ထောပတ်သီးရေခဲချောင်းဆိမ့်ဆိမ့်လေး ပြုလုပ်နည်း
trend.com.mm
|
2020-04-01

လတ်လတ်ဆတ်ဆတ်ထောပတ်သီးမွှေးအိအိလေးနဲ့ အမောပြေ ရေခဲချောင်းလုပ်စားကြဖို့ Trend ပရိသတ်ကြီးအတွက် ထောပတ်သီးရေခဲချောင်း ပြုလုပ်နည်းကို ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ထောပါတ်သီး – တစ်လုံး
၂။ သကြား – ထမင်းစားဇွန်း တစ်ဇွန်းခွဲ (အချိုကြိုက်လျှင် သကြားပိုထည့်ပါ)
၃။ ဆား – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
၄။ ရေကျက်အေး – ရေခဲချောင်းလုပ်မည့်မိုလ် လေးခုစာ
၅။ ရေခဲချောင်းလုပ်မည့်မိုလ် – ၆ခု
( မိုလ်နဲ့ မလုပ်ဘဲ ပလတ်စတစ်အိတ်နဲ့ လုပ်ရင်လည်း ရပါတယ် )

ပြင်ဆင်ပုံ
– ထောပါတ်သီး လတ်လတ်ဆတ်ဆတ်ကို အခွံခွာပြီး ကျေနေအောင် ချေထားပါ။
– ဆား သကြား ရေနှင့် ရေခဲချောင်းလုပ်မည့် မိုလ်များကို ပြင်ထားပါ။
– ကျေနေအောင် ချေထားသော ထောပါတ်သီးပန်းကန်ထဲမှာ ဆား သကြား ရေကျက်အေးတို့ကိုထည့်ပြီး သမအောင် မွှေပေးပါ။
– ပြီးတာနဲ့ ထောပါတ်သီးဖျော်ရည်များကို ရေခဲချောင်း မိုလ်များထဲသို့ ဇွန်းဖြင့်ခတ်ထည့်ပေးပါ။
– ပြီးတာနဲ့ ရေခဲချောင်းလုပ်မည့် ဒုတ်ချောင်းလေးတွေကို စိုက်ထည့်ပေးပါ။
– အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ၈နာရီလောက်ထည့်ပြီး ခဲပေးထားပါ။
ရေခဲချောင်း စားဖို့ပြင်တဲ့အခါ ရေခဲသေတ္တာထဲမှ ထုတ်ယူပြီး ရိုးရိုးရေဖြင့် သုံးမိနစ်ခန့် စိမ်ထားပေးပြီးမှ မိုလ်ထဲမှ ထုတ်ယူကာ ထောပါတ်သီး ရေခဲချောင်း စိမ့်မိမ့်အေးအေးလေးကို စားသုံးရန် ပြင်ပေးပါ။

ခုဆိုရင်တော့ ထောပတ်သီးဆိမ့်ဆိမ့်ရေခဲချောင်းလေးသုံးဆောင်ရင်း အမောပြေနိုင်ပါပြီနော်။

[ Unicode ]

Ref; icecandy

#ရေခဲချောင်း
#ရေကျက်အေး
#ထောပတ်သီး
#သကြား
#ရေခဲသေတ္တာ

Some text some message..