အကောင်းဆုံး BBQ ဆိုင်များ
yathar.com
|
2021-06-14

ကမ္ဘာပေါ်မှာ ဟင်းပွဲမျိုးစုံကို အရသာမျိုးစုံ ပုံစံမျိုးစံနဲ့ မြည်းစမ်းကြည့်လို့ရနိုင်ပါတယ်။ နိုင်ငံတွေပဲ ဘယ်လိုပြောင်းပြောင်း တူညီနေမယ့် အစားအသောက်တစ်မျိုတော့ရှိပါတယ်။ အဲဒါကတော့

BBQ လို့ခေါ်ကြတဲ့ “အကင်” ပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ရန်ကုန်မြို့ထဲက အကောင်းဆုံး BBQ ဆိုင်တွေကို ရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။




Master Coal

Master Coal BBQ ဆိုင်ရဲ့ ထူးခြားချက်ကတော့ ဝမ်တင်မြို့ရဲ့အရသာ Chinese BBQ တွေပါပဲ။ အကင်တွေလည်း စုံတဲ့အပြင် တရုတ်ဟင်းလျာစုံစုံလင်လင်လည်း ရရှိနိုင်တဲ့ စားသောက်ဆိုင်ကောင်းတစ်ဆိုင် ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အရသာရော service ရော ကောင်းတဲ့အပြင် ဈေးလည်းတန်တာမို့ recommend ပေးပါတယ်။ ထူးထူးခြားခြားအကင်ပုံစံမျိုးကို မြည်းစမ်းချင်တဲ့သူတွေအတွက် အံကိုက်ပါပဲ။ 




Shwe Khaing BBQ


ရန်ကင်းမြို့နယ်ထဲက S

hwe Khaing BBQ ကိုတော့ မသိသူ သိပ်မရှိလောက်တဲ့အထိပါပဲ။ ရွှေခိုင်အကင်ဆိုင်က နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိပြီးတော့ မီနူးတော်တော်လေးကို စုံပါတယ်။ အကင်တွေအပြင် အသုပ် အထောင်း အစုံရပါတယ်။ ဘော်ဒါတွေနဲ့ သောက်ရင်းစားရင်း စကားပြောမယ်ဆို Shwe Khaing BBQ ကို လုံးဝ recommend ပေးပါတယ်။ 




111 Japanese BBQ

111 Japanese BBQ ကတော့ ဂျပန်စတိုင် BBQ ဆိုင်ပဲ ဖြစ်ပါတယ်။ ဒီအကင်ဆိုင်ရဲ့ ထူးခြားချက်ကတော့ အသားအရည်အသွေးပဲ ဖြစ်ပါတယ်။ အမဲသားကို imported အသားတွေကို သုံးထားလို့ premium ဆန်တဲ့ အရသာတစ်ခုကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ ကလီစာတွေလည်း စုံစုံလင်လင်ရတယ်။ ဆိုင်အပြင်အဆင်ကအစ ဂျပန်နိုင်ငံမှာ အကင်စားနေသလိုကို ခံစားရစေမှာပါ။ Buffet စနစ်မဟုတ်လို့ အစားနည်းတဲ့လူတွေနဲ့တော့ တော်တော်ကိုက်ပါတယ်။ နူးညံ့တဲ့အသားအရသာကို ခံစားချင်တယ်ဆိုရင်တော့111 Japanese BBQ ကို recommend လုပ်ပါတယ်။ 




Marine park


လတ်လတ်ဆတ်ဆတ်ပင်လယ်စာအကင်တွေချည်းပဲ အမုန်းကြိတ်ချင်တာဆိုတဲ့လူတွေအတွက်တော့

Marine Park က တကယ်ကွက်တိကျပါတယ်။ Marine Park မှာကတော့ Classic နဲ့ Premium ဆိုပြီး နှစ်မျိုးရှိပါတယ်။ Classic set မှာတော့ ပုစွန်၊ ဂဏန်း၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ငါးအသားလွှာ စတာတွေ ပါပါတယ်။ Premium set မှာကတော့ Salmon, scallops, oysters တို့လိုမျိုး ဈေးကြီးတဲ့ ပင်လယ်စာတွေပါပါတယ်။ ဈေးနှုန်းအနေနဲ့ကလည်း classic set ကိုမှ ၁၄၈၀၀ ကျပ်နဲ့ premium set ကို ၂၂၈၀၀ ကျပ်ဆိုတော့ တော်တော်ကြီးကို တန်ပါတယ်။ ပင်လယ်စာအကင် ကြိုက်တဲ့လူတွေအတွက် လုံးဝ recommend ပေးပါတယ်။




Manpuku


ဂျပန်စတိုင်အကင်ကို buffet စားမယ်ဆိုတဲ့ လူတွေအတွက်ကတော့

Manpuku ကို recommend ပေးချင်ပါတယ်။ လူကြီးတစ်ယောက်ကို ၁၃၈၀၀, ၁၅၈၀၀ နဲ့ ၂၀၈၀၀ ဆိုပြီး package သုံးမျိုးရှိပါတယ်။ menu တွေအပေါ်မူတည်ပြီးတော့ ဈေးနှုန်းကွာတာပဲ ဖြစ်ပါတယ်။ အရပ်လေးပေအထိကလေးတွေကိုတော့ ၇၀၀၀ ကျပ်သာ ကျသင့်ပြီးတော့ အရပ် ၃ ပေ ၆လက်မအောက် ကလေးတွေအတွက် Free ပေးပါသေးတယ်။ ဈေးနှုန်းအနေနဲ့လည်း သင့်တင့်ပြီးတော့ အရသာလည်းကောင်းတာကြောင့် နာမည်ရတဲ့ BBQ ဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ မိသားစုလိုက် သွားစားမယ်ဆိုရင် ပိုပြီးတန်ပါတယ်။ 

ဒီတစ်ခေါက်မှာတော့ BBQ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် ရန်ကုန်မြို့ထဲက အရသာလည်းကောင်းပြီး ဈေးနှုန်းအနေနဲ့သင့်တင့်တဲ့ BBQ ဆိုင်ကောင်းတွေကို ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုအစားအသောက်နဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေ ဖော်ပြပေးဦးမလဲဆိုတာကို စောင့်မျှော်ပေးကြပါဦးနော်။The post

အကောင်းဆုံး BBQ ဆိုင်များ first appeared on

yathar Magazine .


#BBQ
#အရသာ
#ပင်လယ်စာ
#အကင်ဆိုင်
#အသား

Some text some message..