လတ်ဆတ်သန့်ရှင်းတဲ့ တုတ်ထိုးစုံလေးကို အိမ်မှာအဝဆွဲဖို့ တုတ်ထိုးစုံပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်းများ
၁။ ငါးဖယ် ၁၅ကျပ်သား
၂။ အာလူးသေး ၂၀ကျပ်သား
၃။ သခွားသီး ၂လုံး
၄။ ပဲပြား ၂တုံး
၅။ ပဲသွေး ၅ခု
၆။ ငုံးဥ ၁၅လုံး
၇။ အသားတု ၁ထုပ်
ပြုလုပ်နည်း
၁။ ငါးဖယ်များကိုအရသာမှုန့် နနွင်းမှုန့်နှင့်ဆားတို့ကိုထည့်၍စေးနေအောင်နယ်ကာအလုံးချွန်လေးများပြုလုပ်၍ဆီပူပူတွင်ကြော်ထားပါ။
၂။ အားလူးလေးများကိုပြုတ်၍အခွံခွာကာအရသာမှုန့် ဆား ငရုတ်အရောင်တင်မှုန့်အနည်းငယ်နဲ့ရောနယ်ပါ။ဒယ်အိုးထဲတွင်ဆီအနည်းငယ်ထည့်၍ဆီပူလာလျှင်အာလူးများကိုထည့်လှိမ့်ကာအရောင်ရလျှင်ဆယ်ထားပါ။
၃။ သခွားသီးကိုအရှည်လေးများလှီးထားပါ။
၄။ ပဲပြားကိုတြိဂံပုံအတုံးလေးများတုံး၍နနွင်းမှုန့် ဆားနှင့်နယ်ကာရွှေဝါရောင်သမ်းသည်အထိကြော်ထားပါ။
၅။ ပဲသွေးကိုတစ်ခုလျှင်(၃)တုံးလှီး၍အရသာမှုန့် ဆားနှင့်ရေခမ်းပြုတ်ထားပါ။
၆။ ငုံးဥကိုပြုတ်ပီးအခွံခွာ၍ပဲငံပြာရည်အပျစ်အနည်းငယ်နှင့်ဒယ်အိုးထဲတွင်လှိမ့်ပေးထားပါ။
၇။ အသားတုများကိုရေစိမ်၍ပျော့လာလျှင်ရေညှစ်ထုတ်ကာဆီပူပူတွင်ကြော်ကာဆယ်ထားပါ။
***မန်ကျည်းမှည့်အချဉ်ရည်အတွက်
မန်ကျည်းသီးမှည့် စားပွဲတင်ဇွန်းဝက်
ထန်းလျက်ခဲ ၂လုံး
ငရုတ်ဆီ စားပွဲတင်ဇွန်း၁ဇွန်း
ကြက်သွန်ဖြူ အနည်းငယ်
ချင်း အနည်းငယ်
နံနံပင် အနည်းငယ်
ငရုတ်သီးစိမ်း အနည်းငယ်
~မန်ကျည်းသီးမှည့်နှင့်ထန်းလျက်ခဲကိုရေ(နို့ဆီဗူးဝက်)ခန့်နှင့်ရော၍ကျိုပေးပါ။အနှစ်ရလာလျှင်ဆန်ကာဖြင့်စစ်၍ပန်းကန်လုံးထဲသို့ထည့်ပါ။
ထိုပန်းကန်လုံးထဲသို့ငရုတ်ဆီ ဆားအနည်းငယ် ချင်း ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူထောင်းကိုထည့်၍မွှေပေးပါ။ထို့နောက်အနည်းငယ်အေးလျှင်နံနံပင်ကိုပါးပါးလှီးထည့်၍မွှေပေးပါ။
ထို့နောက်ငါးဖယ် အာလူး သခွားသီး ပဲပြား ပဲသွေး ငုံးဥ အသားတုတို့ကိုတုတ်ထိုး၍အချဉ်ရည် ကြာဆံကြော်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
[ Unicode ]

Ref; asianfood