
ဒီတစ်ပတ်မှာတော့ အိမ်မှာနေရင်း အရသာရှိတဲ့ ဟင်းပွဲလေးတစ်ခွက် ပြင်ဆင်နိုင်ဖို့အတွက် ဝက်နံရိုးချက်ပြုလုပ်နည်းကို ပြောပြပေးလိုက်ပါတယ်။
ဝက်နံရိုး – ၄၀၀ ဂရမ်
ကြက်သွန်နီ – ၁ လုံး
Chinese cooking wine – စားပွဲတင်ဇွန်း ၂ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဂျင်း – ၃ ပြား
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၁ ဇွန်း
ခရုဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း
ပဲငံပြာရည်အကြဲ – စားပွဲတင်ဇွန်း ၁ ဇွန်း
ရေ – ၂ ခွက်
ဟင်းအချိုဓာတ် စိမ့်ဝင်မှုကောင်းစေဖို့အတွက် ဝက်နံရိုးတွေကို သေချာ ထုရိုက်ပေးထားပါ။
ထို့နောက် ဆီနည်းနဲနဲဖြင့် ကြက်သွန်ဖြူ ဆီသတ်ပါ။ ကြက်သွန်ဖြူတွေ အရောင်ရဲလာရင်တော့ ဆီထဲက ဖယ်ထုတ်ထားပြီး ဂျင်းပြားလေးတွေကို ကြော်ပါ။ ထို့နောက် ထုထားတဲ့ ဝက်နံရိုးတွေကို ဆီပူထဲမှာ ထည့်ကြော်ပေးပါ။

ကြော်နေစဉ်မှာပဲ သကြား၊ခရုဆီ၊ ပဲငံပြာရည်အကြဲ၊ပဲငံပြာရည်တို့ကို ထည့်ပေးပါ။ အားလုံးရောကြော်ပေးပြီးရင်တော့ ရေထည့်ပေးရပါမယ်။ထို့နောက်မှာတော့ ခုန ဖယ်ထားခဲ့တဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းပြားလေးတွေကို ထည့်ပေးပြီး မီးအေးအေးဖြင့် ပေါင်းထားပါ။
ကျက်ခါနီးရင်တော့ နှမ်းဆီနှင့် Chinese cooking wine လေးထည့်ပေးလိုက်မယ်ဆိုရင် အရသာတမူထူးခြားတဲ့ ဝက်နံရိုးချက်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Ref;chinese foodie