
ဂျပန်တို့ရဲ့ ရိုးရာမုန့်လုပ်နည်းများစွာထဲကမှ ပေါ့ပေါ့ပါးပါး အိမ်မှာလုပ်စားလို့အဆင်ပြေမယ့် ရိုးရာ စတော်ဘယ်ရီ ကောက်ညှင်းမုန့်လုံးပြုလုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်။
– စတော်ဘယ်ရီအသေး (၄)
– ပဲချိုအနှစ် (anko) – ၄၀ ဂရမ်
– ပဲချိုအနှစ်ပြုလုပ်ရန် (anko) ပြုလုပ်ရန်အတွက်
Shiratamako/ mochigome ကောက်ညှင်းဆန်မှုန့် (၅၀) ဂရမ်
သကြား (၁၀) ဂရမ်
ရေ(၇၀) ဂရမ် (သို့) (၇၀) လီတာ
ကော်မှုန့်
၁) အရင်ဆုံး Daifuku မုန့်အပြင်သားကို ပြုလုပ်ဖို့အတွက် mochi ကောက်ညှင်းမုန့်ညက် လုပ်ရပါမယ်။shiratamako နဲ့ သကြားကို ပန်းကန်လုံးထဲ ထည့်မွှေလိုက်ပါ။ အသင့်ပြင်ထားတဲ့ ရေရဲ့ တစ်ဝက်ကို ထည့်ပါ။
၂) Shiratamako ရဲ့ အမှုန့်ထဲက အစေ့လေးတွေ ဖြစ်နေတာကို ဖိချေရင်းနယ်ပေးပါ။ အစေ့လေးတွေ အားလုံးကြေသွားရင် ကျန်တဲ့ ရေတဝက်ကို ထည့်ပြီး နယ်ပါ။ ရေနွေးငွေ့နဲ့ ပေါင်းလို့ရတဲ့ အိုးထဲကို ရေထည့်ပြီး ရေဆူအောင်တည်ပါ။ ရေဆူလာရင် mochi မုန့်ညက်ကို ပန်းကန်လုံးထဲထားပြီး အိုးထဲမှာ ထည့်ပြီး ရေနွေးငွေ့နှင့် ပေါင်းပါ။
၃) အိုးအဖုံးမပိတ်ခင်အိုးအဝကို အဝတ်စဖြင့် အုပ်လိုက်ပါ။ မီးအနေတော်နဲ့ မိနစ် (၂၀) လောက်ပေါင်းပါ။ မိုက်ခရိုဝေ့မီးဖိုကို သုံးတယ်ဆိုရင် ၆၀၀ ဝပ်လောက်နဲ့ တစ်မိနစ်လောက်ပေါင်းပါ။ ပေါင်းပြီးရင် mochi မုန့်ညက်ကို အပြင်ထုတ်ပြီး ရေဆွတ်ထားတဲ့ ဇွန်းပြားဖြင့် နယ်ပေးပြီး တစ်မိနစ် အပူထပ်ပေးပြီးရင် mochi မုန့်ညက်ရပါပြီ။
၄) Mochi မုန့်ညက်ကို နှံ့အောင် နယ်ပြီးမှ ကော်မှုန့်ဖြူးထားတဲ့ စဉ်းနှီတုံးပေါ်တင်ပါ။ မကပ်အောင် ကော်မှုန့် ဖြူးထားတဲ့ ဓားကိုသုံးပြီး မုန့်ညက်ကို လေးပိုင်းအညီအမျှ ပိုင်းပြီး အအေးခံထားပေးပါ။
၅) စတော်ဘယ်ရီသီးတွေကို ရေဆေးပြီး ရေခြောက်အောင် သုတ်ပါ။ ပြီးလျှင် အညှာကို ဖယ်ပါ။ ပဲချိုအနှစ် လေးပုံတစ်ပုံကို ပလတ်စတစ်အကြည်ပေါ်တင်ပြီး (၂) စင်တီမီတာ အရှည်လောက်ဖြစ်အောင် ပဲချိုအနှစ်ကို ဖြန့်လိုက်ပါ။ထို့နောက် စတော်ဘယ်ရီ ၁ လုံးကို ပဲ အချိုပေါ်တင်ပြီး အပေါ်က ပလတ်စတစ်ဖြင့် ပြန်ပတ်ပါ။
၆) ကော်မှုန့်ကို လက်ထဲဖြူးပြီး လက်ဖဝါးပေါ်မှာ mochi မုန့်ညက်ကို (၆) စင်တီမီတာ အရွယ်အစားအပြားလေး ဖြစ်အောင်လုပ်ပါ။ စတော်ဘယ်ရီထာပနာထားတဲ့ မုန့်ချိုအနှစ်ကို mochi မုန့်ညက်ပြားအလယ်မှာ ထည့်ပြီး မုန့်ညက်ကို လုံးပေးပါ။
၇) စတော်ဘယ်ရီတစ်လုံးလုံး ဖုံးမိသွားအောင် မုန့်ပြားကို ဆွဲပြီးလုံးပါ။ အောက်ခြေကိုလည်း အပေါက်ပွင့်မနေအောင် မုန့်ညက်နဲ့ ပိတ်ပေးပါ။ မလိုတဲ့ ကော်မှုန့်တွေကို ခါထုတ်လိုက်ပါ။ ဒီလိုဆိုရင်တော့ ichigo daifuku မုန့်လုံးလေး ရပါပြီ။

Ref;NHK