ရန်ကုန်မြို့ရှိ Mala Xiang Guo ဆိုင်များ
yathar.com
|
2021-06-17

အခုလက်ရှိ လူငယ်တွေကြားမှာ ခေတ်စားတဲ့အစားအသောက် တစ်မျိုးကို ပြောပါဆိုရင်တော့

မာလာရှမ်းကော လို့ပဲ ကျိန်းသေပေါက်ဖြေရလိမ့်မယ်။ မာလာအရသာမွှေးထုံစပ်လေးက မိန်းကလေးရော ယောက်ျားလေးပါမကျန် ကြိုက်နှစ်သက်ချင်စရာလည်း ကောင်းပါတယ်။ ဒီတစ်ခေါက်မှာတော့ 

မာလာရှမ်းကော ကောင်းကောင်းလေး စားချင်တဲ့ ရန်ကုန်မြို့က foodie တွေအတွက် ရန်ကုန်မြို့ထဲမှာရှိတဲ့ မာလာရှမ်းကောဆိုင်တွေ အကြောင်းကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။




Mala Wok

Mala Wok ကတော့ နာမည်ရှိပြီးသား မာလာရှမ်းကောဆိုင်တစ်ဆိုင်ဖြစ်ပြီး တော်တော်လေးလည်း လူကြိုက်များပါတယ်။ မာလာအနှစ်ရဲ့ အရသာကလည်း အဆင်ပြေတယ်။ ဈေးနှုန်းအနေနဲ့ကလည်း regular set ကို ဝက်သား အမဲသားနဲ့ဆိုရင် ၈၀၀၀၊ seafood နဲ့ဆိုရင်မှ ၁၀၀၀၀ ကျပ်တည်း ကျသင့်တာမို့ ဈေးနှုန်းအနေနဲ့လည်း သင့်တင့်တယ်လို့ ပြောလို့ရပါတယ်။ regular set ဆိုရင် နှစ်ယောက်လောက်စားလို့ရတယ်။   




Chilli Pot

Chilli Pot ကလည်း မာလာရှမ်းကောဆိုင်တွေထဲမှာ လူကြိုက်များတဲ့ ဆိုင်တစ်ဆိုင်ပါပဲ။ ဒီဆိုင်ကတော့ ကိုယ်စားချင်တာကို ဂရမ်နဲ့ ကိုယ့်စိတ်ကြိုက်ထည့်နိုင်တာမို့လို့ အရမ်းအဆင်ပြေပါတယ်။ အစပ် level သုံးခုလည်း ရွေးလို့ရတာမို့လို့ အစပ်သိပ်မစားနိုင်တဲ့လူတွေအတွက်လည်း အဆင်ပြေပါတယ်။ အရသာလည်း ကောင်းတယ် ဈေးနှုန်းအနေနဲ့လည်း သင့်တင့်လို့ ဒီဆိုင်ကိုလည်း recommend ပေးပါတယ်။ 




Nom Nom Noodle

Nom Nom Noodle ကတော့ မြောက်ဒဂုံထဲက hidden gem လေးပေါ့။ Nom Nom Noodle မှာက ခေါက်ဆွဲတွေကို အဓိကရောင်းတယ်ဆိုပေမယ့် မာလာရှမ်းကောကိုလည်း အထင်သေးလိုက်လို့ မရပြန်ဘူး။ Nom Nom Noodle က မာလာရှမ်းကောရဲ့ ထူးခြားချက်ကတော့ မာလာအရသာကို ဗမာပါးစပ်နဲ့ကိုက်အောင် ပြန်မွမ်းမံထားတာပဲ။ အရသာက တော်တော်လေးကောင်းတယ်။ အထုံအစပ်ကိုလည်း အဆင်ပြေအောင် လုပ်ခိုင်းလို့ရတယ်။ Nom Nom ရဲ့ signature ခေါက်ဆွဲတွေနဲ့အပြိုင် မာလာရှမ်းကောကလည်း တစ်မျိုးလေး စားလို့ကောင်းတယ်။ 




Spice up

Spice up ကလည်း ကိုယ်ကြိုက်တာကို ဂရမ်နဲ့ရှင်းလို့ရတဲ့ ဆိုင်တစ်ဆိုင်ပါပဲ။ Spice up ရဲ့ မာလာရှမ်းကောအရသာက လူငယ်တွေပိုကြိုက်လောက်မယ့် အရသာမျိုးပါပဲ။ အရသာခပ်ပြင်းပြင်းလေးရှိပြီးတော့ ပါဝင်တဲ့အသီးအရွက် အသားတွေရဲ့ အရသာကို ပိုထိထိမိမိကြီး ခံစားမိပါတယ်။ အသီးအရွက်ရော အသားလုံးတွေရောအပါကို ၈၀၀၀ ၁၀၀၀၀ ဖိုးလောက်ဆို လူနှစ်ယောက်စားလို့ရပါတယ်။ ဈေးနှုန်းအနေနဲ့ရော အရသာအနေနဲ့ရော တော်တော်လေး အဆင်ပြေတဲ့ဆိုင်လို့ ညွှန်းချင်ပါတယ်။ အခုဆိုရင် တစ်ယောက်ပွဲသေးလေးတွေလည်း ရောင်းနေတယ်နော်။




BOM

BOM ကတော့ မာလာရှမ်းကောမဟုတ်တဲ့ မာလာရှမ်းကောမျိုးရောင်းတာပါ။ BOM မှာ ရနိုင်တဲ့ ပုစွန်မွှေးစပ်က မာလာရှမ်းကော ပုံစံကွဲတစ်မျိုးလို့ပြောလို့ရတယ်။ အရမ်းနူးညံ့တဲ့ ဗီယက်နမ်ပုစွန် ၁၂ ကောင်ပါတယ် ဝဥ ကြာစွယ် အာလူး စတဲ့ အမယ်တွေလည်း ပါတယ်။ Special Homemade spice တွေကို အသုံးပြုပြီးတော့ စီချွမ်မာလာအရသာစစ်စစ်ရအောင် ဖန်တီးထားတယ်။ Spice တွေရဲ့ အနံ့အရသာက ဟင်းပွဲတစ်ခုလုံးမှာ မွှေးနေတာပဲ။ BOM ရဲ့ ပုစွန်မွှေးစပ်က ပုံမှန်စားနေကျ မာလာရှမ်းကောတွေထဲကနေ ခွဲထွက်နေတဲ့အရသာတစ်ခုကို ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ Foodie တို့အတွက် ရန်ကုန်မြို့ထဲက အကောင်းဆုံးမာလာရှမ်းကောဆိုင်တွေပဲ ဖြစ်ပါတယ်။ နောက်ထပ်ပြီးလည်း ဘယ်လိုစားသောက်ဆိုင်အမိုက်စားတွေကို review ပေးသွားဦးမလဲဆိုတာ စောင့်မျှော်ပေးကြပါဦး။ Foodie တွေလည်း မာလာရှမ်းကောတွေ အများကြီး စားနိုင်ကြပါစေ။The post

ရန်ကုန်မြို့ရှိ Mala Xiang Guo ဆိုင်များ first appeared on

yathar Magazine .


#မာလာ
#အရသာ
#အစပ်
#ခေါက်ဆွဲ
#အသီးအရွက်

Some text some message..