အချိန် ၂ မိနစ်ပေးပြီး ကိတ်မုန့် လှလှလေး ဖန်တီးရအောင်။
trend.com.mm
|
2020-05-12

အချိန် ၂ မိနစ်လောက်ခန့် လောက်ပေးလိုက်ရုံနဲ့ စားချင်စဖွယ်ဖြစ်အောင် ကိတ်မုန့်လေးကို ဖန်တီးကြရအောင်။


ပါဝင်ပစ္စည်းများ
ဂျုံမုန့် – ၄ ခွက်
မုန့်ဖုတ်ဆိုဒါ – ၂ ဇွန်း
မုန့်ဖုတ်ပေါင်ဒါမုန့် -၂ဇွန်း
ဆား – အနည်းငယ်
နို့ချောကလက်ပြား – ၄ ခွက်
နွားနို့ – ၄ခွက်
ပန်းသီးဆော့ – ၄ခွက်
ဗနီလာအနှစ် – ၂ ဇွန်း
ကိုကိုးမှုန့် – ၂ ဇွန်း
ကြက်ဥ – ၁ လုံး
သကြား – ၂ ဇွန်း စတာတွေ လိုအပ်ပါတယ်။




ပထမဦးစွာ ကြွေပန်းကန်အထူ တစ်လုံးထဲမှာ နွားနို့နဲပ နို့ချောကလက်ပြားလေးတွေကို ရောထည့်ပါ။ ထို့နောက် မိုက်ကရိုဝေ့ဖ်ထဲမှာ ၁ မိနစ်ခန့် အပူပေးပြီး အရည်ပျော်အောင် လုပ်ပေးရပါမယ်။




ရလာမယ့် ချောကလက်အနှစ်ထဲမှာ ဗနီလာအနှစ်၊ သကြား၊ ကိုကိုးမှုန့်၊ ပန်းသီးဆော့စ် တို့ကို ရောထည့်ပြီး မွှေပေးပါ။ ထို့နောက် ဂျုံမုန့်၊ မုန့်ဖုတ်ဆိုဒါ၊ မုန့်ဖုတ်ပေါင်ဒါတို့ကို ထည့်ပြီးမွှေပါ။ ကြက်ဥတစ်လုံးကို မုန့်နှစ်ခွက်ထဲ ဖောက်ထည့်ပြီး ခလောက်ပါ။




ထို့နောက်မှာတော့ အဝကျယ်တဲ့ ခွက်အကြီးတစ်လုံးကို ထောပတ်ဆီနည်းနည်း သုတ်လိမ်းပေးပါ။ ပြီးလျှင် ခုဏရထားတဲ့ မုန့်နှစ်ကို ခွက်အကြီးထဲကို လောင်းထည့်လိုက်ပါ။ ခွက်ရဲ့ အောက်မှာ ကြွေပန်းကန်ပြားတစ်ချက်ကို ခံပြီး မိုက်ခရိုဝေ့ဖ် မီးဖိုထဲ ထည့်လိုက်ပါ။




(၂) မိနစ်လောက် Timer ထားပေးပါ။ အချိန်ပြည့်လို့ မီးဖိုထဲက ထုတ်ပြီး နောက်မှာတော့ စားချင်စဖွယ်ဖြစ်နေတဲ့ ကိတ်မုန့်လေးကို မြင်တွေ့ရမှာပါ။ အပေါ်ကနေ ချောကလက် ခရင်မ်ဆမ်း၊ ဘယ်ရီသီး ၅ လုံးလောက်ကို တင်ပေးပြီးရင်တော့ ကော်ဖီပူပူလေးနဲ့ လိုက်ဖက်စွာ သုံးဆောင်နိုင်ပါတယ်။


Ref;sidechef


#ချောကလက်
#စားချင်စဖွယ်
#မုန့်နှစ်
#ပေါင်ဒါ
#နီလာ

Some text some message..