ကြက်ပေါင်အိအိလေးကို ရှူးရှူးရှဲရှဲလေးနဲ့ အရသာရှိရှိ ဆွဲကြည့်ဖို့ ရှူးရှဲကြက်သံပုရာပေါင်းနည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကြက်ပေါင်
၂။ ဆား
၃။ သံပုရာသီး
၄။ ချင်း(ဂျင်း)
၅။ ကြက်သားမှုန့်
၆။ ငံပြာရည်
၇။ ထန်းလျက် (သို့) သကြား
(ထန်းလျက်မကြိုက်ရင် သကြားကို အစားထိုးသုံးလို့ ရပါတယ် )
ပြုလုပ်နည်း
၁။ အရင်ဆုံးကြက်ပေါင်တစ်ခုလုံးကို ဆားနဲ့သံပုရာသီးအရည်ညှစ်ပြီးသမအောင်ပွတ်ပြီး ဆေးပေးရပါမယ်။
၂။ အညှီနံ့တွေပျောက်ပြီဆို ဂျင်းကိုထောင်းရလာတဲ့အရည်ကို ကြက်ပေါင်ရဲ့နေရာအနှံ့ပွတ် ကြက်သားမှုန့်လေးလည်းနေရာအနှံ့ပွတ်ပြီး ပေါင်းပေးရပါမယ်။
၃။ ထမင်းပေါင်းအိုးထဲရေထည့် ပေါင်းတဲ့အလယ်အကန့်လေးတင် စတီးပန်းကန်ပြားလေးထဲမှာမှ ကြက်ပေါင်ကိုထည့်ပြီးပေါင်းပေးရုံဘဲနော်။
၄။ ကြက်ပေါင်ပေါင်းပြီးလို့ထွက်လာတဲ့အရည်ကိုသွန်ပစ် ကြက်ပေါင်ကိုအအေးခံ။ ထန်းလျက် နဲ့ ငရုတ်သီးအနီကိုညက်အောင်ထောင်း ( မြေပဲထည့်လျှင်ရ သို့သော်အချဉ်ပေါ့သွားမည်ဆိုး၍မထည့်တော့ပါဖူး ) ကြက်သားမှုန့် ငံပြာရည် သံပုရာရည် အချိုမှုန့် ရေနွေးအနည်းငယ်ထည့်ပြီး ဆော့စ်ဖျော်ပေးရပါမယ်။ ပြီးမှ ထောင်းထားတဲ့ ထန်းညက်နဲ့ ငရုတ်သီးတွေထည့် နံနံပင် ပူတီနံ ကြက်သွန်ဖြူလေးလှီးပြီး သမအောင်မွှေ။ ဆော့စ်ရပြီဆို ကြက်ပေါင်ပေါင်းကိုအလယ်မှာထား ဆော့စ်အရည်တွေ လောင်းချ သံပုရာကွင်းလေးတွေနဲ့အလှဆင်။ စားချင်စရာ ရှုးရှဲကြက်သံပုရာပေါင်းလေးရပါပြီနော်။
[ Unicode ]

Ref; asianfood