အချိုပွဲအတွက် ပျစ်နှစ်နေတဲ့ မလိုင်လုံးအီအီလေးကို အိမ်မှာအဝဆွဲဖို့ မလိုင်ဆိမ့်ဆိမ့်လုံးပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း(အလုံး ၃၅လုံး)
********
နွားနို့ခဲ – ၄၀၀ ဂရမ်
ဂျုံ – ၆၀ ဂရမ်
နို့မှုန့် – ၃၀ ဂရမ်
ဆော်ဒါ – ဇွန်းတဝက် လ္ဘက်ဇွန်း
ကြော်ရန်ဆီ
သကြားရည်
*********
သကြား – ၆၀၀ ဂရမ်
ရေ – ၆၀၀ ml
ဖာလာစေ့ – ၃စေ့
သံပုရာသီး – တစ်စိတ်
ပြင်ဆင်ပြုလုပ်ပုံ
***********
ပြုလုပ်နည်း
1.လွယ်ကူတဲ့နည်းအဖြစ်နွားနို့ခဲကိုအသုံးပြုထားခြင်းဖြစ်ပါတယ်။ဇလုံတခုတွင်နွားနို့ခဲကိုလက်ဖြင့်ြေ ကအောင်ခြေထားပါ။
2.ဂျုံမှုန့်နို့မှုန့်နှင့်ဆော်ဒါထည့်ပြီးသမအောင်နယ်ပါ။
3.အားလုံးသမအောင်နယ်ပြီးပါကအသားကြိတ်စက်ဖြင့်မွနေအောင်ကြိတ်ပေးပါ။(ကြိတ်စက်အဆင်မပြေပါကလက်ဖြင့်ကြေညက်နေအောင်ခြေပေးဖို့လိုပါတယ်)
4.ကြိတ်ပြီးပါကအနေတော်အလုံးလေးများကိုချောမွေ့နေအောင်ဖွဖွလုံးပေးပါ။
5.လုံးနေစဉ်တဖက်မှသကြားရည်ကျိုထားပေးပါ။သကြားရည်ကျိုမည့်အိုးတွင်သကြားဖာလာစေ့ရေနှင့်သံပုရာသီးညစ်ပြီးဆူပွက်အောင်ကျိုပါ။
6.သကြားပျော်သွားပါကမီးလျော့ပြီးဆယ်မိနစ်ခန့်တည်ထားပါ။သကြားရည်ကိုလက်ဖြင့်ကိုင်ပြီးစမ်းကြည့်ပါကစေးပျစ်သည့်အနေအထားရပါကမီးပိတ်ထားပါ။
7.ပြီးလျှင်ဆီအိုးတည်ပြီးလုံးထားသောမလိုင်လုံးလေးများကိုထည့်ပြီးနီညိုရောင်သမ်းသည်ထိကြော်ပေးပါ။အရောင်ညီစေရန်အဆက်မပျက်မွေပေးပါ။
8.နီညိုရောင်သမ်းပါကဆယ်ယူဆီစစ်ကာအသင့်ကျိုပြီးသားသကြားရည်ပူပူထဲသို့စိမ်ပေးပါ။
9.လက်ကျန်မလိုင်လုံးများကိုလည်းအထက်ပါအတိုင်းကြော်ပြီးသကြားရည်တွင်စိမ်ပါ။
10.အားလုံးကြော်ပြီးစိမ်ပြီးပါကသကြားရည်အိုးကိုပြန်လည်အပူပေးပါ။(ဆူပွက်ရန်မလို)ပူလာပါကမီးပိတ်အဖုံးအုပ်ကာမလိုင်လုံးများသကြားရည်စုပ်သွားအောင်နှစ်နာရီခန့်စိမ်ထားပြီးနှစ်ဆခန့်ပွလာပါကအအေးခံကာနူးအိချိုစိမ့်နေသောမလိုင်လုံးကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
[ Unicode ]

သကွား – ၆၀၀ ဂရမျ

Ref; asianfood