ဂျပန်တို့ရဲ့အစားအစာတစ်မျိုးဖြစ်တဲ့ ဆူရှီအပြင် အခြားနာမည်ကျော်အစားအစာများ
trend.com.mm
|
2020-04-29

ဆူရှီကတော့ အဆီနည်းပြီး ကျန်းမာရေးနဲ့ ညီညွှတ်တာကြောင့် လူမျိုးတိုင်းနီးပါး ကြိုက်နှစ်သက်ကြပါတယ်။ သို့ပေမယ့် ဂျပန်အစားအစာများစွာရှိတဲ့အထဲမှာ ဆူရှီအပြင် အခြားနာမည်ကြီးအစားအစာတွေလဲ များစွာရှိနေပါသေးတယ်။


တာကိုယာကီ(Takoyaki)
လမ်းဘေးအစားအစာတစ်မျိုးဖြစ်တဲ့ တာကိုယာကီက အဝိုင်းပုံစံ အကြော်လုံးလေးတွေထဲမှာ ရေဘဝဲအသားကို နုပ်နုပ်စဉ်းထည့်ထားတာလေးက စားလိုက်တိုင်း အရသာရှိတာကြောင့် ဂျပန်လူမျိုးတွေအကြိုက်ဆုံးအစားအစာတစ်မျိုးဖြစ်နေပါတယ်။



ဆန်မုန့်လုံး (Mochi)
စားလိုက်လျှင် စေးစေးလေးနဲ့ စားလို့ကောင်းတဲ့ ဆန်မုန့်လုံးကို ပထမဆုံး စ ,စားမယ့်သူအတွက်ကတော့ အထူးအဆန်းဖြစ်ချင်ဖြစ်နေပေမယ့် တခါစားကြည့်ရုံနဲ့ အရသာစွဲသွားစေရမယ်လို့ ဂျပန်လူမျိုးတွေက ဆိုကြပါတယ်။ ဆန်မုန့်လုံးလေးတွေကို အတွင်းမှာ ပဲနှစ် (သို့) စတော်ဘယ်ရီလေးတွေ ထည့်လေ့ရှိကြပါတယ်။



အူဒုံ (Udon)
ဂျပန်စားသောက်ဆိုင်တွေကိုသွားပြီး ဆူရှီတွေ၊ရာမန်တွေပဲ စားနေရတာ ငြီးငွေ့နေရင် ခေါက်ဆွဲလုံးထက်ပိုကြီးတဲ့ အူဒုံ ကိုစားကြည့်စေချင်ပါတယ်။ ခေါက်ဆွဲသားပိုကြီးတာကြောင့် တလုတ်စားလိုက်တိုင်း အရသာရှိသလို တွဲစားရတဲ့ အသားပြုတ်ရည်နဲ့လည်း အလွန်ပဲလိုက်ဖက်မှုရှိပါတယ်။ အပူအဖြစ်နဲ့လည်း စားသုံးနိုင်သလို အအေးပုံစံဖြင့်လည်းတမျိုးစားကောင်းနေပါတယ်။



နာဘဲ(Nabe)
သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ အတူတူစုစားလို့ကောင်းတဲ့ အစားအစာပါ။ကိုယ်နှစ်သက်တဲ့ အစားအစာတွေကိုထည့်စားရကြောင့် ပိုပြီးအဆင်ပြေပါတယ်။ ပြုတ်ရည်ပူပူထဲကို အသီး၊အရွက်၊ ဖက်ထုပ်နှင့် ခေါက်ဆွဲ စတဲ့ ကြိုက်နှစ်သက်ရာတွေကို ထည့်စားရတာလို့ ပျော်စရာလည်းကောင်းပါတယ်။



အိုနီဂီရိ (Onigiri)
ဆူရှီလို ထမင်းနဲ့ ရေညှိလိပ်ထားတာချင်းတူပေမယ့် အိုနီဂီရိ ကတော့ နည်းနည်းလေး ကွဲလွဲပါတယ်။ ထမင်းကို အရသာတွေနဲ့နယ်ပြီးအသီးအရွက်၊ ပင်လယ်စာတွေနဲ့ အထဲမှာ သွပ်ထားတာကြောင့် အလွယ်ကူဆုံးလုပ်လို့လွယ်တဲ့ ဂျပန်အစားအစာလို့ ပြောကြပါတယ်။ ကလေးငယ်တွေကြိုက်တဲ့ ကာတွန်းရုပ်ပုံအမျိုးမျိုးတွေပုံဖော်ပြီး မိခင်တွေက နေ့လယ်စာအဖြစ် လုပ်ပေးလေ့ရှိပါတယ်။



