အစာအိမ်နာတတ်တဲ့ သူတွေအတွက် လုံးဝ မသင့်လျော်တဲ့ နာမည်ကြီး အစားအစာများ
auntymay.com
|
2020-09-08

အစာအိမ်ရောဂါ ရှိတဲ့သူတွေနဲ့ အစားမဆင်ခြင်တာနဲ့ အစာအိမ်နာတတ်တဲ့သူအဖို့တော့ သူများတွေ စားသလို လိုက်စားလို့ မရပါဘူး။ လက်ရှိမှာ လူငယ်တွေကြားထဲ နာမည်ကြီးနေတဲ့ အစားအသောက်တွေ ရှိပြီး လူတိုင်းနီးပါးကလိုလို အကြိုက်တွေ့နေတဲ့ စားစရာတွေ ရှိနေပါတယ်။ ဒီစားစရာတွေကို အစာအိမ်သမားတွေ လိုက်စားဖို့တော့ လုံးဝ မသင့်လျော်ပါဘူးနော်။


မာလာရှမ်းကော

ပူပူထုံထုံစပ်စပ် အရသာ ထူးကဲစွာနဲ့ လူငယ်တော်တော်များများကို ဖမ်းစားနိုင်တာကတော့ မာလာရှမ်းကောဆိုတဲ့ စားစရာ တစ်မျိုးပါပဲ။ ကြိုက်နှစ်သက်ရာ အသားနဲ့ အသီးအနှံတွေကို ရောနှောပြီး မာလာရှမ်းကောဟင်းချက်အနှစ်နဲ့ ချက်ပြုတ်ရတာမျိုး ဖြစ်ပါတယ်။ တရုတ်ဟင်းခတ်အမွှေးအကြိုင် စုံလင်စွာ လိုက်ဖက်ညီညီ ရောနှောထားတဲ့ ဟင်းခတ်အနှစ်က ပူစပ်တာကြောင့် အစာအိမ်သမားတွေ စားမယ်ဆိုရင်တော့ အစာအိမ် ပြန်နာလာမှာ ဖြစ်ပါတယ်။


Shutterstock/Ayleen Annette


ဟော့ပေါ့

ပြုတ်ရည်အိုးထဲကို နှစ်သက်ရာ ထည့်ပြုတ်စားတာကိုလည်း ထိုင်း၊ တရုတ်နဲ့ မြန်မာနိုင်ငံတို့မှာ အဓိက စားသုံးနေတာကို တွေ့ရပါတယ်။ ပြုတ်ထားတဲ့ စားစရာတွေကို အချဉ်ရည်နဲ့တို့ပြီး စားသုံးရင်းနဲ့ နှုတ်မြိန်စေတာမျိုး ဖြစ်ပါတယ်။ ဒါလည်း အစာအိမ်သမားတွေအတွက် သိပ် မသင့်လျော်ပါဘူး။


artitwpd/Freepik


ခေါက်ဆွဲအစပ်

ကိုရီးယားကနေ ထုတ်လုပ်တဲ့ ခေါက်ဆွဲအစပ် ပုံစံမျိုးစုံကလည်း အစားအသောက်စားပြသူတွေ၊ အစားအသောက်ကြေငြာသူတွေနဲ့ စားသုံးသူတွေကြားမှာ သိပ်ကို နာမည်ကြီးပါတယ်။ အလွန်အမင်းစပ်တယ်ဆိုပေမယ့် အရသာ ရှိတာကြောင့် စားသုံးသူတွေကို ဆွဲဆောင်ထားနိုင်ဆဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစာအိမ်သမားတွေကတော့ လုံးဝ မစားသင့်ပါဘူး။ အခန့်မသင့်ရင် အစာအိမ်ရောင်စေတဲ့အထိ ဖြစ်စေသလို အော့အန်တာအထိတောင် ဖြစ်စေနိုင်ပါတယ်နော်။


topntp26/Freepik


ယိုးဒယားအထောင်းတွေ

အစာအိမ်သမားတွေက အစပ်စားလို့ ရတယ်ဆိုပေမယ့် ရှောင်လေ ကောင်းလေပါပဲ။ အစပ်ကို အလွန်အမင်းစားသုံးတာက အစာအိမ်ဝေဒနာကို ပြန်ပြီး ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ချဉ်ချဉ်စပ်စပ်နဲ့ စားချင်စဖွယ် ဖြစ်နေတဲ့ ယိုးဒယား အထောင်းပေါင်းစုံကိုလည်း ရှောင်ရမှာပဲ ဖြစ်ပါတယ်။


Photo by icon0.com from Pexels

Kham


#အစာအိမ်
#စားစရာ
#အစပ်
#မာလာ
#သမား

Some text some message..