ပိတ်ရက်မှာ အဝဆွဲဖို့ လုပ်ရတာလည်း လွယ်၊ အရသာလည်းရှိတဲ့ မာလာရှမ်းကော ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းတွေကတော့ မာလာဟင်းအနှစ်ထုပ်ရယ်၊အမွှေးနံ့အထုပ်ရယ်၊ အထုံအရသာအထုပ်ရယ်လိုအပ်ပါတယ်။
1.အသီးအရွက် (ကြာစွယ်၊ရွှေပဲရွက်၊ဂေါ်ရခါးညွှန့်၊baby Corn၊ အာလူး၊မုနညှင်း၊ အပ်မှို)
2.အသားငါး (ကြိုက်နှစ်သက်ရာ ကြက်သား၊ ဆိတ်သား၊ဝက်သား၊ ပုစွန်၊ဂဏန်း)
3.ကြက်အူချောင်း (CP)
4.ခေါက်ဆွဲခြောက် ,မြေပဲကြော် ၊နှမ်း
5.ကြက်သွန်ဖြူ၊ ဂျင်းလက်တဆစ်
အမယ်များရင်တော့ အနှစ်ထုပ်ကတစ်ခါစားတစ်ထုပ်ကုန်ပါတယ်။အထုံနဲ့ အမွှေးထုပ်ကတော့ နည်းနည်းဘဲထည့်ရတာမို့နောက်အခေါက်တွေပြန်သုံးလို့ရတာပေါ့။
ချက်နည်း
-ပထမဦးစွာခေါက်ဆွဲကိုထည့်ပြုတ်ပါ။ပြီးရင် အာလူး ကြာစွယ် baby corn တို့ကိုထည့်ပြုတ်ပါ။
-2မိနစ်လောက်ပြုတ်ပြီး ဇကာထဲသွန်ချရေအေးဆေးပြီးရေစစ်ထားပါ။အပူကြီးထည့်ရင်ခေါက်ဆွဲတွေလုံးပြီးပြတ်ကုန်လို့ပါ။
-ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီးကြက်သွန်ဖြူ ဂျင်းပါးပါးလှီးထားတာကိုထည့်ဆီသတ်ပါ။
-ပြီးရင်မာလားဟင်းအနှစ်ရယ်အမွှေးနံ့ရယ် အထုံမှုန့်နည်းနည်းထည့်မွှေပြီးအသားထည့် ကြော်ပါ။
-အသားကျက်ရင် ကြက်အူချောင်းထည့်ပါ။
ပြုတ်ထားတဲ့ခေါက်ဆွဲအုပ်စုထည့်မွှေပါ။ပြီးရင်အရွက်တွေထည့်ပါ။အပ်မှိုကိုနောက်ဆုံးမှထည့်ပါ။
-အရသာအတွက်ကြက်သားမှုန့်နည်းနည်းထည့်ပြီးအပေါ့အငံမြည်းပါ။ အရသာအနေတော်ဆိုရင် ဇလုံတစ်ခုထဲပြောင်းထည့်ပြီး အပေါ်ကနေမြေပဲကြော်နှင့်နှမ်းဖြူးပြီးသုံးဆောင်လို့ရပါပြီနော်။
[ Unicode ]

Ref; asianfood