တဂျွတ်ဂျွတ်နဲ့ ဝါးလို့ကောင်းတဲ့ ဝက်ခေါက်ကြော်ကြွပ်ကြွပ်လေးကို အိမ်မှာအဝဆွဲဖို့ ဝက်ခေါက်ပွကြော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ဝက်ခေါက် – 1 kg
၂။ ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
၃။ အချိုမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
၄။ သစ်ဂျပိုးခေါက် – တစ်လက်မခန့်
၅။ နာနတ်ပွင့် – ၃ ပွင့်
၆။ ကရဝေးရွက် – ၅ရွက်
၇။ ဖာလာစေ့ – ၃စေ့
၈။ ဆီ – ဝက်ခေါက်မြုပ်လုနီးပါးထည့်ရန်
ပြင်ဆင်ပုံ
— ဇောက်နက်သော အိုးတစ်လုံးထဲမှာ ဝက်ခေါက်မြုပ်နိုင်ရုံ ရေတစ်ဝက် သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။
– ရေပွက်ပွက် ဆူတာနဲ့ ဝက်ခေါက် ကရဝေးရွက် ဖာလာစေ့ ဆား နာနတ်ပွင့်နှင့် သစ်ဂျပိုးခေါက်ကို ထည့်ပေးပါ။
– အိုးအဖုံးကို အပြည့်မအုပ်ဘဲ မိနစ်၃၀ခန့် ပြုတ်ပေးပါ။
– ဝက်ခေါက်ပြုတ်ထားစဉ် ထွက်လာသော အမြှုပ်များကို ခပ်ပြီးသွန်ပေးပါ။
– အခေါက်ပျော့လာပါက ရေထဲမှဆယ်ပြီး အခေါက်ကို နေရာအနှံ့ ခက်ရင်းဖြင့် လိုက်ထိုးပေးပါ။
– ဝက်ခေါက်မှ ထွက်လာသော အရည်များကို စစ်ပေးပြီး ခြောက်သွားအောင် ၃ နာရီခန့် လေသလပ် ခံပေးထားပါ။
– လေသလပ် ခံထားသော ဝက်ခေါက်များ ရေစစ်သွားပါက မိမိနှစ်သက်သလို အတုံးလေးတွေ လှီးပေးကာ အချိုမှုန့် ဆားတို့နှင့် သင့်တော်သလို နယ်ပေးပါ။
– အရည်များ ထပ်မံထွက်လာနိုင်သေးတဲ့အတွက် အရည်စစ်နိုင်မည့် ဇကာပေါ်မှာ တင်ပေးထားပါ။
– အားလုံး အဆင်သင့် ဖြစ်ပါက ဇောက်နက်ပြီး အိုးအသားထူသော အိုးတစ်လုံးကို အပူပေးပါ
ထိုအိုးထဲကို ဆီထည့်ပြီး အပူပေးပါ။
– ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ လှီးထားသော ဝက်ခေါက်ကို နည်းနည်းခြင်း ထည့်ကြော်ပေးပါ။
– ဆီထဲထည့်ပေးပြီးပါက ဝက်ခေါက်မှ ဝက်ဆီများ ပေါက်ထွက်တတ်တဲ့အတွက် အိုးအဖုံးကို ခပ်ဟဟလေး အုပ်ပေးပြီးမှ ကြော်ပေးပါ။
– နောက်တစ်ဖက် လှန်တော့မယ်ဆိုရင် မီးကိုပိတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ နောက်တစ်ဖက်ကို လှန်ပေးပါ။
– တစ်ဖက်ကို လှန်ပေးပြီးမှ မီးကိုပြန်ဖွင့်ပေးပြီး ဆက်ကြော်ပေးပါ။
– ဆီပေါက်ပြီး လူကိုစင်စေနိုင်တဲ့အတွက် သတိထားပြီး ကြော်ပေးပါ။
– မိမိလှီးထားသော ဝက်ခေါက်အထူ အပါးအပေါ် မူတည်ပြီး ကြော်ချိန်ကို ချင့်ချိန်ပြီး ကြော်ပေးပါ။
– တစ်ခါတရံ မိမိသုံးသော မီးဖို အပူချိန် ကွာဟမှု ရှိနိုင်သောကြောင့် ကြော်ချိန်ကိုလဲ လိုတိုးပိုလျှော့ လုပ်ပေးပါ။
– ဝက်ခေါက်များ မွပြီးကြွတ်လာကာ အညိုရောင်ဘက် သန်းလာပါက ဆီစစ်ဇကာထဲသို့ ဆယ်ပြီးဆီစစ်ပေးပါ။
