သံဓါတ်ကြွယ်ဝတဲ့ အစားအစာများ
yathar.com
|
2020-04-28

COVID-19 ကာလအတွင်း စားပေးသင့်တဲ့အစားအစာထဲမှာ သံဓါတ်ပါတဲ့ အစားအစာလည်းပါပါတယ်။

ဒါဆိုရင် သံဓါတ်ပါတဲ့ အစားအစာတွေက ဘာတွေလဲ…?

ဘယ်လိုဟာမျိုးတွေကို စားပေးသင့်ပြီး ဘာတွေ မစားသင့်တာလဲ။

သံဓါတ်ပါတဲ့ အစားအစာတွေက
၁ ပဲအမျိုးမျိုး
၂ ကြက်ဥ ( ဒါကတော့ စားလွန်းလို့ တဖြည်းဖြည်း ကြက်ပုံပေါက်လာပြီလို့တောင် ထင်ရပါတယ်)
၃ အသား
၄ အစိမ်းရင့်ရောင် ရှိတဲ့ အသီးအရွက်များ၅ သစ်ကြားသီး ကဲ့သို့သော အသီးများနှင့် အစေ့များ ဖြစ်ပြီးတော့


အဲ့အစားအစာတွေကနေ သံဓါတ်ကိုစုပ်ယူပေးနိုင်တဲ့ သံပုရာသီး၊ လိမ္မော်သီး၊ သံပုယိုသီးတို့ကိုစားပေးသင့်ပါတယ်။

ဒါပေမဲ့ လုံးဝ မလုပ်သင့်တဲ့ အရာတစ်ခုလည်းရှိပါတယ်။

အဲ့ဒါကတော့ အစားစားနေစဉ်အတွင်းမှာ ကော်ဖီနဲ့ Tea သောက်ခြင်းကို လုံးဝရှောင်ရှားသင့်ပါတယ်နော်။

ဒါလေးကတော့ WHO က တရားဝင်ထုတ်ပြန်ထားတဲ့ အကြောင်းအရာလေးဖြစ်ပါတယ်။


#အစားအစာ
#အစိမ်းရင့်
#သစ်ကြား
#WHO
#အသီးအရွက်

Some text some message..