ခေါက်ဆွဲနဲ့ စားမလား၊ ထမင်းပူပူလေးနဲ့ပဲလား အရသာချဉ်ချိုလေးနဲ့ အရမ်းကောင်းတဲ့ မုန်ညင်းချဉ်လုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
မုန်ညင်းစိမ်း – တကီလို
မုန်လာဥနီ – တစ်တောင့်
မုန်လာဥဖြူ – တစ်တောင့်
ဂျူးမြစ် – လက်တစ်ဆုပ်
မုန်လာပန်း၊ ကြက်သွန်ချဉ်၊ ပဲသီးနှင့်ကြွက်နားရွက်မှို၊ ပဲပိုးတီတို့ကိုထည့်လိုကထည့်နိုင်ပါတယ်။
နံနံစေ့မှုန့် – တစ်ဇွန်း စားပွဲဇွန်း
စမုံစပါးမှုန့် – တစ်ဇွန်း
ဟွားကျောက် – အနည်းငယ်သာ ( ကုန်မျိုးစုံဆိုင်တွေမှာ ရပါတယ် )
ပါကော – အနည်းငယ် များလျှင်အရောင်မလှအနံ့ပြင်းပါတယ်။
ကြံသကာရည်အပျစ် – ၅ဇွန်းစားပွဲဇွန်း
ဆား – ၂ဇွန်း
ငရုပ်သီးအကြမ်းမှုန့်အစိမ်း – ၅ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
(၁)မုန်ညင်းစိမ်းကိုအပင်လိုက်ရေဆေးသန့်စင်ပြီးနေလှန်းထားပါတကီလိုမုန်ညင်းနေလှန်းရေညစ်ပြီးပါက၅၀၀ဂရမ်သာကျန်ပါမယ်။မုန်ညင်းချဉ်အထားခံရန်ရေပါဝင်မှုနည်းစေရန်နွမ်းရုံနေပြထားခြင်းသာဖြစ်ပါတယ်။နွမ်းသွားပါကလိုသလိုလှီးဖြတ်ထားပါ။
နေမပြနိုင်ပါကနယ်ပြီးရေစစ်အောင်အလေးဖြင့်ဖိထားပါ။ ဂျူးမြစ်ကိုလည်းသန့်စင်ထားပါ။
(၂)မုန်လာဥနီဖြူတို့ကိုလှီးဖြတ်ပြီးနွမ်းရုံနေပြထားပါ။
(၃)ကြံသကာကိုညောင်စေးကျအောင်ကျိုထားပါ။နှစ်ချီမထားဘဲစားသုံးမည်ဆိုပါကကြံသကာကိုပါးပါးစိတ်ပြီးလည်းထည့်နိုင်ပါတယ်။
(၄)တရုပ်မဆလာအတွက်ပါဝင်သောလေးမျိုးလုံးကိုလှော်ပြီးထောင်းထားပါ။ကြိတ်ပြီးသားလည်းအသင့်ဝယ်ယူနိုင်ပါတယ်။ငရုပ်သီးအခြောက်အပွတောင့်ကိုကြိတ်ထားပါ။
(၅)အားလုံးအဆင်သင့်ဖြစ်ပါကမုန်ညင်းမုန်လာဥဖြူမုန်လာဥနီဂျူးမြစ်တို့ကိုသန့်ရှင်းခြောက်သွေ့သည့်ဇလုံတခုတွင်ထည့်ပြီးဆားတရုပ်မဆလာကြံသကာရည်ငရုပ်သီးမှုန့်တို့ကိုထည့်ပြီးသမအောင်နယ်ပေးပါ။
(၆)အရသာအပေါ့အငံမြည်းပြီးပုလင်းထည်းတွင်ဖိသိပ်ထည့်ပါလေမခိုစေရ။အဖုံးလုံအောင်ပိတ်ကာရက်၂၀ခန့်ထားပါကမုန်ညင်းချဉ်စားရန်အသင့်ဖြစ်ပါပြီ။
တာရှည်ခံအောင်အလင်းမဖောက်နိုင်သောစဉ့်အိုးများအသုံးပြုလေ့ရှိပါတယ်။
ခြောက်သွေ့မှုနည်းပါကအမြန်ချဉ်ပြီးအချဉ်လွန်သွားပါအနံ့အရသာမကောင်းပါ။လချည်ထားရန်အတွက်ဆီကင်းပြီးခြောက်သွေ့ကာရေပါဝင်မှုအနည်းဆုံးဖြစ်ရပါမယ်။ပုလင်းတွင်ထည့်ပါကကျစ်လစ်သိပ်သည်ပြီးလေမခိုအောင်ဖိထည့်ပြီးအပေါ်မှအဖုံးကိုအထပ်ထပ်လေလုံအောင်ချည်ထားပါ။
[ Unicode ]

Ref; asianfood