အာလူးပူတီပြုလုပ်နည်း
trend.com.mm
|
2020-06-10

အရသာကောင်းကောင်းလေးနဲ့ အာလူးပူတီလေး လုပ်စားလို့ရအောင်ချက်ပြုတ်နည်းလေးတင်ပေးလိုက်ပါတယ်။




ကြက်သားဟင်းချက်ရန် ပါဝင်ပစ္စည်းများ


ကြက်သား – 250g
အာလူး – အလုံးကြီးကြီး ၂လုံး
ကြက်သွန်နီ – အနေတော် တဥ
ကြက်သွန်ဖြူ – အမွှာကြီးကြီး ၃မွှာ
ချင်း – လက်တဆစ်ခန့်
ငါးငံပြာရည် – ထမင်းစားဇွန်း တဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တဝက်သာသာ
ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဇွန်း
ငရုတ်သီးအရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တဇွန်း
ဆီ – ထမင်းစားဇွန်း ၄ဇွန်း
ပျဉ်းတော်သိမ်းရွက် – အခက်ကြီးကြီး ၂ခက်
နံနံပင် – အနေတော် ၃ပင်
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ဟင်းချက်ရန်ပြင်ဆင်ပုံ
ကြက်သားကို အနေတော်တုံးကာ ဆား နနွင်း ကြက်သားမှုန့်တို့နှင့် နယ်ထားပါ
ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ထေားင်းထားပါ
ဇောက်နက်သော အိုးတလုံးကို ပူအောင် အပူပေးပြီး ဆီထည့်ပါ
ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နီ ချင်းထောင်း ပျဉ်းတော်သိမ်းရွက် နံနံပင်တို့ကို ထည့်ပြီး ဆီသတ်ပေးပါ
ဆီသတ်နံ့မွှေးလာတာနဲ့ ကြက်သားကိုထည့်ပြီး ဆီသတ်ပါ
ကြက်သားကို လုံးမိအောင် တည်ပေးပြီး ရေမြုပ်အောင် ထည့်ပြီး တည်ပေးပါ
ပထမတရည် ခမ်းတာနဲ့ အာလူးကို ထည့်ပြီး မွှေပေးပါ
အာလူးကို ရေမြုပ်အောင် ထည့်ပြီး အာလူး နူးအောင် တည်ပေးကာ ငံပြာရည်ထည့်ကာ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
အရည်များများ လိုချင်ပါက ဟင်းရည်ကို လိုသလောက် အနေထားပြီး အရသာကို လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
ပူရီကြော်ရန် ပါဝင်ပစ္စည်းများ
750ml Plain flour
1/4 tsp baking powder
1/2 tsp dry yeast
1/2 tsp salt
5tbs oil
250ml water
1litre Vegetable oil
စားပွဲပေါ်ဖြူးရန် ဂျုံမှုန့် ထမင်းစားဇွန်း တဇွန်း


ပြင်ဆင်ပုံ
ဇလုံတလုံးထဲမှာ salt dry yeast baking power တို့ကို ထည့်ပြီး ဇွန်းနဲ့ သမအောင် မွှေပေးပါ
ထိုဇလုံထဲကို ဂျုံမှုန့်ထည့်ပြီး သမအောင် မွှေပေးပါ
ပြီးတာနဲ့ ဆီနှင့်ရေကို ထည့်ပြီး လက်ဖက်၂ဖက်နှင့် ၁၅မိနစ်လောက်နယ်ပေးပါ
လက်မှာ မကပ်တော့ထိ နယ်ပေးပြီး cling wrap နှင့်ထုတ်ကာ အခန်းရဲ့ အအေးဆုံးနေရာမှာ တနာရီလောက် ထားပေးပါ
ဂျုံသားနှပ်တာ တနာရီပြည့်တာနဲ့ ဆီကို အပူပေးပါ
မျက်နှာပြင်ညီသော စားပွဲပေါ်ကို ဂျုံမှုန့်ဖြူးပေးပါ
ဂျုံသားကို ကွမ်းသီးလုံးလောက်အနေ နည်းနည်းဆီ ဖဲ့ယူပြီး ဖြူးထားသော ဂျုံမှုန့်ပေါ်တင်ကာ မုန့်သားလှိမ့်သော ဒလိမ့်တုံးနှင့် ဘယ်ပြန်ညာပြန် အချက် ၄၀ကျော်လောက် လှိမ့်ပေးပြီး ဆီပူအိုးထဲ ထည့်ကြော်ပါ
ဆီအိုးထဲ လှိမ့်ထားသော ဂျုံပြားထည့်ပြီးတာနဲ့ ပူရီဖောင်းဖောင်းလေး ရစေရန် ဂျုံပြားအပေါ် ဆီပူနှင့် အဆက်မပြတ် ပက်ပေးပါ
ဂျုံပြားဖောင်းတက်လာပြီး ရွှေအိုရောင်သန်းလာတာနဲ့ ဆယ်ပြီး ဆီစစ်ပေးပါ
ထိုနည်းအတိုင်း ဂျုံသားကုန်တဲ့အထိ ကြော်ပေးပါ
တွဲဖက်စားရန် အသီးအရွက်
ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ
ပူစီနမ် သံပုရာသီး ငရုတ်သီးစိမ်း သံပုရာသီးတို့ကို ပြင်ထားပါ
တပွဲစာ ပူရီတခုနှင့် ကြက်သားအာလူး အသီးအရွက်တို့ကို နှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။


Ref;FOODIE


#ဂျုံမှုန့်
#အာလူး
#လက်ဖက်ရည်ဇွန်း
#ထမင်းစားဇွန်း
#ဇလုံ

Some text some message..