သရက်မှည့်ယို ပြုလုပ်နည်း
trend.com.mm
|
2020-05-15

ပိုလျှံနေတဲ့ သရက်သီးမှည့်တွေကို အလေအလွင့်မရှိစေဖို့ ချိုချိုအိအိ သရက်မှည့်ယိုထိုးနည်းကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သောပစ္စည်းများ
၁။ သရက်သီးအမှည့် – ၁ပိဿာ
၂။ သကြား – ၆ဝကျပ်သား
၃။ သံပုရာရည် – စားပွဲဇွန်း ၄ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်
– မှည့်သောသရက်သီးများကို ရေဆေး၍ အခွံနွှာကာ အတုန်းသေးသေး တုန်းထားပါ။
– သရက်တုန်းများကို သကြား ၄၅ကျပ်သား၊ သံပုရာရည်ရော၍ မီးအေးအေးဖြင့် အပူပေးပါ။
– အမြဲမွှေပေးပါ။ အနည်းငယ် စေးပျစ်လာလျှင် သကြား ၁၅ ကျပ်သားနှင့် သံပုရာရည် ၁ ဇွန်း ထပ်ထည့်၍ ညောင်စေးကျသည်အထိ ကြိုပေးပါ။
– ညောင်စေးကျလျှင် ပုလင်းထဲထည့်ပါ။

ခုဆိုရင်တော့ အအီပြေလေးပဲစားမလား၊ ပေါင်မုန့်ယိုသုတ်လေးပဲစားမလား ဘယ်လိုစားစား စားမဝတဲ့ အရသာရှိရှိ သရက်မှည့်ယိုလေး ရပါပြီနော်။

[ Unicode ]

Ref; asianfood

#သံပုရာ
#သရ
#ညောင်စေးကျ
#ကျပ်သား
#သရက်သီး

Some text some message..