
ပရိသတ်တွေသဘောကျတဲ့ ပင်လယ်စာလေးဖြစ်တဲ့ ရေဘဝဲအစပ်ကြော်လုပ်နည်းလေးကို ပြောပြလိုက်ပါတယ်။
လိုအပ်တာလေးတွေကတော့
ရေဘဝဲ
ကြက်သွန်ဖြူ
ကြက်သွန်နီ
ကြက်သွန်မြိတ်
ဂျုံမှုန့်
ဂျင်း
ငရုပ်သီးစိမ်း
ပဲပင်ပေါက်
နှမ်းဆီ
ငရုပ်နှစ်
ပဲငံပြာရည်
သကြား
ပြောင်းဖူးကော်မှုန့်
Rice syrup တို့ လိုအပ်ပါတယ်။
၁။ အရင်ဆုံး ရေဘဝဲကို သေချာသန့်စင်အောင် ဆေးကြောဖို့ လိုပါတယ်။ ခေါင်းကို ကပ်ကြေးနဲ့ ခွဲထုတ်လိုက်ပြီး အညစ်အကြေးတွေကို ဖယ်လိုက်ပါ။ ဇလုံအကြီးတခုထဲမှာ ရေဘဝဲကို ဂျုံမှုန့်နဲ့ ၂ မိနစ်လောက် သေချာတိုက် ချွတ်ပေးပြီးရင်တော့ အချွဲတွေ ကုန်တဲ့ထိ ရေနဲ့ သေချာပြန်ဆေးပါ။
၂။ သန့်စင်ထားတဲ့ ရေဘဝဲအကောင်လိုက်ကို ရေနွေး ပွက်ပွက်ဆူတဲ့ထဲ စက္ကန့်အနည်းငယ်လောက် ပြုတ်ပြီး အရွယ်တော် အပိုင်းလေးတွေ ပိုင်းထားပါ။ ဒီနေရာမှာ ရေဘဝဲအကြီးကြီးတွေ မရဘူးဆိုရင် အကောင်သေးလေးတွေ သုံးလို့လည်း ရပါတယ်။
၃။ ပန်းကန်လုံး တလုံးထဲမှာ ရေဘဝဲကြော်ဖို့ အနှစ် စပ်ပါမယ်။ အရင်ဆုံး ငရုပ်နှစ်၊ ပဲငံပြာရည်၊ သကြား၊ ပြောင်းဖူး ကော်မှုန့်၊ Rice syrup နဲ့ ငရုပ်ကောင်း အနည်းငယ်ထည့်ပြီး သမအောင် မွှေပါ။ အရသာမြည်းကြည့်လို့ အနေတော်ပဲဆိုရင် ခဏ ဖယ်ထားလိုက်ပါ။
၄ေ။ ရဘဝဲ အစပ်ကြော်ဖို့ ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါမယ်။ ဆီပူလာပြီဆိုရင် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ငရုပ်သီးစိမ်း ထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာပြီး ကြက်သွန်တွေ အရောင်ပြောင်းလာပြီဆိုရင် စပ်ထားတဲ့ ငရုပ်နှစ်နဲ့ ရေဘဝဲကို ထည့်ကြော်ပါ။
၅။ ၂ မိနစ်၊ ၃ မိနစ်လောက်ကြာရင် အနှစ်တွေနဲ့ ရေဘဝဲ သမသွားတာနဲ့ အနံ့ မွှေးအောင် နှမ်းဆီအနည်းငယ်ထည့်ပြီး အပေါ်ကနေ ပဲပင်ပေါက် အုပ်လိုက်ရင် ခပ်စပ်စပ်အရသာနဲ့ ခံတွင်း မြိန်စေမယ့် ရေဘဝဲအစပ်ကြော်လေး ရပါပြီ။

Ref;Pinterest