ရှူးရှဲ ဂဏန်းမဆလာချဉ်စပ် ပြုလုပ်နည်း
trend.com.mm
|
2020-03-20

ရှူးရှဲချဉ်စပ်ရည်လေးကို သောက်၊ အသားဖတ်လေးကို ထမင်းနဲ့ နယ်စားမလား။ ဝီစကီလေးနဲ့ပဲ မြည်းမလား ဘယ်လိုဖြစ်ဖြစ် အရမ်းကောင်းတဲ့ ဂဏန်းမဆလာချဉ်စပ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သောပစ္စည်းများ
၁။ ဂဏန်း – နှစ်သက်ရာဂဏန်း
၂။ ပျင်းတော်သိမ်ရွက် ၂ ခက်
၃။ ကြက်သွန်နီ ၆ လုံး
၄။ ကြက်သွန်ဖြူ ၂ ဥ
၅။ ငရုတ်သီးစိမ်း ၁၅ တောင့် ( ပါးပါးလှီးထားပါ )
၆။ မန်ကျည်းမှည့် ကွမ်းသီးလုံး ၂ လုံး လောက် (ရေနွေးနဲ့ စိမ်ထားပြီး အနှစ်ရည်လုပ်ထားပါ။)
၇။ မဆလာ
၈။ ငံပြာရည်

ဂဏန်းချက်နည်း
– ဂဏန်းတွေကို ရေသေချာဆေးပြီး လက်မတွေကို ထောင်းလိုက်ပါ။ ဂဏန်း လက်မတွေက စားတဲ့အခါ ကိုက်နေရတာမာနေမှာစိုးလို့ပါ။ ဂဏန်းမှာပါတဲ့ အဆီအနှစ်တွေကို ပန်းကန်သတ်သတ်နဲ့ ဖယ်ထားလိုက်ပါ။ ပြီးရင် ရေထည့်ပြီး ပြုတ်ထားလိုက်ပါ။ ရေကတော့ မိမိလိုသလောက်ထည့်ပါနော်။ အရည်များများနဲ့ ကြိုက်ရင် အရည်ကိုများများထည့်လိုက်ပါ။

– ကြက်သွန်နီ ကို အခွံခွာပြီး လေးခြမ်းစိတ် စိတ်ထားပါ။ ကြက်သွန်ဖြူ ကိုလဲ အခွံခွာပြီး အလုံးကွဲလောက်အောင်ပဲ ထောင်းထားပါ။ ဂဏန်းချက်ထဲ ထည့်ဖို့ ဆီသတ်တော့မယ်နော်။ ချက်သတ်မယ့်အိုးတင်လိုက်ပါ။ ဆီ အနည်းငယ် ထည့်ပါ။ ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ နဲ့ လေးခြမ်းစိတ်ထားတဲ့ ကြက်သွန်နီကို နည်းနည်းအိအောင်အထိကြော်ပေးပါ။ ပန်းကန်သတ်သတ်နဲ့ဖယ်ထားတဲ့ ဂဏန်းအဆီအနှစ်ကိုထည့်လိုက်ပါ။ အနံ့မွှေးသွားပါလိမ့်မယ်။ ပြီးရင် မန်ကျည်းမှည့်ရည်ထည့်ပါ။ ပြင်းတော်သိမ်ရွက် ၂ ခက်ကို အရွက်ခြွေပြီး ထည့်ပါ။ ငံပြာရည်၊ အချိုမှုန့် ထည့်ပါ။ ဆားထက် ငံပြာရည်နဲ့ချက်တာ ပိုကောင်းပါတယ်နော်။ ဆားထည့်လဲ ရပါတယ်။ ဆားနည်းနည်း ငံပြာရည်နည်းနည်းဆီထည့်ပေါ့။

၃။ ဆီပြန်လာရင် မဆလာထည့်ပါ။ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းထည့်လိုက်ပါ။ ဆီသတ်လို့ပြီးပါပြီ။ ပြီးရင် ဂဏန်းပြုတ်အိုးထဲသို့ ထည့်လိုက်ပါတယ်။ ပြီးရင်ဆူနေအောင်တည်ထားလိုက်ပါ။ အပေါ့ အငန်မြည်းကြည့်ပါ။ အချဉ်အငံ ထပ်ထည့်ချင်လည်း ထည့်ပါဦး။

ခုဆိုရင်တော့ အရမ်းကောင်းတဲ့ ရှူးရှဲ ဂဏန်းမဆလာချဉ်စပ်ကို သုံးဆောင်နိုင်ပါပြီနော်။

[ Unicode ]

Ref; asianfood

#မဆလာ
#ဂဏန်း
#ငံပြာရည်
#အဆီအနှစ်
#လေးခွ

Some text some message..