သူငယ်ချင်းတွေနှင့် ပျော်ပျော်ပါးပါးအပြင်ထွက်ပြီး မုန့်စားကြမယ်ဆိုရင်တော့ ဟော့ပေါ့ဆိုင်ကို အရွေးသင့်ဆုံးပါပဲ။အရသာရှိတာလေးတွေကို စားနေရတဲ့ အချိန်မှာ သူငယ်ချင်းတွေနှင့် စကားပြောရတာဟာ ပျော်ဖို့အကောင်းဆုံးအချိန်ပါပဲ။ဟော့ပေါ့ဆိုင်တွေကလည်း မြန်မာနိုင်ငံအနှံ့မှာ ဆိုင်ပေါင်းများစွာရွေးချယ်စရာရှိပြီး ရန်ကုန်မှာဆိုရင်လည်း နာမည်ကြီးဟော့ပေါ့ဆိုင်မြောက်များစွာကို ရွေးချယ်စရာရှိပါတယ်။ ဟော့ပေါ့ဆိုင်ကို ရွေးချယ်တဲ့အခါမှာလည်းရွေးချယ်စရာနှစ်မျိုးရှိပြီး A-La-Carte နှင့် Buffet ဆိုပြီး ရွေးချယ်နိုင်ပါတယ်။
တစ်ယောက်တည်း စိတ်ပြေလက်ပျောက် ဟော့ပေါ့စားမယ်ဆိုရင်တော့ A-La-Carte ဆိုင်တွေကို ရွေးချယ်သင့်ပေမယ့် သူငယ်ချင်းတွေနှင့် အတူတူပျော်ပျော်ပါးပါးစားမယ်ဆိုရင်တော့ Buffet ရမယ့် ဆိုင်လေးတွေကို ရွေးချယ်သင့်ပါတယ်။ဟော့ပေါ့စားမယ်ဆိုရင် ဈေးနှုန်းကလည်း အနည်းဆုံး ၁၀၀၀၀ အထက်မှာရှိတာဖြစ်တာကြောင့် ပေးရတဲ့ ဈေးနှုန်းနှင့် တန်ပြီး အရသာကောင်းကောင်းမွန်မွန်ကို စားရအောင် ဘယ်လို ရွေးချယ်စားသုံးမလည်းဆိုတာကို မြန်မာ့ပလက်ဖောင်းရဲ့ အစားအသောက်ချစ်မြတ်နိုးသူ Foodie တို့အတွက် မျှဝေပေးလိုက်ရပါတယ်။
၁။ရွေးချယ်ပါ။
ဟော့ပေ့ါတစ်ပွဲ အရသာကို အဓိကပေးစွမ်းနိင်တာကတော့ Soup Base ဖြစ်ပါတယ်။ ဆိုင်ကွဲပြားမှုအပေါ်မူတည်ပြီး Soup Base အမျိုးအစားတွေကလည်းကွာခြားပါတယ်။အများအားဖြင့် ကြက်သားပြုတ်ရည်၊တုန်ယမ်း၊မာလာစီချွမ် ဆိုပြီး ဆိုင်တိုင်းလိုလိုမှာရလေ့ရှိပါတယ်။အရသာနှစ်မျိုး မြည်းစမ်းကြည့်ချင်သူတွေကတော့ divided pot လေးကို ရွေးချယ်ပြီး အရသာနှစ်မျိုးကို သောက်နိုင်ပါတယ်။ကိုယ်ရွေူးချယ်လိုက်တဲ့ Base Soup ရဲ့ မူလအရသာနှင့် ထည့်သွင်းစားသုံးမယ့် အစားအသောက်တို့ရဲ့ အရသာနှင့် ပေါင်းစပ်သွားမှာဖြစ်တာကြောင့် Base Soupကို ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာကို ကြိုရှာထားသင့်ပါတယ်။ အခု ဟော့ပေ့ါကို စ Try ကြည့်မယ့်သူတွေအနေနှင့် Divided Pot နှင့် အရသာတွေကို များများမြည်းစမ်းထားသင့်ပါတယ်။ဒါမှသာ ကိုယ်ရဲ့ အကြိုက်နှင့် လိုက်ဖက်မယ့် Base Soup ကို သိလာမှပါ။
၂။အသားရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။
ဟော့ပေါ့စားသုံးရာတွင် လူကြိုက်အများဆုံးအသားကတော့ အမဲသားလွှာဖြစ်ပြီး ပြုတ်ရလွယ်တာကြောင့် ရွေးချယ်မှုအများဆုံးပဲဖြစ်ပါတယ်။အမဲသားနှင့် Base Soup အရသာရောနှောသွားရင်လည်း အသားရဲ့ ချိုတဲ့ အရသာထွက်ပေါ်လာပြီး ဟော့ပေါ့ရဲ့ ကောင်းမွန်တဲ့ အရသာကို ခံစားနိင်မှာပါ။မိမိကြိုက်နှစ်သက်တဲ့ အသားလွှာကို ရွေးချယ်နိင်ပြီး အသားလွှာကိုလတ်လတ်ဆတ်ဆတ်ရနိုင်တဲ့ ဆိုင်ကိုတော့ သေချာရွေးသင့်ပါတယ်။အသားလွှာများကိုသာ အများဆုံး ထည့်စားသင့်ပြီး အသားလုံးများကိုတော့ များများထည့်ပြီး မစားသုံးသင့်ပါဘူး။အသားလုံးများများထည့်စားမိသွားရင် ဟော့ပေါ့ရဲ့ အရသာကို မခံစားရတော့ဘဲ သင့်ကို အီလည်လည်ဖြစ်သွားစေနိင်ပါတယ်။
၃။အသီးအရွက်အစုံရွေးချယ်ပါ။
ဟော့ပေါ့ထဲ ထည့်စားဖို့အတွက် အလိုက်ဖက်ဆုံးအသီးအရွက်တွေကတော့ မှို၊ရွှေဖရုံသီး၊အာလူးစတာတွေပဲဖြစ်ပါတယ်။ အသီးအရွက်တွေကနေနှင့် ဟော့ပေါ့ရဲ့ အရသာကို ပိုကောင်းမွန်စေတာကြောင့် အသီးအရွက်တွေလည်း ထည့်သင့်ပါတယ်။
၄။လိုအပ်တဲ့ ပစ္စည်းများထပ်မံထည့်ပါ။
ခေါက်ဆွဲ၊ကြာဆံစတာတွေကို ကြိုက်နှစ်သက်ရင် ထပ်မံရွေးချယ်နိင်ပါသေးတယ်။ အသားနှင့်အရည်ကို အဓိက စားချင်ရင်တော့ ကြာဆံကို ရွေးချယ်သင့်ပြီး ခေါက်ဆွဲကိုတော့ ကြိုက်နှစ်သက်သူတွေပဲရွေးချယ်ဖို့အကြံပြုချင်ပါတယ်။ဟော့ပေါ့ထဲကို ကြက်ဥထည့်စားတာကလည်း ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။
အခုပြောပြပေးခဲ့တာတွေကတော့ ဟော့ပေါ့ကို ပေးရတဲ့ ဈေးနှင့်တန်အောင် အရသာရှိရှိစားသုံးနိင်မယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။