အသားအရေစိုပြေချင်သူတို့အတွက် ရာသီစာ ထောပတ်သီးနဲ့ ပေါင်းတင်နည်း (၄) မျိုး
mystylemyanmar.com
|
2020-10-31

ပျိုမေတို့အားလုံးမင်္ဂလာပါ။ ထောပတ်သီးက အသားအရေကို အစိုဓာတ်ပေးပြီး အာဟာရဖြည့်ပေးတဲ့ အသီးတစ်မျိုးအနေနဲ့ လူသိများပါတယ်။ ထောပတ်သီးတစ်မျိုးတည်းနဲ့တင် ပေါင်းတင်လို့ လုံလောက်နေပါပြီ။ ဒါပေမဲ့ အာနိသင် ပိုထူးခြားသွားအောင် အသားအရေအမျိုးအစားအလိုက် တခြားပါဝင်ပစ္စည်းတွေပေါင်းထည့်ပြီး အသားအရေ ထိန်းသိမ်းနိုင်ပါသေးတယ်။

ဒီတော့ ထောပတ်သီးနဲ့ ပေါင်းတင်နည်းတွေကို ကြည့်လိုက်ရအောင် –

၁။ ထောပတ်သီး၊ ပျားရည်




Photo Source: Well+Good
ဒီ Mask က အသားခြောက်သူတွေနဲ့ သင့်တော်ပါတယ်။
ထောပတ်သီးကို ကိုယ်လိုချင်တဲ့ပမာဏလောက် အစေ့ဖယ်ပြီး ပန်းကန်ထဲ ထည့်မွှေပေးရပါမယ်။
အနှစ်ရတဲ့ အထိ သေချာ မွှေပေးရပါမယ်။
ပြီးနောက် ပျားရည်တစ်ဇွန်းထည့်ပေးရပါမယ်။ ထပ်မွှေပေးပါ။
မျက်နှာပေါ် တင်ပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်ထားပေးရပါမယ်။ ပြီးနောက် ရေဆေးချပေးရပါမယ်။

၂။ အုတ်ဂျုံ၊ ထောပတ်သီး




Photo Source: Jugaadin News
မိတ်ကပ်တွေ၊ နေရောင်ခြည်တွေကြောင့် အထိနာထားတဲ့ အရေပြားနဲ့ သင့်တော်ပါတယ်။
အုတ်ဂျုံခွက်ဝက်နဲ့ ထောပတ်သီးတစ်ဝက်ကို ရောမွှေပေးရပါမယ်။
ရလာတဲ့အနှစ်ကို မျက်နှာပေါ်တင်ပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ် ထားပေးရပါမယ်။
ပြီးနောက် ရေဆေးချပေးပါ။

၃။ ဒိန်ချဉ်၊ပျားရည်၊ ထောပတ်သီး




Photo Source: Spec-Savers
ဒီ Mask က ဆောင်းရာသီဝင်ချိန်နဲ့ သင့်တော်ပါတယ်။
ထောပတ်သီး ၄ ပုံပုံ တစ်ပုံလောက်ကို ခွက်ထဲ ထည့်ပေးရပါမယ်။
ပြီးနောက် ဒိန်ချဉ်တစ်ဇွန်းနဲ့ ပျားရည် ဇွန်းဝက်ထည့်ပေးရပါမယ်။
မျက်နှာပေါ် ၁၅ မိနစ်ထားပြီး ရေဆေးချပေးရပါမယ်။

၄။ ငှက်ပျောသီး၊ ကြက်ဥ၊ ထောပတ်သီး




Photo Source:Pinterest
ထောပတ်သီးတစ်ဝက်၊ ငှက်ပျောသီး တစ်ဝက်နဲ့ ကြက်ဥအနှစ်ကို ရောပေးရပါမယ်။
ဒီအရောကို မျက်နှာပေါ်တင်ပြီး ၁၀ မိနစ် ကနေ ၁၅ မိနစ်ထားပေးရပါမယ်။

ဒီ Mask တွေအားလုံးကို တစ်ပတ် တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

By MyStyle Myanmar


#ထောပတ်သီး
#မိနစ်
#Photo
#ပျားရည်
#ရေဆေး

Some text some message..