သိထားသင့်တဲ့ ဆားရဲ့အသုံးဝင်ပုံများ
myanmaplatform.com
|
2020-07-10



အစားအသောက် ဟင်းလျာတွေကို အရသာလေးလာစေဖို့ရယ် အရသာ ကြွလာစေဖို့ အတွက် ဆားက မပါမဖြစ် ပါဝင်ပစ္စည်းပဲဖြစ်ပါတယ်။ဆားကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ လောက်ထဲက အသုံးပြုခဲ့ကြတာပါ။ဆားက နေရာတိုင်းမှာ ရနိုင်ပြီးတော့ ဈေးလည်းပေါပါတယ်။အစားအသောက်တွေကိုထိန်းသိမ်းနိုင်တဲ့ နေရာမှာလည်း ဆားကအဓိကပါဝင်နေတာဖြစ်ပြီးတော့ ကမ္ဘာတစ်ဝှမ်းက အစားအစာတွေကို သယ်ယူပို့ဆောင်နေနိုင်တာလည်းဖြစ်ပါတယ်။အဲ့လို အသုံးဝင်တဲ့ ဆားကို တခြားဘယ်လိုနေရာတွေမှာလည်း သုံးလို့ရသေးလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။




— အဝတ်အဟောင်းတွေကို အရောင်ပြန်တင်တဲ့အခါ

အဝတ်အစားဆိုတာက လျှော်ပါများ ဝတ်ပါများရင် အရောင်လွင့်လာတာများပါတယ်။ကိုယ်ကြိုက်တဲ့ အဝတ်လေးတွေ အရောင်တွေကျကုန် အရောင်တွေ လွင့်ကုန်လို့ မဝတ်ချင်တော့တာမျိုးတွေမဖြစ်ရအောင် ဆားကကူညီပေးနိုင်ပါတယ်။အဝတ်မလျှော်ခင် ဆား လေးပုံတစ်ပုံထည့်ထားတဲ့ ဆားရည်ထဲမှာ အရောင်ပြန်တင်ချင်တဲ့ အဝတ်တွေကို ထည့်ပြီးစိမ်ထားလိုက်ပါ။အချိန်တစ်ခုလောက်စိမ်ပြီးတဲ့ အခါမှာ အဝတ်တွေကို လျှော်ဖွတ်ကြည့်လိုက်ပါ။သိသိသာသာ အရောင်ပြန်ထွက်လာတာကို တွေ့ရမှာပါ။

— ကြက်ဥကောင်း /မကောင်း

တစ်ခါတစ်လေ ကြက်ဥတွေ အများကြီးဝယ်ပြီး ရေခဲ သေတ္တာ ထဲမှာ ထည့်ထားတတ်ပါတယ်။အဲ့လိုမျိုး ကြက်ဥအများကြီးကို မေ့ပြီးထားမိပြီး စားတော့မယ့် အခါမှ အထဲက ကောင်းမကောင်းမသိပဲစားမိရင် ကျန်းမာရေးအတွက်ထိခိုက်စေနိုင်ပါတယ်။ကြက်ဥအခွံအောက်မှာရှိတာမလို့ ကောင်းမကောင်းလည်း မမြင်နိုင်ပါဘူး။အဲ့လိုမဖြစ်ရအောင် အိမ်သုံးဆားနှစ်ဇွန်းလောက်ကို ဖန်ခွက်ထဲရေထည့်ဖျော်ပြီး ကြက်ဥကို စိမ်ကြည့်တာနဲ့ ကောင်းမကောင်းသိနိုင်မှာပါ။ကြက်ဥက ဆားရည်ဖန်ခွက်ထဲမှာ အောက်ခြေထိကျသွားရင် စားလို့ရပါသေးတယ်။အပေါ်မှာပဲ ပေါလောပေါ်နေရင်တော့ စားလို့မရတော့ပါဘူး။မကောင်းတဲ့ ကြက်ဥကို အလွယ်ကူဆုံးနဲ့ အမြန်ဆုံးခွဲခြားပေးနိုင်တဲ့ နည်းလမ်းလေးတစ်ခုပါပဲ။

