အချဉ်ဖောက်ထားတဲ့ သကြားဓါတ်တိုးပွားလာခြင်းနဲ့အတူဆဲ လ်လူလာပတ်ဝန်းကျင်မှာ အောက်ဆီဂျင်ကင်းမဲ့လာပြီးတော့ ကင်ဆာအကျိတ်တွေ ပိုပိုကြီးထွားလာမှုကို လှုံဆော်ပါတော့တယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ကင်ဆာကြီးထွားမှုအပေါ်သကြားရဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်နေတဲ့အတွက် အတ တ်နိုင်ဆုံးသကြားလျော့စားကြတာ အကောင်းဆုံးပါလို့ သုတေသီတွေကလည်း အကြံပြုထားပါတယ်။


သကြားပါဝင်တဲ့အစာကအခြားရောဂါတွေကိုလည်းဖြစ်စေနိုင်ပါတယ်




သကြားပါဝင်တဲ့အစားအစာတွေကအခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့ အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ Body Mass Index(BMI)လို့ခေါ်တဲ့ အရပ်အမြင့်နဲ့ကိုယ်အလေးချိန်ကိုတိုင်းတာတဲ့ကိစ္စမှာဆို သကြားများများစားသုံးသူတွေက BMI မြင့်မားပါတယ်။




သိပ္ပံပညာရှင်တွေအဆိုအရ BMIမြင့်မားခြင်းဟာအူမကြီးကင်ဆာဖြစ်နိုင်ချေ မြင့်မားစေနိုင်တယ်ဆိုတဲ့အချက်နဲ့ဆက်စပ်မှုရှိနေတယ်ဆိုတာတွေ့ရှိရပါတယ်။ နောက်တစ်ခုက သကြားဓါတ်မြင့်မားခြင်းက အမျိုးသမီးတွေ သိပ်ကြောက်ကြတဲ့ သား အိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်ချေတွေဟာ သကြားနဲ့ဆက်စပ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။


သကြားဓါတ်ကိုဘယ်လိုလျော့ချကြမလဲ




သင်စားနေကျ အချိုဓါတ်မြင့်တဲ့ အစာတွေကိုပြုပြင်ပြောင်းလဲဖို့လုပ်သင့်ပါတယ်။ ရိုးရှင်းတဲ့ကာဗိုဟိုက်ဒရိတ်ပမာဏာစုစု ပေါင်းကိုလျော့ချဖို့ အဖြူရောင်ပေါင်မုန့်တွေ၊ ကွတ်ကီးတွေ၊ အချိုများတဲ့သီးနှံတွေ၊ သကြားလုံးတွေနဲ့ အချိုများတဲ့အ ဖျေ ာ်ယမာကာတွေ၊ ဆိုဒါတွေကို အတတ်နိုင်ဆုံးလျော့ချသင့်ပါတယ်။

ဒီလိုမှမလုပ်နိုင်ရင် ပေါင်မုန့်ကိုဆလပ်ရွက်နဲ့ရောပြီးစားတာမျိုးပေါ့။ ပြီးတော့ အစိမ်းရောင် အနီရောင် စတဲ့အရောင်ရဲရဲအ စာတွေများများစားသုံးခြင်းကလည်း ကင်ဆာဆဲလ်တွေကို မပြန့်ပွားဖို့ကူညီပေးနိုင်ပါတယ်။

ဒါကြောင့် ပြုပြင်ပြောင်းလဲထားတဲ့သကြားဓါတ်မြင့်မားတဲ့အစားအစာတွေနဲ့ သကြားဓါတ်မြင့်တဲ့ သဘာဝအစားအစာတွေကိုတောင် အတတ်နိုင်ဆုံးလျော့ချပြီ းစားမယ်ဆိုရင် ကင်ဆာနဲ့အတူ အခြားရောဂါတွေဝင်ရောက်တာကိုလည်းကာကွယ်နိုင်မယ်လို့မျှော်လင့်မိပါတယ်။


Lifestyle_Myanmar
Mg_Htet
REF_Power Of Possitivity


#သကြား
#ဓါတ်
#ကင်ဆာ
#ဆဲလ်
#အက်ဆစ်

Some text some message..