
တစ်ပတ်လုံး အလုပ်တွေပင်ပန်းခဲ့သမျှကို ဖြေဖျောက်ဖို့ အကောင်းဆုံးနည်းလမ်းက ဘော်ဒါတွေနဲ့
Bar
တစ်ခုခုမှာ စိတ်အေးလက်အေး ဘီယာလေးသောက်ရင်း အနားယူရတာပါပဲ။ ဒီလို စိတ်ကျဉ်းကျပ်မှုတွေ စိတ်ပင်ပန်းမှုတွေ ပြေလျော့သွားစေမယ့် နေရာကောင်းလေးတွေကို ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားဦးမှာပဲ ဖြစ်ပါတယ်။
Beer Vibe
Beer Vibe
ကတော့ အမြည်းကောင်းကောင်းစားပြီး ဘီယာသောက်မယ်ဆိုတဲ့ ကိုကိုတွေအတွက်ပါပဲ။ အမြည်းတွေက တော်တော်စုံပြီးတော့ ဈေးနှုန်းကလည်း ၂,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်ဝန်းကျင်မှာပဲ ရှိပါတယ်။ ဈေးအနေနဲ့လည်း သင့်တော်ပြီးတော့ အမြည်းကောင်းကောင်းစားရမှာ သေချာပါတယ်။ ဘီယာသောက်မယ် အမြည်းကောင်းကောင်းစားမယ်ဆိုတဲ့လူတွေအတွက်တော့ highly recommend ပါ။
Escape Gastro Bar
ကိုယ့်ဘော်ဒါထဲမှာ မိန်းကလေးသူငယ်ချင်းတွေပါမယ်ဆိုရင်တော့
Escape Gastro Bar
က အသင့်တော်ဆုံးပါပဲ။ သောက်ရင်းစားရင်း စကားအေးဆေးပြောလို့ရတဲ့ vibe မျိုးမို့လို့ အရမ်းအဆင်ပြေပါတယ်။ cocktail တော်တော်စုံတယ်။ ဘော်ဒါတွေနဲ့ အေးဆေး chill လိုရတဲ့ bar တစ်ခုမို့လို recommend ပေးပါတယ်။
Asahi
ဘော်ဒါတွေနဲ့ ပေါ့ပေါ့ပါးပါးပဲ ဆိုင်ထိုင်ချင်တာဆိုရင်တော့ မြောက်ဒဂုံထဲက
Asahi
နဲ့တင် အဆင်ပြေပါတယ်။ မြောက်ဒဂုံမှာ Asahi ဆိုရင် မသိသူမရှိသလောက်ပါပဲ။ ပြီးတော့ ဆိုင်ခွဲတွေလည်း များတာမို့ ကိုယ်နဲ့နီးတဲ့ဆိုင်မှာ ထိုင်ရုံပါပဲ။ အစားအသောက်လည်းစုံပြီး အရသာရှိတယ်။ ပေါ့ပေါ့ပါးပါးပဲ ဆိုင်ထိုင်မယ်ဆိုရင်တော့ မြောက်ဒဂုံထဲက Asahi ကို ညွှန်းလျင်ပါတယ်။
50th Street Restaurant and Bar
Vintage အပြင်အဆင်နဲ့
50th Street Restaurant and Bar
ကတော့ ဝီစကီတစ်ခွက်ကုန်တာနဲ့ သင့်ကို အတိတ်နေ့ရက်တွေဆီကို ခေါ်ဆောင်သွားမှာပါ။ လမ်း ၅၀ ထဲမှာ ရှိတဲ့ ဒီ bar ကတော့ decoration တွေကအစ ၁၉၇၀ ၈၀ လောက်က အပြင်အဆင်တွေကို အသုံးပြုထားပြီးတော့ အေးအေးဆေးဆေးနဲ့ထိုင်လို့ကောင်းတဲ့ Bar တစ်ခုပါ။ ဝိုင်တစ်ခွက် ဝီစကီတစ်ခွက်နဲ့ ညနေခင်းလေးကို ငြိမ့်ငြိမ့်ညောင်းညောင်းဖြတ်သန်းလို့ကောင်းတာမို့ အေးအေးဆေးဆေးသောက်မယ်ဆိုတဲ့လူတွေအတွက် recommend ပေးပါတယ်။
The Basement Dining and Bar
The Basement Dining and Bar
ဆိုတဲ့အတိုင်း အစားအသောက်တွေ တော်တော်ကောင်းပါတယ်။ အရသာရှိရှိလည်းစားမယ် သောက်လည်းသောက်မယ်ဆိုရင်တော့ The Basement Bar ကို ညွှန်းချင်ပါတယ်။ သောက်စရာအနေနဲ့လည်း စုံစုံလင်လင်ရပါတယ်။ ဆိုင်ရဲ့ အထူးခြားဆုံးကတော့ ဆိုင်အပြင်က graffiti တွေပါပဲ။ ဘော်ဒါတွေနဲ့ ပျော်မယ်စားမယ်သောက်မယ်ဆိုရင်တော့ the basement bar ကို မရွေးချယ်စရာ အကြောင်းမရှိပါဘူး။
ဒီတစ်ခေါက်ဖော်ပြပေးခဲ့တာကတော့ ရန်ကုန်မြို့ထဲက အကောင်းဆုံး Bar တွေအကြောင်းပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ် ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ စိတ်ပြေလက်ပျောက် ဘယ်ဆိုင်ထိုင်ရမလဲဆိုတာ စဉ်းစားနေရင်တော့ အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။The post
ရန်ကုန်မြို့ရဲ့ အကောင်းဆုံး Bar များ
first appeared on
yathar Magazine
.