Day of Coffee (Part 1)
yathar.com
|
2020-06-08

မိုးတွင်းလေး ဝင်လာပြီဆိုတော့ Coffee လေးသောက် ပြီး စာအုပ်လေး ဖတ် ဇိမ်ယူနေလိုက်ရ ရင်ကောင်းစွ။

ဝါး ….. Coffee လေးက သောက်လို့ ကောင်းလိုက်တာ ကုန်သွားပြန်ပြီ တစ်ခွက် ၊ ဟာ Coffee လည်း မရှိတော့ဝူး ထပ်ဖျော်စရာ ၊ Delivery နဲ့ မှာ မလို။ ဒါ နဲ့ ငါသောက်တဲ့ Coffee က ဘာအမျိုးအစားပါလိမ့်။

Coffee အကြောင်းလေး တီးခေါက် မိ အောင် Google ခေါက် ကြည့်လိုက်တယ်။

ကိုယ်ကြိုက်တဲ့ Hot Coffee မှာတောင် အမျိုးအစား (16) မျိုးတောင် ရှိနေတာပဲ။

ဒီနေ့ တော့ Hot Coffee ၉ မျိုး အကြောင်းပြောပြမှာ မှာ ဗျ။

(၁) Black Coffee

Coffee တွေ ထဲမှာ လူကြိုက်တော်တော်များတယ် ၊ Classic ဆန်ဆန် နဲ့ လွယ်လွယ်ကူကူ ဆိုင်မှာရော အိမ်မှာပါ အလွယ်တကူ ပြုလုပ်လို့ရတဲ့ Coffee ပါ။




(၂) Latte

Latte Coffee ကတော့ လူကြိုက်အများဆုံးလို့ ပြောလို့တာပေါ့ ၊ Espresso နဲ့ နို့ ကို Mix လုပ်ထားတဲ့ Coffee Type အမျိုးအစားပါ။ Latte ကို plain ဒါမှ မဟုတ် Flavor တစ်မျိုးမျိုးနဲ့ တွဲ ပီး သောက်သုံးနိုင်ပါတယ်။




(၃) Cappuccino

Cappuccino Coffee ဆိုရင် ဖြစ် Coffee Girl လေးတွေ ရဲ့ အသဲစွဲ ။ အမြုပ်လေးတွေနဲ့ ။

Latte ကို Milk ထက် ကိုကိုး အမုန့်နဲ့ ပြုလုပ်ချင်းဖြစ် အမြုပ် ပိုများသော Cappuccino ကို ရပြီပေါ့။




(၄) Americano

Coffee အပြင်းစားဖြစ်တဲ့ Espresso ကို ရှင်းရှင်းပြောရင် ရေနွေးရောထားတာဗျာ။ အရသာက တော့ Black Coffee လိုမျိုးလေး ခါးသက်သက် ပြင်းရှရှလေး ။




(၅) Espresso

ကျွန်တော် အကြိုက် ဆုံး ပါပဲ ဗျ။ ခါးသက်မှု အရသာကို အထိမိဆုံး ခံစားရတာ ရယ်။ Coffee ရဲ့ သဘာဝကို ကြိုက်တာ ရယ် နှစ်ခုပေါ့။




(၆) Doppio

တစ်ခါ လေ စိတ်အရမ်းညစ်တဲ့ အချိန် သောက်ကြည့် ၊ Double Espresso ဆိုတော့ ခါးသက်မှု ကို အထိအရောက်ခံစားရမှာနော်။




(၇) Cortado

Yin နဲ့ Yum ရဲ့ ပေါင်းစပ်မှု လိုပါပဲ ၊ Cortado ဟာ Espresso နဲ့ Milk ကကကို အချိုးကျ ရောစပ်ထားတဲ့ Coffee ပါ။




(၈) Red Eye

Mide Night Flight လို့ ရင်ကို ခုန်စေ တဲ့ Coffee မျိုး ၊ Espresso ကို Double Shot ပါနေတဲ့ Hard Style ဆန်တာမျိုး။




(၉) Galao

ပေါ်တူဂီ ဆန်တဲ့ Coffee မျိုးလေး ၊ Latte နဲ့ Cappuccino ရောစပ်ထားတဲ့ ပုံစံလေး ဆိုပေမယ့် ပို Smooth ဖြစ်အောင် Cream များများပါပါတယ်နော်။


Yathar Application Download Link Booking ပြုလုပ်နည်း Discount Coupon အသုံးပြုနည်း

#အမျိုးအစား
#အရသာ
#အပြင်း
#မိုးတွင်း
#ပေါ်တူဂီ

Some text some message..