ဒညင်းသီး ငါးပိချက် ချက်နည်း
trend.com.mm
|
2020-08-20

အစားအသောက်ကြိုက်နှစ်သက်သူများအတွက် ထမင်းမြိန်စေမည့်အပြင် ခံတွင်းလည်းတွေ့စေမည့် ဒညင်းသီးနဲ့ ပုစွန်ခြောက်ငါးပိချက်နည်းလေးကို ပြောပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ ဒညင်းသီးပြုတ်၊ ပုစွန်ခြောက်၊ ငါးပိစိမ်းစား၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဟင်းခတ်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

၁။ ပထမဦးဆုံး ဒညင်းသီးကို ရေဆေးပြီး ပြုတ်လိုက်ပါ။ ပြီးရင် ထက်ခြမ်းခွဲပြီး အညှောင့်လေးတွေကို ထုတ်လိုက်ပါ။

၂။ ပြီးလျှင် ထက်ခြမ်းခွဲပြီးဒညင်းသီးများကို ငရုတ်ဆုံထဲထည့်ပြီး ပြားအောင်ထောင်းပေးပါ။

အဲ့ဒီနောက်မှာတော့ ငါးပိစိမ်းစားကို ရေချက်အေးနှင့် ဖျော်ထားပါ။

ပြီးရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်သီးအပုတောင့် ၃ တောင့်ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ။

ပြီးနောက် ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းကို အပိုင်းလိုက် လှီးဖြတ်ထားပါ။

ပြီးရင်တော့ ဒယ်အိုးထဲသို့ ထောင်းထားသော ငရုတ်သီးများနှင့် ခရမ်းချဉ်သီး၊ ပုစွန်ခြောက် ထည့် နနွင်းမှုန့်ထည့် ဆီအနည်းထည့်လိုက်ပါ။


ပြီးနောက် အိုးအဖုံးအုပ်ပြီး မီးအေးအေးနဲ့ ဆီပြန်အောင် ချက်ပေးပါ။
ဆီပြန်လာလျှင်တော့ ထောင်းထားတဲ့ ဒညင်းသီးများကို ထည့်လိုက်ပါ။
ငါးမိနစ်ခန့် ချက်ပြီးနောက် အရည်ဖျော်ထားတဲ့ ငါးပိကို လောင်းထည့်လိုက်ပါ။ ပြီးရင် ငရုတ်သီးစိမ်းကို ထည့်လိုက်ပါ။
ပြီးနောက် အဖုံးအုပ်ပြီးရေခမ်းသည်အထိဆက်ချက်ပေးပါ။
အရသာအပေါ့အငန်မြည်းကြည့်ပြီးရင်တော့
ထမင်းမြိန်စေမည့် ဒညင်းသီးနဲ့ ပုစွန်ခြောက်ငါးပိချက်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။


Ref; FOODIE


#ဒညင်း
#ပုစွန်ခြောက်
#ငါးပိချက်
#ငါးပိ
#ငရုတ်သီးစိမ်း

Some text some message..