
အိမ်မှာလွယ်လွယ်ကူကူလေးလုပ်စားလို့ရတဲ့ အာလူးသုပ်လုပ်နည်းလေးကိုပြောပြလိုက်ပါတယ်။
လိုအပ်တာတွေကတော့

. အာလူး ၃ လုံး(၄၀၀ ဂရမ်)
. မုန်လာဥနီ ၁လုံးရဲ့ ၁/၃ (၄ဝ ဂရမ်)
. သခွားသီး ၁ လုံး
. ကြက်သွန်နီ ၂ဝ ဂရမ်
ပထမဆုံးအနေနဲ့ အရသာရည်လေးကို အရင်လုပ်ရပါမယ်။
. ရှာလကာရည်
လက်ဖက်ရည်ဇွန်း ၁ ဇွန်း
. ဆား လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
. ငရုပ်ကောင်း အနည်းငယ်
ဒုတိယအနေနဲ့တော့ အပေါ်ကဆမ်းစားဖို့အနှစ်ကို ပြုလုပ်ရပါမယ်။
. မရိုးနီစ် ၇ဝ ဂရမ်
. မာစတာ့ဒ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(ခပ်ရှိန်းရှိန်းအရသာရှိသောအဝါရောင်
စားမြိန်ရည်အပျစ်)
. သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
အဲ့ဒီနောက်မှာတော့
အာလူးကိုအခွံနွှာပြီး အရှည်လိုက် ၄စိတ် စိတ်ပါ။ အဲဒီ၄စိတ်ကို ထပ်ပြီး ၂စင်တီမီတာအထူ အပြားဖြစ်အောင် ကန့်လန့်ဖြတ် လှီးပါ။ အာလူးပြားလေးတွေက ခေါက်ယပ်တောင်ကို ဖွင့်ထားတဲ့ ပုံစံမျိုးဖြစ်နေပါလိမ့်မယ်။ လှီးထားတဲ့ အာလူးတွေကို ရေထဲမှာ ၁-၂မိနစ်လောက် စိမ်ထားပြီး ရေစစ်လိုက်ပါ။ မုန်လာဥနီကို အခွံနွှာပြီး ၄စိတ် စိတ်ပါ။ ပြီးရင် အထူ ၅မီလီမီတာ ရှိတဲ့ အပြားလေးတွေ ဖြစ်အောင် လှီးပါ။
အာလူးတွေကို ပေါင်းအိုးထဲစီထည့်ပြီး ၁၆-၂ဝမိနစ်လောက် ပေါင်းပါ။ ပျော့တဲ့အထိ ပေါင်းပြီးရင် ပေါင်းအိုးထဲက ထုတ်ပါ။ အာလူးပေါ်ကို ပထမဦးဆုံးပြုလုပ်ထားတဲ့ အရည်လေးကို ဆမ်းပြီး တစ်ဝက်ကို ခရင်းနဲ့ချေပါ။ တစ်ဝက်ကိုတော့ မချေဘဲ အခန်းအပူချိန်နဲ့ အအေးခံထားပါ။
ကြက်သွန်နီကို ပါးပါးလှီးပါ။ သခွားသီးကို ၁မီလီမီတာအထူ အဝိုင်းလေးတွေ လှီးပါ။ ဇလုံထဲကို ကြက်သွန်နီကိုထည့်၊ ဆားအနည်းငယ်ဖြူး၊ ဖွဖွလေးနယ်ပြီးရင် သခွားသီးတွေကို ထည့်လိုက်ပြီး ဖွဖွလေးထပ်နယ်၊ ၅မိနစ်ထားပါ။ သခွားသီးတွေ ပျော့ လာတဲ့အခါ ရေတွေကို အသာညှစ်ထုတ်လိုက်ပါ။
လိုအပ်တဲ့ ပစ္စည်းတွေကို ဇလုံထဲမှာ ရောထည့်မွှေထားတဲ့ ဆမ်းစားမယ့်အရည် ဒုတိယအနေနဲ့ ပြုလုပ်ထားတဲ့ အနှစ်လေးတွေထဲကို ပါးပါးလှီးထားတဲ့ ကြက်သွန်နီနဲ့ သခွားသီးတွေကို ထည့်ပါ။ ပြီးရင် အာလူး၊ မုန်လာဥနီတွေနဲ့ ရောပြီး ဖွဖွလေးနယ်လိုက်ရင် စားချင်စဖွယ်အာလူးသုပ်လေးရပါပြီရှင်။

Ref;NHK