အုန်းနို့နံ့လေး မွှေးနေတဲ့ မုန့်လင်မယားပူပူလေးကို ပျော်ပျော်ပါးပါး လုပ်စားဖို့ Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ဆန်မှုန့် – စားပွဲတင်ဇွန်း ၈ဇွန်း
၂။ ကုလားပဲ(အစိမ်းမှုန့်) – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၃။ ရေ – လက်ဖက်ရည်ပန်းကန်လုံး ၅လုံးစာ (မှတ်ချက်။ ။ ဆန့်မှုန့် ထည့်သည့် ပမာဏထပ် ရေကို ၂ဆထည့်ပေးရင် ရသည်)
၄။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
၅။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ဆိုဒါ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၇။ ပဲပြုတ် – အနည်းငယ်
၈။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးထားပါ)
၉။ ကြက်ဥ(သို့)ငုန်းဥ – ခလောက်ပြီ (ကြိုက်နှစ်သက်လျှင် ထည့်နိုင်သည်)
၁၀။ နှမ်းထောင်း (နှမ်းနှင့် ဆားအနည်းငယ်ရောထောင်းထားပေးပါ)
၁၁။ အုန်းနို့ – တစ်ဘူး
ချက်ပြုတ်နည်း
၁။ ဇလုံတစ်ခုထဲသို့ ဆန့်မှုန့်၊ ကုလားပဲမှုန့်တို့ကို ရောမွှေလိုက်ပြီ ရေအနည်းငယ်ထည့်၍ ကုလားမှုန့်များ ပျော်သည်အထိ ရောနယ်ပေးပါ။
၂။ ပြီးလျှင် ခပ်ကျဲကျဲရအောင် ရေ(လက်ဖက်ရည် ပန်းကန်လုံး၅လုံးစာ)ထည့်ပြီ ရောမွှေလိုက်ပါ။
၃။ နောက်မှ ဆား၊သကြား၊ အုန်းနို့၊ ဆိုဒါများထည့်ပြီ မုန့်နှစ်ရည် အပေါ့အငံတစ်ချက်မြည်းကြည့်လိုက်ပါ။
၄။ မုန့်ရည်သည် ပျစ်နေလျှင် ရေအနည်းငယ် ထပ်ထည့်ပေးပါ။
၅။ ပြီးလျှင် ၁နာရီလောက်ကြာအောင် မုန့်နှစ်ကို နုပ်ထားပေးပါ။
၆။ ပြီလျှင် မုန့်လင်မယားဗန်း ခွက်လေးတွေမှာ ဆီအနည်းငယ်ထည့်ပြီ မီးကို အသင့်တင့်ရုံသာ ထားထားပါ။ မီးသွေးဖိုနဲ့လုပ်လျှင် ပိုကောင်းသည်။ မီးမျှနေရန် လိုအပ်သည့်အတွက် မီးကို အသင့်တင့်သာ ထားပါ။
၇။ ဆီပူလာလျှင် မုန့်နှစ်ရည်များကို ထည့် မုန့်လင်မယားဗန်း ခွက်လေးတွေထဲသို့ မုန့်နှစ်ရည် စားပွဲတင်ဇွန်း ၁ဇွန်းစာလေးများလိုက်ထည့်ပေးပါ။
၈။ နောက်မှ ကြက်ဥ(သို့) ငုန်းဥ၊ ပဲပြုတ်၊ ကြက်သွန်မြိတ်များကို ထည့်ပေးပါ။
၉။ မုန့်လင်မယား တစ်ဖက်ကျက်သွားလျှင် နောက်တစ်ဖက်ပေါ်သို့ သွားပေါင်းတင်ပေးပါ။ အညှိရောင်အနည်းငယ် သန်းသည်အထိ မုန့်လင်မယားကို ဘက်ပြောင်းလှည့် ကြော်ပေးပါ။
၁၀။ နှစ်ဖက်လုံး အရောင်ညီသွားလျှင် ပန်းကန်ထဲသို့ ပြန်ဆယ်ထားပါ။ ထို့အတိုင်း တခြား မုန့်လင်မယားများကို ထည့်ချက်သွားပါ။
ခုဆိုရင်တော့ နှမ်းထောင်းလေးကို ဖြူးပြီး မုန့်အုန်းနို့လင်မယားပူပူလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။
[ Unicode ]

Ref; asianfood