Oreo နဲ့ ဒီလိုမုန့်မျိုးလုပ်စားလို့ရတာ သိပြီးပြီလား
yathar.com
|
2020-12-17

ကလေးကအစ လူကြီးအထိ အကုန်လုံးကြိုက်ကြတဲ့ Oreo လေးနဲ့ ဒီလိုမုန့်မျိုးလေး လုပ်စားလို့ရတာရော သိပြီးပြီလား။ ဒီလုပ်နည်းလေးက အရမ်းလွယ်ကူတဲ့အပြင် ပါဝင်ပစ္စည်းကလည်း ၇ မျိုးတည်းမို့ လုပ်ရတာလည်း အရမ်းလွယ်ကူပါတယ်။


ပါဝင်ပစ္စည်းလေးတွေက
Oreo တစ်ထုပ်
Vanilla extract လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Unsalted butter ၄ ပုံပုံ ၁ ပုံ
နို့ဆီ တစ်ဘူး
Light cream cheese 6 oz
သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
Heavy whipping cream ၁ ခွက် တို့ ဖြစ်ပါတယ်။


ပြုလုပ်နည်း
Oreo 10 ခုကို သပ်သပ်ဖယ်ထားပြီး ကျန်တာတွေကို ကျေမွနေအောင် ခြေထားလိုက်ပါ။
ကြေမွနေတဲ့ Oreo လေးတွေနဲ့ ထောပတ်ကိုရောမွှေပါ။
ပြီးှလျှင် မုန့်ဖုတ်ဗန်းထဲကို ထည့်ပြီး လက်လေးနဲ့သေချာဖိပေးပါ။
ဖယ်ထားတဲ့ Orea လေးတွေကို ဘေးပတ်ပတ်လည်မှာလိုက်ကပ်ပေးပါ။
ပန်ကန်ုလုံးတစ်လုံးထဲမှာ heavy whipping cream ကိုထည့်ပြီး မွှေပေးပါ။
နောက်ထပ် ပန်းကန်လုံးတစ်လုံးထဲမှာ သကြားနဲ့ cream cheese တို့ကို ရောမွှေပေးပါ။
ပြီးလျှင် ၂ ခုလုံးကိုရောမွှေလိုက်ပါ။
နို့ဆီထပ်ထည့်ပြီး ထပ်မွှေပေးပါ။
ပြီးလျှင် ခုနက ဗန်းထဲထည့်ထားတဲ့ Orea ထဲကို ထည့်လိုက်ပါ။
ပြီးလျှင် ကြေမွထားတဲ့ Oreo လေးတွေကို အပေါ်ကနေ ထပ်ထည့်လိုက်ပါ။
အားလုံးပြီးလျှင် ရေခဲသေတ္တာအခဲခန်းထဲထည့်ပြီး တစ်ညအိပ်ထားလိုက်ပါ။ သို့မဟုတ် အနည်းဆုံး ၃-၄ နာရီထားပေးပါပြီးလျှင်တော့ အရမ်းအရသာရှိတဲ့ မုန့်လေးကို စားလို့ရပါတယ်။


The post

Oreo နဲ့ ဒီလိုမုန့်မျိုးလုပ်စားလို့ရတာ သိပြီးပြီလား first appeared on

yathar Magazine .


#နို့ဆီ
#လုပ်နည်း
#သကြား
#ပန်းကန်လုံး
#ထောပတ်

Some text some message..