
ဆိုင်တွေမှာ သွားစားရတာလည်း အရသာ တစ်မျိုး ဆိုပေမယ့် အိမ်မှာ ကိုယ့်ဘာသာ စားစရာတွေ လုပ်စားတာလည်း ပျော်စရာကောင်းပါတယ်။ အိမ်မှာ မိသားစုနဲ့ အတူစားဖို့ ဖြစ်စေ၊ တစ်ယောက်တည်း လုပ်ချင်တာ လုပ်စားချင်တဲ့အခါမှာ ဖြစ်စေ စားနေကျ စားစရာတွေကိုတော့ စားချင်ကြမှာ မဟုတ်ပါဘူး။ ဒီလိုအချိန်တွေမှာ အိမ်မှာ လုပ်စားကြည့်သင့်တဲ့ စားစရာလေးတွေကို အခုလိုပဲ အကြံြ့ပုလိုက်ရပါတယ်နော်။
၁။ အပ်မှိုကြော်
အပ်မှိုကြော်လေးတွေကို ဆိုင်တွေမှာ ကြော်ရောင်းကြလို အိမ်မှာလည်း လိုက်လုပ်စားလို့ ရပါတယ်။ အပ်မှိုလေးကို မုန့်နှစ်လေးထဲ နှစ်ပြီး ဆီပူပူမှာကြော်ပြီး ဆော့စ်လေးနဲ့ တို့စားရင် တကယ့်ကို ရှယ်ပါနော်။

Shutterstock/NPDstock
၂။ အထောင်းစုံ
မိန်းကလေးအများစုကတော့ သင်္ဘောသီးထောင်း၊ ပြောင်းဖူးထောင်း စသဖြင့် အထောင်းတွေကို ကြိုက်တတ်ကြပါတယ်။ ဆိုင်တွေဆီကို သွားမှ ဒီလို အထောင်းကို စားလို့ ရတာ မဟုတ်ပါဘူး။ အထောင်းထောင်းတဲ့ နည်းကို အွန်လိုင်းမှာ ရှာပြီး ကိုယ့်ဘာသာ လိုက်ထောင်းစားရတာကလည်း တကယ့်ကို ပီတိဖြစ်စေတာပါပဲ။

jcomp/Freepik
၃။ မိုင်လို ရေခဲချောင်း
ဆိုင်တွေမှာ မရှိတဲ့ သရေစာတွေကိုလည်း ကြံဖန်လုပ်စားလို့ ရပါသေးတယ်နော်။ မိုင်လို 3 in 1 အမှုန့်ကို ရေနွေးလေးနဲ့ ဖျော်ပြီး အိုဗာတင်းကွတ်ကီးတွေကို ချေထဲ့ပြီး ရေခဲချောင်းခွက်နဲ့ ရေခဲခန်းထဲမှာ အခဲခန်းထဲမှာ ထည့်ပြီး ရေခဲချောင်း လုပ်စားလို့ ရပါသေးတယ်။ ရေခဲချောင်းခွက် မရှိရင် မိုင်လို 3 in 1 အထုပ်သေး အိတ်ထဲကိုပဲ အရည်ကို ထည့် ပြီးရင် တူလေး ထိုးထားပြီး ထည့်ရင်လည်း ရပါတယ်နော်။

Shutterstock/AZFAR ARTS
၄။ ဖက်ထုပ်
ဖက်ထုပ်ကလည်း ရုပ်ရှင်ကားလေး ကြည့်ရင်းနဲ့ စားလို့ ရတဲ့ စားစရာလေးပါ။ ဖက်ထုပ်လုပ်နည်းကလည်း လွယ်ပြီး အွန်လိုင်းမှာလည်း အလွယ်တကူ ရှာလို့ ရပါတယ်။ ဖက်ထုပ်လုပ်ပြီး ပေါင်းစားလို့ ရသလို ပေါင်းပြီးမှ ဆီပူအိုးကပ်လေး လှိမ့်ပြီး စားလို့ ရပါတယ်။

vladislav_chusov/Freepik
၅။ ကင်ချီအပ်မှိုဟင်းရည်
ထမင်းမြိန်စေမယ့် ဟင်းရည်လေးလည်း အိမ်မှာနေရင်း လုပ်စားလို့ ရပါသေးတယ်။ ကင်ချီဆိုတာ ဒီတိုင်း စားလို့ ရသလို ဟင်းရည်လည်း ချက်သောက်လို့ ရပါတယ်။ ကင်ချီရယ် ကြက်သားမှုန့်လေးနည်းနည်းရယ် အပ်မှိုရယ် ငုံးဥပြုတ်လေးတွေရယ်ကို ရေအနည်းငယ်နဲ့ ဟင်းရည်အဖြစ် တည်လို့ ရပါတယ်။ အစပ်လေး ကြိုက်ရင်တော့ ငရုတ်သီးစိမ်းလေးတွေ ညှပ်ထည့်ပြီး သောက်လို့ ရပါတယ်နော်။

zaniastudio/Freepik
၆။ ငါးအသားချောင်းကြော်
အသားများတဲ့ ငါးကို ငါးအသားလေးတွေကို ပုံစံမပျက်ယူပြီး မုန့်နှစ်လေးထဲကို နှစ်၊ ပြီးရင် ပေါင်မုန့်ကပ်မှုန့်လေးတွေမှာ နှစ်ပြီး ဆီပူပူမှာ ကြော်စားလို့ ရပါတယ်နော်။ ငါးအသားချောင်းကြော် ပူပူလေးကို ဆော့စ်လေးနဲ့ စားလို့ ရပါတယ်နော်။
Kham