ဂျပန်တို့ဟူးပြုလုပ်နည်း
trend.com.mm
|
2020-05-08

အိမ်မှာ ကိုယ်တိုင်လုပ်စားလို့ရတဲ့ လုပ်ရလွယ်ကူတဲ့ အစားအစာလေးဖြစ်တဲ့ ဂျပန်စတိုင်လ် တို့ဟူးလုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်။


ကြက်ဥ – ၆ လုံး
ဆားအနည်းငယ်
ပဲနို့ – ၃၀၀ ml
ရေနွေးငွေ့ပေါင်းအိုး တို့ပဲဖြစ်ပါတယ်။

၁) ပထမဦးဆုံး အိုးတစ်လုံးထဲမှာ ရေထည့်ပြီးတော့ ရေနွေးတည်ထားလိုက်ပါ။

၂) ကြက်ဥ ၆ လုံးကို ပန်ကန်လုံး ခပ်ကြီးကြီးထဲကို ထည့်ခေါက်ပါ။

၃) ခေါက်ထားတဲ့ ကြက်ဥပန်းကန်ထဲကို ပဲနို့နှင့် ဆားထည့်ပြီး မွှေပေးပါ။

၄) မွှေပြီးရလာတဲ့ အရည်ကို အဖက်တွေစစ်သွားအောင် ဇကာနဲ့ စစ်ပြီး ပန်းကန်အသန့်တစ်ခုထဲ ထည့်ပါ။

၅) တည်ထားတဲ့ ရေနွေး ဆူလာပြီဆိုရင် ကြက်ဥပဲနို့ရည်ပန်းကန်ကို ထည့်ပြီး ရေနွေးငွေ့ဖြင့် ၂၅ မိနစ်လောက်ပေါင်းပေးပါ။




အချိန်ပြည့်သွားရင်တော့ ထုတ်ပြီးလိုအပ်သလို အရွယ်အစားအလိုက်လှီးဖြတ်ပြီး ဟင်းချက်စားလို့ရပါပြီ။




Ref;NAVER


#ကြက်ဥ
#ရေနွေး
#ပေါင်းအိုး
#တို့ဟူး
#နို့ရည်

Some text some message..