၁၁လအရွယ် ကလေးငယ်တွေကို ဘယ်အစားအစာတွေ ကျွေးလို့ရပြီလဲ?
chitmaymay.com
|
2020-08-24



၁၁လအရွယ်မှာ သင့်ကလေးဟာ solid food အားလုံးနီးပါးကို စားနိုင်စွမ်းရှိလာပါပြီ။

မွေးကင်းစကလေးတွေရဲ့ အရသာခံနိုင်စွမ်းဟာ တစ်နှစ်ပတ်လည်မှာ ကောင်းစွာ ဖွံ့ဖြိုးပါတယ်၊ ဒီအကြောင်းရင်းကြောင့် မိဘတွေဟာ ၁၁လအရွယ်ကလေးတွေကို ကျန်းမာတဲ့ အစားအသောက်များစွာကို ကျွေးမွေးသင့်ပါတယ်။ ဒီဆောင်းပါးမှာ ၁၁လ အရွယ်ကလေးငယ်တွေကို ကျွေးနိုင်တဲ့ အကောင်းဆုံးအစားအစာ အမျိုးအစားများကို မျှဝေပေးလိုက်ပါတယ်။

အသက် ၁၁လမှာ ကလေးတစ်ယောက် ဘာတွေ စားနိုင်ပြီလဲ?

ကလေးတစ်ယောက်ဟာ အသက် ၁၁လအရွယ်မှာ အစားအစာ အမျိုးအစား အားလုံးနီးပါးကို စားနိုင်ပါပြီ။

၁။ ကလေးတွေ ခြောက်လပြည့်ပြီးနောက်မှာ အသီးတွေအားလုံးကို စားနိုင်ပါတယ်။ ဒါက အစားအစာရဲ့အာဟာရအတွက် အရမ်းအရေးပါပါတယ်။ မိခင်တစ်ယောက်အနေဖြင့် ချဉ်တဲ့အသီးတွေ ဓါတ်မတည့်တဲ့ တုံ့ပြန်မှုကို သတိထားဖို့ လိုပါတယ်။ ထို့ကြောင့် တစ်ကြိမ်မှာ အသီးတစ်မျိုးစီသာ မိတ်ဆက်ပေးပါ။




တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း/နှစ်ဇွန်းလောက်သာ မိတ်ဆက်ပါ။ မတည့်တဲ့လက္ခဏာတွေကို စစ်ဆေးပါ။ ထိုကဲ့သို့သော လက္ခဏာတွေမရှိရင် အသီးက ပုံမှန်အစားအစာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပါတယ်။ အစားအစာ အသစ်ကို မိတ်ဆက်ပေးတဲ့အခါ တစ်မျိုးနဲ့ တစ်မျိုးကြားကို ၃-၅ရက်ခြားပေးပါ။

၂။ အသက် ၁၁လအရွယ်အတွက် နို့ထွက်ပစ္စည်းထဲမှာ ဒိန်ချဉ်လည်း ပါဝင်ပါတယ်။ သို့သော် နွားနို့နဲ့ မိတ်မဆက်ခင် ၁၂လပြည့်တဲ့အထိ စောင့်ဆိုင်းရပါမယ်။

၃။ ဟင်းသီးဟင်းရွက်အားလုံးနီးပါးကို အသက် ၁၁လအရွယ်ကလေးတွေအား ကျွေးနိုင်ပါပြီ။ ခြွင်းချက်အနည်းငယ်ကတော့ ခရမ်းချဉ်သီး၊ မုန်လာဥနီအစိမ်း၊ ဆလရီတွေကို ၁၂လအရွယ်နောက်ပိုင်းမှ ပေးသင့်ပါတယ်။




၄။ grains နဲ့ cereals အားလုံးကို ကလေးအတွက် စီရီရယ် အစားအစာပြုလုပ်ဖို့ အသုံးပြုနိုင်ပါတယ်။

၅။ အသားနဲ့ ကြက်သားတွေကို ကျွေးနိုင်ပေမယ့် ကြက်ဥကို တစ်နှစ်ပြည့်ပြီးမှ ကျွေးသင့်ပါတယ်။

ကလေးအတွက် လုံလောက်တဲ့ အာဟာရဖြစ်စေဖို့ အစားအစာရဲ့ပမာဏကိုလည်း သိဖို့လိုပါတယ်။




၁၁လသားကို ဘယ်လောက်ကျွေးမလဲ?

၁၁လသားအရွယ်ကို တစ်နေ့လျှင် သုံးကြိမ်မှ လေးကြိမ်အထိ ပမာဏအနည်းဆုံးစီ ကျွေးနိုင်ပါတယ်။ နံနက်စာ၊ နေ့လယ်စာနဲ့ ညစာကြားမှာ သရေစာကျွေးနိုင်ပါတယ်။ သရေစာမုန့်က အာဟာရပြည့်ဝတဲ့ အစားအစာ ဖြစ်သင့်ပါတယ်။ ဖြည့်စွက်စာ ကျွေးရုံသာမက ကလေးငယ်ကို နို့တိုက်ကျွေးဖို့ဆိုရင် ၁၁လအရွယ် ကလေးတစ်ယောက်ကို တစ်နေ့လျှင် လေးကြိမ်တိုက်နိုင်ပါတယ်။



ကလေးငယ်ကို မအိပ်ခင်မှာ သွားတွေသန့်ရှင်းပေးပါ။
ကျန်းမာသော ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်သော အာဟာရတွေ ရရှိစေမယ့် ချက်ပြုတ်နည်းနဲ့ အစားထိုးပါ။ မျှတသော အာဟာရက ကလေးငယ်ကြီးထွားစေဖို့ ကူညီပေးပါတယ်။
ဆားမထည့်ပါနဲ့။ ကလေးငယ်ဟာ အသက် ၁၂လအရွယ်နဲ့ အထက်ဆိုရင် တစ်နေ့ ဝ.၄ဂရမ်သာ လိုအပ်ပါတယ်။ ၁၁လအရွယ် ကလေးတွေဟာ ဟင်းသီးဟင်းရွက်တွေအပြင် မိခင်နို့ကနေ လိုအပ်တဲ့ ဆိုဒီယမ်တွေကို ရရှိမှာဖြစ်ပါတယ်။ အစားအစာထဲကို ဆားပိုထည့်တာ ရှောင်ရှားပြီး ကလေးကိုမကျွေးခင်မှာ ဆားပါဝင်မှုကို အမြဲစစ်ဆေးပါ။
အမေရိကန်ကလေးအထူးကု အကယ်ဒမီက အသက် ၁၂လအောက် ကလေးတွေကို အသီးဖျော်ရည် လုံးဝမပေးဖို့ တိုက်တွန်းထားပါတယ်။

Chit_MayMay
LM_Nandar


Source-momjunction




Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#အစားအစာ
#အရွယ်
#ကလေး
#အာဟာရ
#အသီး

Some text some message..