
ရက် ၃၀မှာ ပေါင် ၄၀ ကျနိုင်ပါသလား။ စိတ်ချရပြီး မခွဲမစိတ်ဘဲ ကျမယ့်နည်းလမ်းကတော့ ကျန်းမာစွာ နေထိုင်ပြီး ဝိတ်ချခြင်းပါပဲ။ တစ်နေ့ကို ကယ်လိုရီ ၁၂၀၀ အောက် စားမယ်ဆိုရင် ကျန်းမာရေးကို မထိခိုက်စေဘဲ ဝိတ်ကျနိုင်မယ့် စားသောက်နေထိုင်နည်းလို့ ဆိုရပါမယ်။
Weight Loss Diet Plan တွေ မလုပ်ခင် အမြဲ သတိပေးနေကျလေးကိုတော့ ထည့်ပြောပါဦးမယ်။ Plan မှာ ပါတဲ့ အစားအစာတွေထဲမှာ ကိုယ်နဲ့ မတည့်တဲ့ အစားအစာ တွေ ပါနေတာမျိုး ဒါမှမဟုတ် ရောဂါတစ်မျိုးမျိုးကို ခံစားနေရသူတွေနဲ့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေ အနေနဲ့ ဘယ် ဝိတ်ချနည်းကိုမှ မစမ်းသင့်ပါဘူး။
ဂရိတ်ဖရု Diet
ဂရိတ်ဖရုဟာ အဆီကို လောင်ကျွမ်းစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ကယ်လိုရီနည်းနည်းပဲ ပါဝင်တဲ့ အတွက် diet plan တွေထဲမှာ ဂရိတ်ဖရုကို ထည့်သွင်းပြီး စားကြပါတယ်။ ဂရိတ်ဖရုသီးကို အရည်ညှစ်ပြီး အစားမစားခင်တိုင်း သောက်ပေးရပါမယ်။
Diet Plan အတွင်း စားဖို့ ခွင့်ပြုတာတွေကတော့
ဆား၊ ငရုတ်သီး
ပရိုတင်း ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ မုန့်ပဲသရေစာ (၁၅-၂၀ အောင်စ)
Diet Soda ဒါမှမဟုတ် အချိုမပါတဲ့ လက်ဖက်ရည်
Lemon Water(သံပုယိုသီးကို ရေစိမ်ထားတဲ့ရေ) ၊ အသီးအရွက်နဲ့ အသား
ရှောင်ရှားသင့်တဲ့ အစားအစာ
ဆီ၊ ထောပတ်
အကင်နဲ့ ဟော့ဒေါ့ သကွား
ပထမရက် မနက်စာ
ဂရိတ်ဖရုသီး တစ်ခြမ်း
ပေါင်မုန့်မီးကင် တစ်ချပ်
Peanut Butter လက်ဖက်ရည်ဇွန်း ၂ဇွန်း
ပထမရက် နေ့လည်စာ
တူနာငါး ပန်းကန်လုံးသေး တစ်ဝက်
ပေါင်မုန့်မီးကင် တစ်ချမပ်ေ
ကာ်ဖီ ဒါမှမဟုတ် လက်ဖက်ရည်
ပထမရကျ ညစာ
ကြက်သား၊ အမဲသား၊ ဝက်သား(အသားချည်း) ၃အောင်စ
ပဲစိမ်း ခွက်သေး တစ်ခွက် (ပဲစေ့စိမ်း မစားနိုင်ရင် အခြားပဲ စားလို့ရပါတယ်)
ရေခဲမုန့် တစ်ခွက်
သရစောကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးရတဲ့ အတွက် သင့်ကို အစုံစားခိုင်းမှာ ဖြစ်ပါတယ်။ အခု ပထမရက် သရေစာကတော့ ရေခဲမုန့် တစ်ခွက်ပါ။****အထူးသတိပြုရမှာကတော့ တစ်နေ့လုံး စားတဲ့ အထဲမှာ သင်အရင် စားနေကြအရာတွေနဲ့ ဆီတွေကို မစားမိစေဖို့ပါပဲ။
ဒုတိယရက် မနက်စာ
ကွကျဥတဈလုံး
ငှက်ပျောသီး တစ်ဝက်ေ
ပါင်မုန့်မီးကင် တစ်ချပ်
ဒုတိယရက် နေ့လည်စာ
Cottage ချိစ် ခွက်တစ်ခွက်
ခရက်ကာ ၅ချပ်
ဒုတိယရက် ညစာ
ဟော့ဒေါ့ နှစ်ချောင်း
မုန်လာဥနီ အရွယ်တော် တစ်လုံး
ပန်းပွင့်စိမ်း တစ်ခြမ်း
ငှက်ပျောသီး တစ်ခြမ်း
ဗီနီလာ ရေခဲမုန့် ခွက်တစ်ဝက်အသီးအရွက်တွေကို ပြုတ်စား ကင်စားလို့ရပါတယ်။
တတိယရက် မနက်စာ
ကြက်ဥပြုတ် တစ်လုံး
ပေါင်မုန့်မီးကင် တစ်ချပ်
တတိယရက် နေ့လည်စာ
ပန်းသီး အသေးတစ်လုံး
ပေါင်မုန့်မီးကင် တစ်ချပ်
ခရက်ကာ ၅ချပ်
တတိယရက် ညစာ
တူနာငါး တစ်ခွက်
ပန်းဂေါ်ဖီ
သခွားမွှေး
ရေခဲမုန့်တစ်ခွက်
ပြုလုပ်ရမည့် လေ့ကျင့်ခန်းများ ကိုယ်ရည်မှန်းထားတဲ့ အလေးချိန်အတိုင်း ကျဖို့ ဆိုရင် ကိုယ်လက်လှုပ်ရှားမှု တစ်ခု ရှိကို ရှိရပါမယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ အားကစား တစ်ခုခု လုပ်ပေးပါ။ အနည်းဆုံးတော့ လမ်းလျှောက်ပါ။ ခပ်ဖြေးဖြေး ပြေးပါ။
တစ်နေ့ကို ရေ ၃လီတာ သောက်ပါ။
Diet Plan ၃ရက် ပြီးတဲ့နောက်မှာတော့ အသီးအရွက်နဲ့ အစေ့အဆန် များများစားပါ။ အနီရောင်ရှိတဲ့ အသားတွေကို တစ်လမှာ ဘယ်လောက်စားမယ်ဆိုပြီး ချိန်စားပါ။ ငါးကိုတော့ မကြာခဏ စားပေးပါ။ ကြက်ဥ၊ ဒိန်ချဉ်တို့ စားပေးပါ ထောပတ်အဆီတွေ နေရာမှာ သံလွင်ဆီကို အစားထိုးစားပေးပါ။ ဆီ လျှော့စားပါ။ တတ်နိုင်သမျှ အချိုမှုန်နဲ့ သကြားရှောင်ပါ။
သုံးရက်စားပြီး ၄ရက်နားပြီးမှာ ပြန်စ စားပါ။ တစ်လ ဒီနည်းအတိုင်း စနစ်တကျ လုပ်မယ်ဆိုရင်တော့ ကိုယ်ရည်မှန်းထားတဲ့ ကိုယ်အလေးချိန်ကို ရရှိပါလိမ့်မယ်။
Source: caloriebee – weightloss sharing
The post
ရက် ၃၀ အတွင်းမှာ ပေါင် ၄၀ လောက်ကျသွားစေမယ့် Diet Plan
appeared first on
MyStyle Myanmar
.