
"ငါးပိရည်ကောင်းကောင်း....တို့စရာအစုံနဲ့ ထမင်းစားရင် ဟင်းမလိုဘူး" လို့ ပြောလေ့ရှိကြတယ်လေ။ ဒီတစ်ခါ မချစ်စနိုးက ငါးပိရည်ကောင်းကောင်းကြိုက်တဲ့သူတွေ၊ တို့စရာအစုံကို သန့်သန့်ရှင်းရှင်းလေး စားချင်တဲ့ ဘာလာလာဝါးအမျိုးတွေကို မချစ်စနိုး စားနေကျဆိုင်လေးတစ်ဆိုင်ကို လက်တို့ပေးပါရစေ။ သူ့ဆိုင်လေးက တွန်းလှည်းဆိုင်လေး။

အဲ့ဆိုင်ရှေ့ ရပ်ပြီဆိုရင် ရွေးချင်စရာတွေ အများကြီးမို့ ဘာရွေးရမလဲ မသိတော့ဘူး….အဟိ အင်တုံသေးသေးလေးတွေနဲ့ တို့စရာအစုံကို ထည့်ထားတာလေးက သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေးမို့လို့ မချစ်စနိုးကတော့ အရမ်းသဘောကျတာ။ အထင်မသေးနဲ့နော်.... သူ့ဆိုင်က အရမ်းရောင်းကောင်းတယ်။ ညနေ(၄)နာရီခွဲလောက်ဆို ရပြီ။ ည (၇)နာရီ...(၈)နာရီလောက်ဆို ကုန်ပြီပဲ။ အလုပ်က ပြန်လာတဲ့သူတွေနဲ့ ငါးပိရည်...တို့စရာအစုံ စားချင်တဲ့သူတွေက ရုံးဆင်းချိန်ဆို သူ့ဆိုင်မှာ ကြိတ်ကြိတ်တိုးပဲ။

ဒီလိုအင်တုံသေးသေးလေးတွေနဲ့ ထည့်ထားတာ မချစ်စနိုး အကြိုက်ဆုံးက ငါးငပိချက်!!! ငါးငပိချက်က အရမ်းရောင်းကောင်းတော့ ခဏလေးနဲ့ အကုန်မြန်တယ်။ မချစ်စနိုးကတော့ အမြဲတမ်း ငါးငပိချက်ကို (၁၀၀၀)ဖိုး...(၂၀၀၀)ဖိုးလောက် ဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားနေကျ။ (သူ့ဆိုင်က ငါးပိရည်ကိုတော့ မချစ်စနိုးကတော့ သိပ်မကြိုက်ဘူးရှင့်။) တို့စရာလေးတွေ စီစီရီရီ.... ချဉ်ဖတ်လေးတွေကလည်း သန့်သန့်ရှင်းရှင်း.... ဘူးသီးပြုတ်လေးတွေ...ရုံးပတီသီးလေးတွေက နူးနူးအိအိလေး...... ငါးပိထောင်းကို ဘူးလေးနဲ့လည်း ရောင်းတယ်။ တစ်ဘူး (၅၀၀)တဲ့။

ဒါက ငါးပိထောင်းဘူးလေးတွေ တစ်ဘူး (၅၀၀) တဲ့။

သူတို့ဆိုင်က ရောင်းတဲ့ ငါးပိရည် မချစ်စနိုးအကြိုက်တော့ မဟုတ်ပေမယ့် အကြိုက်ချင်းမတူတတ်တာမို့ စမ်းပြီး စားကြည့်လို့ရပါတယ်။

ဒါက မချစ်စနိုးအကြိုက်ဆုံး ငါးငပိချက်!! အခု တညင်းသီးရာသီဆိုတော့လည်း
တညင်းသီးပြုတ်၊ တညင်းသီးဆားရည်စိမ်၊
တညင်းဝက် အစုံ ရတယ်....။

တညင်းသီးပြုတ်အိအိလေး

သူ့ဆိုင်လေးက တွန်းလှည်းဆိုင်လေးမို့လို့
နာမည်မရှိပါဘူး။
လိပ်စာကတော့
အလုံမြို့နယ် ဆင်မင်းဈေးအနီး...
ဆင်မင်းလမ်းမပေါ်
ကမ်းနားလမ်းနဲ့ သိပ္ပံလမ်းကြားမှာပါ။
ABC ဆိုင်နားလေးတင် ရောင်းတာ။ ကဲ...တို့စရာအစုံနဲ့ ထမင်းမြိန်မယ့် ဆိုင်လေးတစ်ဆိုင်ကို မချစ်စနိုးကတော့ လက်တို့လိုက်ပြီနော့!!!
ငါးပိရည် တို့စရာကြိုက်တဲ့
ကိုယ်ချစ်ခင်ရတဲ့သူတွေ သိအောင်လို့
ဒီpostလေးကို လက်တို့ပေးကြပါဦးဗျို့
အစားအသောက်ချစ်မြတ်နိုးသူကြီး
ဘာလာလာဝါး မချစ်စနိုး

မျှစ်နုနုလေးတွေ ပြုတ်ထားတာကို တို့ကြမယ်

ခရမ်းကျွတ်သီးလေးတွေ ခွပ်ခနဲကိုက်… ငါးပိရည်နဲ့ နယ်ထားတဲ့ ထမင်းနဲ့ စားရင် ရှယ်ပဲ

သခွါးသီးလေးလည်း ဂျွတ်ခနဲ ကိုက်ချင်တာ

ချက်ချင်းပြုတ်..ချက်ချင်းဆယ် လတ်လတ်ဆတ်ဆတ်

ဘူးသီးပြုတ်လေးတွေ…အရွက်ပြုတ်လေးတွေ

သရက်သီးပိုးတီလေးက စားချင်စရာ
Original Uploader ဘာလာလာဝါး မချစ်စနိုး
The post
ထမင်းမြိန်စေမယ့် ငါးပိရည်+တို့စရာအစုံ ရတဲ့ဆိုင်လေး
first appeared on
yathar Magazine
.