နေပူပူမှာ ရင်ထဲကို အေးမြသွားမဲ့ မွှေးမြချိုဆိမ့်နေတဲ့ ရေခဲသုပ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ရေခဲခြစ်(သို့)ခြေထားသော ရေခဲ – ၂ခွက်
၂။ နွားနို့(သို့)အုန်းနို့ – စားပွဲတင်ဇွန်း ၄ဇွန်း
၃။ Red bean (သို့) black bean – စားပွဲတင်ဇွန်း ၂ဇွန်း ( မထည့်လည်း ရ )
၄။ ကျောက်ကျော – ၁ဘူး (အတုံးသေးများ တုံးထားပါ)
၅။ မုန့်လက်ဆောင်းဖတ် – ၁ခွက်
၆။ သာကူစေ့ – ခွက် ၁ခွက်
၇။ မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက်ထောင်းထားပေးပါ)
၈။ နို့စိမ်း (သို့) နို့ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
၉။ ဖရုံယို – စားပွဲတင်ဇွန်း၂ဇွန်း (အတုံးသေးများ တုံးပါ)
၁၀။ နာနတ်ယို – စားပွဲတင်ဇွန်း ၁ဇွန်း
သကြားရည်တွင် ပါဝင်ပစ္စည်းများ
၁။ အနီရောင်ဆိုးဆေးအရည် – လက်ဖက်ရည်ဇွန်း တဝက်
၂။ သကြား – စားပွဲတင်ဇွန်း ၆ဇွန်း
၃။ ရေ – စားပွဲတင်ဇွန်း ၃ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး သာကူကြိုရန် ဒယ်အိုးထဲ ရေတဝက်ထည့်ပြီ ရေဆူလာလျှင် သာကူစေ့များထည့်ပြီ ရောမွှေပေးပါ။
၂။ သာကူကို မီးအတင့်သင့်ဖြင့် သာကူများ မကပ်သွားအောင် မွှေပေးရပါမည်။
၃။ သာကူစေ့ အလယ်အစံများ ပျောက်သွားလျှင် မီးပိတ်လိုက်ပြီ အနီရောင်ဆိုးဆေးရည်(၄စက်)ခန့် လောင်းထည့်ကာ ရောမွှေပေးပါ။
၄။ သာကူစေ့များ အနီရောင်ပြောင်းသွားလျှင် ဇကာဖြင့် ပြန်စစ်ထားပြီ ပန်းကန်ထဲ ပြောင်းထည့်ထားပါ။
၅။ ပြီနောက် သကြားရည်အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (အနီရောင်ဆိုးဆေးရည်၊ သကြား၊ ရေ)တို့ကို သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။
ရေခဲသုပ် ပြုလုပ်နည်း
၁။ အရင်ဆုံး ရေခဲခြစ်(သို့)ခြေထားသော ရေခဲများကို ပန်းကန်ထဲ ထည့်လိုက်ပါ။
၂။ ပြီမှ ရေခဲပေါ်သို့ နွားနို့၊ သကြားရည်၊ နို့စိမ်း(သို့)နို့ဆီ ဆမ်းပေးပါ။
၃။ ပြီနောက် အပေါ်မှ မုန့်လက်ဆောင်ဖတ်၊ ကျောက်ကျော၊ အနီရောင်ပဲ၊ သာကူ၊ ဖရုံယို နှင့် မြေပဲ၊ နာနတ်ယိုများ တင်ပေးပါ။ ပိုအရသာရှိအောင် နှစ်သက်တဲ့ သစ်သီးတွေအပြင် ရေခဲမုန့်ကိုလည်း ထည့်ပေးနိုင်ပါတယ်။
ခုဆိုရင်တော့ နွေပူပူမှာ ရင်ထဲကို အေးမြမဲ့ ရေခဲခြစ်လေး သုံးဆောင်နိုင်ပါပြီနော်။
[ Unicode ]

Ref; asianfood