— ဘေစင်ရေပိုက်ပိတ်နေရင်

ဘေစင်ရေပိုက်ဆိုတာက အမြဲလိုလိုပိတ်တတ်ပါတယ်။ရေပိုက်ပိတ်သွားရင် သန့်ရှင်းရေးလုပ်နေရတာလည်း အလုပ်ရှုပ်ပါတယ်။အဲ့လိုမျိုး ခဏခဏ ပိတ်တတ်တဲ့ ဘေစင်ပိုက်ကို အလုပ်ရှုပ်ခံပြီး သန့်ရှင်းရေးလုပ်စရာမလိုပဲနဲ့ ဆားရှိတာနဲ့ ရှင်းလင်းနိုင်မှာပါ။ဘေစင်ပိုက်ထဲကို ဆားခွက်တစ်ဝက်လောက်လောင်းထည့်ပြီး ရေနွေးလောင်းချလိုက်တာနဲ့ ပိုက်ထဲမှာရှိတဲ့ အညစ်အကြေးတွေ အကုန်ရှင်းလင်းသွားပါလိမ့်မယ်။

— လည်ချောင်းနာနေရင်

ပူလိုက်အေးလိုက်ဖြစ်နေတဲ့ ရာသီဥတုမှာ လည်ချောင်းနာတာတွေဖြစ်တတ်ပါတယ်။လည်ချောင်းနာတာက တော်တော်ခံရခက်တဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ ရေသောက်ရင်တောင် အဝင်ဆိုးတတ်ပါတယ်။အဲ့လိုဆိုးရွားတဲ့ လည်းချောင်းနာတာကို ဆားရှိနေရုံနဲ့ သက်သာစေနိုင်မှာပါ။ရေတစ်ဖန်ခွက်ထဲကို ဆားအနည်းငယ်ထည့်ပြီး တစ်မိနစ်လောက်ပလုပ်ကျင်းပေးပါ။ဆားက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီးတော့ ချွဲတွေကိုကျစေတာမလို့လည်ချောင်းရောင်ရမ်းပြီးနာတာကို သက်သာစေမှာပါ။

— ပရိဘောကပေါ်က အစွန်းအကွက်တွေကိုဖယ်ရှားပေးနိုင်

သစ်သားတွေ ကြိတ်သားတွေနဲ့လုပ်ထားတဲ့ပရိဘောကတွေကို အခုနောက်ပိုင်းမှာ အသုံးများလာကြပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ သယ်ရလည်း လွယ်ပေမယ့် ကော်ဖီခွက်တင်တာတွေ အအေးဖိတ်တာတွေကို ချက်ခြင်းမသုတ်ပဲထားမိတဲ့ အခုမှာ သန့်ရှင်းလို့မရတော့ပဲနဲ့ အစွန်းအကွက်တွေဖြစ်နေတတ်ပါတယ်။လှပတဲ့ ကိုယ့်ရဲ့ ခုံလေးတွေပေါ်မှာ အစွန်းအကွက်တွေကြောင့် ရုပ်ဆိုးအကျည်းတန်သွားတာမျိုး ဘယ်သူမှလည်း မဖြစ်ချင်ကြပါဘူး။ဖြစ်လာခဲ့ရင်လည်း ပြန်ပြီးသန့်ရှင်းသွားအောင် ဆားက ဖန်တီးပေးနိုင်မှာပါ။အစွန်းအကွက်တွေပေါ်ကို ဆားအနည်းငယ်ဖြူးပြီး ရေမြုပ်စိုတစ်ခုနဲ့ ပွတ်တိုက်ပေးလိုက်တာနဲ့ နဂိုမူလ အသစ်အတိုင်းပြန်လည် သန့်ရှင်းသွားမှာပါ။

ဆားရဲ့ အရေးပါမှုက စားစရာတွေပေါ်မှာပဲမဟုတ်ပဲနဲ့ တခြား ကျန်းမာရေးအရရော သန့်ရှင်းရေးတွေမှာပါ ကူညီပေးနိုင်မှာပါ။ဒါပေမယ့် ဘယ်အရာမဆို တန်ဆေးလွန်ဘေးရှိတာမလို့ ချင့်ချိန်ပြီးတော့ စားကြဖို့တော့လိုအပ်ပါလိမ့်မယ်။


#အစွန်းအကွက်
#ကြက်ဥ
#လည်ချောင်း
#အဝတ်
#ရေပိုက်

Some text some message..