မွှေးနှစ်ပြီးနူးညံ့နေတဲ့ နို့ပူတင်းပူပူအိအိပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်းများ
၁။ နွားနို့- 160ml ( နွားနို့မသုံးရင် အုန်းနို့ကို အစားထိုးသုံးလည်းရပါတယ် )
၂။ သကြား -၂ဇွန်း
၃။ နို့စိမ်း – 40ml
၄။ ရေ – 300ml
၅။ Jelly powder-100ml
ပြုလုပ်နည်း
၁။ ပထမဦးဆုံး ရေအရင်ကျိုပါ။
၂။ ပြီးရင် ဂျယ်လီမှုန့်ထည့်ပါ။
၃။ ထိုနောက်မွှေပြီးဆူတာနှင့် …နွားနို့၊ နို့စိမ်၊း သကြားအားလုံးရောကျိုပါ။
၄။ ၁၀မိနစ်ခန့်ရှိလောက်ရင် အချိုအရသာမြည်း၍ ဗန်းထဲ သို့မဟုတ် မုန့်လုပ်ခွက်မှာ အအေးခံလိုက်ပါ။ ပြီးရင် နှစ်သက်သလို ပုံဖော်လှီးလိုက်ပါ။
ခုဆိုရင်တော့ မွှေးအိနေတဲ့ နို့ပူတင်းလေးကို ကော်ဖီနဲ့ပဲ သောက်မလား၊ ဒီတိုင်းပဲလား ဘယ်လိုပဲစားစား အရသာရှိတဲ့ ပူတင်းအိအိကို သုံးဆောင်နိုင်ပါပြီနော်။
[ Unicode ]

Ref; asianfood