(၂) ပတ်အတွင်း (၁၄) ပေါင်ကျစေဖို့ ဆောင်ရန်၊ရှောင်ရန်အချက် (၆) ချက်
auntymay.com
|
2021-01-12

ကိုဗစ်ကြောင့် ဝိတ်တက်လာတဲ့ သူတွေရှိကြလားမသိဘူး။ ဒီမှာတော့ အမြဲတမ်းထိုင်ပြီး စားလိုက်၊ laptop ရှေ့ထိုင်ပြီး စာရေးလိုက်မလို့ ဗိုက်တွေ သိသိသာသာပူပြီး ခါးတောင်ပျောက်နေပြီ။ တစ်လောက Eat This ဆိုတဲ့ website လေးကိုဝင်ကြည့်ရင်းနဲ့ အဲဒီမှာ ၂ ပတ်အတွင်း ၁၄ ပေါင်ကျစေမယ့် နေထိုင်ပုံအကြောင်း ဆောင်းပါးကိုဖတ်လိုက်ရပါတယ်။ နည်းလမ်းလေးကတော့ Zero Sugar Diet ပါတဲ့။ ဘာတွေ ဆောင်ရမလဲ၊ ဘာတွေရှောင်ရမလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။


Freepik- pikaroundme


(၁) သကြားဆိုရင်ဝေးဝေးရှောင်


ကော်ဖီထဲထည့်ဖျော်တဲ့ သကြားတွေကစလို့ အချိုရည်၊ ချောကလတ်တို့ ဂျယ်လီတို့လို အချိုတွေ၊ ကိတ်မုန့်တွေ အကုန်လုံးကို ၁၄ ရက်စလုံး ရှောင်ကျဉ်ပါ။


(၂) ဘာတွေစားကြမလဲ


အတတ်နိုင်ဆုံး အပြုတ်နဲ့ အသုပ်ကိုသာ ရွေးချယ်စားသုံးပါ။ ဟင်းအနှစ်၊ အဆီတွေနင့်နေတဲ့ အကြော်တွေနဲ့ အကင်တွေဟာ သင့်ရဲ့အဆီဖြစ်စေမှုကို ထောက်ပံ့ပေးနေပါတယ်။


Freepik- freepik


(၃) ဖိုက်ဘာများများစား


ဖိုက်ဘာဟာ အစာခံစေတဲ့အပြင်ကိုမှ ကိုလက်စရောကျဆင်းစေဖို့ကိုလည်း အထောက်အကူပြုနေပါတယ်။ ဒါကြောင့် အစိမ်းရောင်အသီးရွက်၊ oatmeal တို့၊ ဘယ်ရီသီးတွေ၊ လိမ္မော်သီး၊ ဖရဲသီး စတာတွေကိုပဲ စားသုံးပေးပါနော်။


(၄) ပရိုတင်းမမေ့နဲ့


ပရိုတင်းဓာတ်ဟာလည်း ကြွက်သားဖြစ်တည်မှုကို အားပေးတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကိုလည်း ပေးစွမ်းတာကြောင့် အစားနည်းနည်းပဲစားတဲ့ ဒီလိုကာလတွေမှာ မဖြစ်မနေစားသုံးပေးသင့်ပါတယ်။


Freepik- gorynvd


(၅) ရေများများသောက်


ရေသောက်ခြင်းဟာ ဗိုက်တင်းသလိုဖြစ်စေနိုင်တာကြောင့် အစားမစားခင်လည်း ရေသောက်၊ အစားအစားရင်းလည်း ရေသောက်၊ စားပြီးတိုင်းလည်း ရေသောက်ပေးပါ။ ဝိတ်ချနေတဲ့အချိန်မှာ တစ်နေ့ကို အနည်းဆုံး ရေ ၃ လီတာလောက် သုံးပေးရပါမယ်။ ပိန်လည်းပိန်၊ skin လည်း glow ပေါ့။


(၆) အကန့်သတ်နဲ့စားပါ


ဘယ်လိုပဲ healthy food စားစား၊ ကိုယ်စားမယ့်အစားအသောက်ရဲ့ ပမာဏကို ချင့်ချိန်တွက်ချက်ပြီးမှစားပါ။ ပျိုမေတို့စိတ်ထဲ မှတ်ထားရမှာက စားချင်လို့၊ ဗိုက်တင်းဖို့မဟုတ်ဘဲ အစာခံဖို့အတွက် စားရမယ်ဆိုတာပါပဲ။


penny


#ရေသောက်
#အစား
#ပရိုတင်း
#သကြား
#အဆီ

Some text some message..