ကိုယ်အလေးချိန်လျှော့ချဖို့ အရှေ့တိုင်းလျှို့ဝှက်ချက် ( ကိုရီးယား အစားအစာများ)
lifestylemyanmar.com
|
2020-06-29



အနောက်နိုင်ငံတွေမှာ အာရှအမျိုးသမီးတွေဟာ ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကြောင့် အာရုံစိုက်မှုများစွာ ရရှိခဲ့ပါတယ်။ မျိုးရိုးဗီဇက အဓိကအခန်းကဏ္ဍမှ ပါဝင်ပေမယ့်လည်း အစားအသောက်နှင့် များစွာ ဆက်စပ်မှုရှိတာ သေချာပါတယ်။ အနောက်တိုင်းပုံစံ အစားအစာတွေက အရှေ့တိုင်းအစာအပေါ် လွှမ်းမိုးနေသော်လည်း ဂျပန်နှင့် ကိုရီးယားကဲ့သို့သော နိုင်ငံတွေဟာ ကိုယ်အလေးချိန်မတတ်စေတဲ့ ကျန်းမာစွာ ချက်ပြုတ်သော အစဉ်အလာကို စွဲကိုင်ထားကြပါတယ်။

စင်စစ်အားဖြင့် ကိုရီးယားလူမျိုးတွေဟာ အခြားဖွံ့ဖြိုးပြီးနိုင်ငံများမှ လူတွေထက် သက်တမ်းပိုရှည်ပြီး အဝလွန်နှုန်းနည်းပါတယ်။ သူတို့ရဲ့ လျှို့ဝှက်ချက်တွေက ဘာလဲ။ ဒီဆောင်းပါးမှာ ကိုရီးယားအစားအစာတွေရဲ့ ကိုယ်အလေးချိန်မတတ်ရခြင်းအကြောင်းတွေကို တွေ့ရှိပါလိမ့်မယ်။

၁။ အသီးအရွက်များများစားကြတယ်

ကိုရီးယားအစားအစာက မြန်မာတွေလိုပဲ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နှင့် ဆန်ပေါ်မှာ အခြေခံပါတယ်။ အောက်ပါအစားအစာတွေက ကယ်လိုရီနည်းပြီး အဓိကဟင်းပွဲတိုင်းမှာ ပါဝင်ပါတယ်။
အာလူး
မှို
ဂေါ်ဖီပန်းပွင့်နှင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
ခရမ်းချဉ်သီး
မုန်လာဥနီ




၂။ အဆီပါတဲ့ အသားစားသုံးမှု နည်းပါတယ်


အသားက အနောက်နိုင်ငံတွေမှာ အဓိကပါဝင်သော်လည်း ကိုရီးယားတွေအတွက်တော့ ဒုတိယ ပါဝင်ပစ္စည်းဖြစ်ပါတယ်။ သူတို့က အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အဆီနည်းတဲ့ အစားအစာကိုသာ စားသုံးကြပါတယ်။
အနီရောင်အသားကို အိုမီဂါ ၃နှင့် ပရိုတင်းဓါတ်များသော ငါးတွေ၊ ပင်လယ်စာတွေနဲ့ အစားထိုးပါတယ်။
ကိုရီးယားတွေဟာ အသားကို အဆီပမာဏနည်းသွားအောင် ကင်စား၊ ဖုတ်စားလေ့ရှိပါတယ်။




၃။ ဟင်းချိုအစပ်

အဆီလောင်ကျွမ်းစေတဲ့ ဟင်းချိုမျိုးက လုပ်ရလွယ်ပါတယ်။ ဟင်းချိုတွေက ကိုရီးယားအစားအစာရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ကိုရီးယားအစားအစာတွေမှာ အများအားဖြင့် အစပ်များများ ပါဝင်လေ့ရှိပါတယ်။ အစပ်က ကယ်လိုရီလောင်ကျွမ်းစေဖို့ သင့်ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။




၄။ ဆေးဘက်ဝင်အပင်များ

ဆေးဖက်ဝင်အပင်တွေက ကိုယ်အလေးချိန် လျော့ချပေးတာကြောင့် နောက်ထပ်ရွေးချယ်သင့်တဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ကိုရီးယားမှာတော့ အဆီလောင်ကျွမ်းမှု ဂုဏ်သတ္တိတွေနဲ့ ကျော်ကြားတဲ့ green tea, barley tea, (သို့) roasted barley tea ကိုအများဆုံးသောက်ကြပါတယ်။ သူတို့က ကိုယ်ခန္ဓာရဲ့ သန့်ရှင်းရေးယန္တရားတွေကို တိုးတတ်စေဖို့ ကူညီပေးပြီး အစာကြေ စေပါတယ်။




၅။ ကင်ချီ ရိုးရာဟင်း

ကင်ချီက ကိုရီးယားအစားအစာရဲ့ အဓိကအစိတ်အပိုင်းဖြစ်သော ရိုးရာဟင်းပွဲဖြစ်ပါတယ်။ ၎င်းမှာ ဗီတာမင်တွေ၊ ဓါတ်သတ္တုတွေနဲ့ ပရိုဘိုင်အိုတစ်တွေပါဝင်တာကြောင့် ကမ္ဘာပေါ်မှာ ကျန်းမာရေးနှင့် အညီညွတ်ဆုံးသော အစားအစာများထဲက တစ်ခုဖြစ်ပါတယ်။။၎င်းဟာ ဆား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငါးငံပြာရည်နှင့် pepper တို့နှင့်အတူ ဆားရည်စိမ် ဂေါ်ဖီထုပ်ဖြင့် အချဉ်ဖောက်ထားသော အစာဖြစ်ပါတယ်။ ကင်ချီဟာ အရသာရှိပြီး ကယ်လိုရီနည်းပါးပါတယ်။




၆။ ချက်ပြုတ်နည်းများ

ကယ်လိုရီနှင့် အစားအစာပေါင်းစပ်မှုများအပြင် ကိုရီးယားအစားအစာတွေဟာ ဟင်းပွဲရဲ့ အာဟာရတန်ဖိုးကို ထိန်းသိမ်းထားသော အထူးချက်ပြုတ်နည်းတွေကြောင့် လူသိများပါတယ်။ အစားအစာတွေကို ကြော်စားတာ ရှားပါတယ်။ အဲဒီအစား သူတို့က များသောအားဖြင့် ပြုတ်စားတာ၊ လှော်စားတာ ပြုလုပ်ကြပါတယ်။

၇။ ရေများများသောက်ကြပါတယ်

ကိုရီးယားအမျိုးသမီးတွေဟာ ဆေးဘက်ဝင်လက်ဖက်ရည်ကို သောက်သုံးခြင်းအပြင် တနေ့လုံး ရေများများသောက်သုံးကြပါတယ်။ balanced diet အားလုံးဟာ ရေသောက်ခြင်းကို အကြံပြုထားသော်လည်း ကိုရီးယားအစားတွေမှာ တစ်နေ့လျှင် ၂လီတာမှ ၃လီတာအထိ သောက်ဖို့ အကြံပြုထားပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-steptohealth


#ကိုရီးယား
#အစားအစာ
#ဟင်းချို
#အဆီ
#အစပ်

Some text some message..