ပန်ကိတ်(Okonomiyaki)
အရသာရှိတဲ့ အစာတွေကို တဆင့်ပြီးတဆင့်ထပ်ကြော်ထားတဲ့ ကြွပ်ကြွပ်ရွရွပန်ကိတ်ကလည်း ဂျပန်အစားအစာတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကိုယ်စားချင်တာကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပေးလိုက်ရုံနဲ့ အနံ့၊အရသာပြည့်စုံတဲ့ ပန်ကိတ်လေးဖြစ်အောင် ပြုလုပ်ပေးကြပါလိမ့်မယ်။



သကြားလုံး (Candy)
သကြားလုံးဆိုပေမယ့် ဂျပန်နိုင်ငံက သကြားလုံးလေးတွေက အရသာ အမျိုးမျိုးရှိပြီး လှလှပပ ဖန်တီးထားတာမို့လို့ မြင်လိုက်တာနဲ့ မစားရက်လောက်အောင် ဖြစ်သွားစေမှာပါ။ ဈေးထဲဆိုင်တွေမှာ မတွေ့ရင်တောင်မှ အိမ်နီးချင်းတွေက လက်ဆောင်အနေဖြင့် သင့်ကို ပြင်ဆင်ပေးပါလိမ့်မယ်။



အသားလွှာ ( Sashimi)
ရေပတ်လည်ဝိုင်းနေတဲ့ ဂျပန်ကျွန်းလေးမှာ နောက်ထပ်နာမည်ကျော်အစားအစာတမျိုးကတော့ ပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေကို လွှာထားတဲ့ အသားလွှာပါ။ ဆယ်လ်မွန်၊ တူနာ၊ ပြည်ကြီးငါးနှင့် pufferfish အစိမ်းတွေကို သုံးလေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ပင်လယ်စာမဟုတ်ဘဲ နာမည်ကြီးနေတဲ့ ဆာရှီမိကတော့ မြင်းအသားပဲဖြစ်ပါတယ်။



အသားပြားကြော်(Tonkatsu)
ဝက်သားကို ဆီပူထဲထည့်ပြီး ကြွပ်ကြွပ်လေးကြော်ထားတဲ့ အသားပြားကြော်ပူပူလေးကို ထမင်း၊ကော်ဖီ၊ tonkatsu ဆော့စ်တွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ ဝက်သားအပြင် ကြက်သားနဲ့လဲ ရှိပါတယ်။



ခါရီ(Curry)
အသားပြားကြော်နဲ့ ဆင်တူပေမယ့် သူ့ထက်ပိုပြီး အရသာရှိတယ်လို့ ဆိုတဲ့ ခါရီကတော့ အသားကို ဟင်းအနှစ်ကျအောင်ချက်ပြီးထမင်းနှင့် တွဲစားရတဲ့ အရာပါ။ အရသာ ပိုလေးပြီး ဟင်းခက်အမွှေးကြိုင်အစုံသုံးပြီး ချက်ရတဲ့ ဟင်းတခွက်ပါ။



ကာကီဂိုရီ(Kakigori)
ကာကီဂိုရီဆိုတာ ရေခဲခြစ်တွေကို အဝိုင်းပုံစံဖော်ပြီး နှစ်သက်တဲ့ အရသာကို အပေါ်က ဆမ်းပေးထားတဲ့ အချိုပွဲပါ။ ပဲ၊ ရေခဲမုန့်၊custard၊ သစ်သီးနဲ့ မိုချီတို့အပေါ်က တင်လေ့ရှိပါတယ်။


Ref;japan Insides


#အသား
#အစားအစာ
#ဂျပန်
#အရသာ
#သကြားလုံး

Some text some message..