– ဆီစစ်ပြီး အေးသွားပါက ဝက်ခေါက်ကြော် ကြွပ်ကြွပ်မွှေးမွှေးလေးကို မိမိနှစ်သက်သလို ရှမ်းခေါက်ဆွဲ မုန့်တီနှင့် အချဉ်နှင့် တို့ပြီးစားနိုင်ပါပြီ။
[ Unicode ]
တဂျွတ်ဂျွတ်နဲ့ ဝါးလို့ကောင်းတဲ့ ဝက်ခေါက်ကြော်ကြွပ်ကြွပ်လေးကို အိမ်မှာအဝဆွဲဖို့ ဝက်ခေါက်ပွကြော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ဝက်ခေါက် – 1 kg
၂။ ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
၃။ အချိုမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
၄။ သစ်ဂျပိုးခေါက် – တစ်လက်မခန့်
၅။ နာနတ်ပွင့် – ၃ ပွင့်
၆။ ကရဝေးရွက် – ၅ရွက်
၇။ ဖာလာစေ့ – ၃စေ့
၈။ ဆီ – ဝက်ခေါက်မြုပ်လုနီးပါးထည့်ရန်
ပြင်ဆင်ပုံ
— ဇောက်နက်သော အိုးတစ်လုံးထဲမှာ ဝက်ခေါက်မြုပ်နိုင်ရုံ ရေတစ်ဝက် သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။
– ရေပွက်ပွက် ဆူတာနဲ့ ဝက်ခေါက် ကရဝေးရွက် ဖာလာစေ့ ဆား နာနတ်ပွင့်နှင့် သစ်ဂျပိုးခေါက်ကို ထည့်ပေးပါ။
– အိုးအဖုံးကို အပြည့်မအုပ်ဘဲ မိနစ်၃၀ခန့် ပြုတ်ပေးပါ။
– ဝက်ခေါက်ပြုတ်ထားစဉ် ထွက်လာသော အမြှုပ်များကို ခပ်ပြီးသွန်ပေးပါ။
– အခေါက်ပျော့လာပါက ရေထဲမှဆယ်ပြီး အခေါက်ကို နေရာအနှံ့ ခက်ရင်းဖြင့် လိုက်ထိုးပေးပါ။
– ဝက်ခေါက်မှ ထွက်လာသော အရည်များကို စစ်ပေးပြီး ခြောက်သွားအောင် ၃ နာရီခန့် လေသလပ် ခံပေးထားပါ။
– လေသလပ် ခံထားသော ဝက်ခေါက်များ ရေစစ်သွားပါက မိမိနှစ်သက်သလို အတုံးလေးတွေ လှီးပေးကာ အချိုမှုန့် ဆားတို့နှင့် သင့်တော်သလို နယ်ပေးပါ။
– အရည်များ ထပ်မံထွက်လာနိုင်သေးတဲ့အတွက် အရည်စစ်နိူင်မည့် ဇကာပေါ်မှာ တင်ပေးထားပါ။
– အားလုံး အဆင်သင့် ဖြစ်ပါက ဇောက်နက်ပြီး အိုးအသားထူသော အိုးတစ်လုံးကို အပူပေးပါ
ထိုအိုးထဲကို ဆီထည့်ပြီး အပူပေးပါ။
– ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ လှီးထားသော ဝက်ခေါက်ကို နည်းနည်းခြင်း ထည့်ကြော်ပေးပါ။
– ဆီထဲထည့်ပေးပြီးပါက ဝက်ခေါက်မှ ဝက်ဆီများ ပေါက်ထွက်တတ်တဲ့အတွက် အိုးအဖုံးကို ခပ်ဟဟလေး အုပ်ပေးပြီးမှ ကြော်ပေးပါ။
– နောက်တစ်ဖက် လှန်တော့မယ်ဆိုရင် မီးကိုပိတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ နောက်တစ်ဖက်ကို လှန်ပေးပါ။
– တစ်ဖက်ကို လှန်ပေးပြီးမှ မီးကိုပြန်ဖွင့်ပေးပြီး ဆက်ကြော်ပေးပါ။
– ဆီပေါက်ပြီး လူကိုစင်စေနိူင်တဲ့အတွက် သတိထားပြီး ကြော်ပေးပါ။
– မိမိလှီးထားသော ဝက်ခေါက်အထူ အပါးအပေါ် မူတည်ပြီး ကြော်ချိန်ကို ချင့်ချိန်ပြီး ကြော်ပေးပါ။
– တစ်ခါတရံ မိမိသုံးသော မီးဖို အပူချိန် ကွာဟမှု ရှိနိူင်သောကြောင့် ကြော်ချိန်ကိုလဲ လိုတိုးပိုလျှော့ လုပ်ပေးပါ။

Ref; asianfood