
အစားအသောက်ကို မကုန်ဘဲ ကျန်နေတာတွေ၊မစားဘဲ ဖြုန်းတီးမိတာတွေဟာ သိပ်ကို နှမြောစရာကောင်းပါတယ်။သိမ်းဆည်းလို့ရတဲ့ အစားအသောက်တွေကို သိမ်းဆည်းခြင်းဟာ အစားအသောက်အပေါ်တန်ဖိုးထားရာရောက်သလို ချွေတာရာလည်းကျပါတယ်။ဒီတစ်ခေါက်မှာတော့ နှစ်နှင့်ချီသိမ်းဆည်းထားတာတောင် မပျက်စီးနိင်တဲ့ အစားအစာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ဘယ်ရီသီးများ
ဘယ်ရီသီးများကို အစားအသောက်ချက်တဲ့ အခါတွေမှာ အရသာကောင်းမွန်စေဖို့အတွက် အသုံးပြုနိင်ပါတယ်။ဘယ်ရီသီးများဟာ သူတို့ကို စနစ်တကျ သိမ်းဆည်းပေးမယ်ဆိုရင်တော့ တစ်နှစ်အထိ ခံနိင်တာပဲဖြစ်ပါတယ်။ ဘယ်ရီသီးများကို တစ်နှစ်အထိ အထားခံအောင် သိမ်းဆည်းနည်းကတော့ ရေခဲရေနှင့် ပြောင်စင်အောင် ဆေးကြောပေးပြီး ရေခဲသေတ္တာထဲမှာ အခဲခံပြီးသိမ်းဆည်းရမှာပါ။
၂။မုန်လာဥနီ
မုန်လာဥနီဟာ နှစ်ပေါင်းများစွာကြာအောင် မပျက်စီးနိုင်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။မုန်လာဥနီကို နှစ်ပေါင်းများစွာ မပျက်စီးစေဖို့အတွက် အချပ်ငယ်များ အဖြစ် ခြစ်ထားကာ နေခြောက်လှမ်းထားပြီး သိမ်းဆည်းထားနိင်ပါတယ်။ မုန်လာဦနီမှာရှိတဲ့ ရေဓာတ်များ ခမ်းခြောက်သွားပြီး ၂၅နှစ်အထိ ကြာအောင် မပျက်မစီးဘဲ သိမ်းဆည်းထားနိင်ပါတယ်။
၃။ပန်းသီး
ပန်းသီးကို နှစ်ပေါင်းများစွာကြာအောင် သိမ်းဆည်းနည်းကလည်း မုန်လာဥနီကို သိမ်းဆည်းသလို နည်းလမ်းပါပဲ။ပန်းသီးကို အချပ်ငယ်များ ဖြစ်အောင် လှီးထားပြီး နေခြောက်လှမ်းထားပြီးမှ သိမ်းဆည်းရမှာပါ။ဒီနည်းလမ်းနှင့် သိမ်းဆည်းရင် ပန်းသီးဟာနှစ်ပေါင်း ၂၀ကျော်ကြာအောင် ထိ အထားခံတာပဲဖြစ်ပါတယ်။
၄။အစေ့အဆန်များ
အစေ့အဆန်များကို စနစ်တကျ သိမ်းဆည်းထားမယ်ဆိုရင်တော့ ၁နှစ်အထိ မပျက်မစီးဘဲ အထားခံနိုင်ပါတယ်။အစေ့အဆန်များကို နှစ်ကြာတဲ့အထိ သိမ်းဆည်းမယ်ဆိုရင် ပလတ်စတစ်အိတ်ထဲကို လေလုံးဝမဝင်အောင် ပိတ်ထားပြီးရေခဲသေတ္တာထဲမှာပဲ အအေးခံပြီး သိမ်းဆည်းပေးရမှာပါ။
၅။ပျားရည်
ကျန်းမာရေးအတွက် အများကြီး ကောင်းကျိုး ပေးနိင်တဲ့ ပျားရည်ကိုတော့ နှစ်ပေါင်းများစွာကြာအောင် သိမ်းဆည်းနိင်ပါတယ်။ စနစ်တကျ သိမ်းဆည်းရင် နှစ်ပေါင်းရာနှင့်ချီအောင် တောင် အထားခံတာပဲဖြစ်ပါတယ်။