ရှူးရှူးရှဲရှဲနဲ့ ဂဏန်းကို အပီဆွဲဖို့ ဂဏန်းမဆလာချဉ်စပ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ဂဏန်း
၂။ ကြက်သွန်နီ
၃။ ကြက်သွန်ဖြူ
၄။ ဂျင်း
၅။ ဆနွင်းမှုန့်
၆။ အရောင်တင်မှုန့်
၇။ ငရုတ်သီးစိမ်း
၈။ ရှမ်းနံနံ
၉။ နံနံပင်
၁၀။ ပျဉ်းတော်သိမ်းရွက်
၁၁။ မန်ကျည်းရည်
၁၂။ မဆလာ
၁၄။ ဆီ
၁၅။ ဘဲဥ
ပြုလုပ်နည်း
– ပထမဆုံးအနေနဲ့ ဂဏန်းကိုရေဆင်အောင်ဆေးပြီး ရေစစ်ထားပါ။
– ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း တို့ကိုညက်နေအောင်ထောင်းပါ။
– ဘဲဥကိုကြေနေအောင်ခလောက်ထားပါ။
– ရှမ်းနံနံ နံနံပင် ပျဉ်းတော်သိမ်းရွက်ကိုခြွေ၍ ရေဆေးပီးစစ်ထားပါ။
– မန်ကျည်းရည်ကိုဖျော်ထားပါ။
– ဒယ်အိုးထဲသို့ဆီထည့်ပြီး နနွင်းမှုန့် အရောင်တင်မှုန့် တို့ဖြင့်ဆီသတ်ပါ။
– မွှေးနံ့ထွက်လာလျှင် ဂဏန်း မဆလာ ဘဲဥတို့ကိုထည့်ပြီးဆီပြန်သတ်ပါ။
-အချိုအငံထည့်၍မန်ကျည်းရည်အနေတော်လောင်းထည့ိပါ
-ဆူလာလျှင် အမွှေးအကြိုင်အရွက်များထည့်ပြီး အရသာရှိရှိ သုံးဆောင်လို့ရပါပြီနော်။
[ Unicode ]

Ref; asianfood