
ဒီတစ်ခါမှာတော့ ဂျပန်အစားအသောက်တွေကို ကြိုက်နှစ်သက်တဲ့ foodie တွေအတွက် ရန်ကုန်မြို့မှာရှိတဲ့
Japanese restaurant
တွေကို ဖော်ပြပေးသွားဦးမှာပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့ထဲက ဘယ်လိုထူးခြားတဲ့ ဆိုင်တွေကို ဒီတစ်ခါမှာ ဖော်ပြပေးသွားမလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုပေးကြပါဦး။
Tokyo Coffee Café and Bar
Tokyo Coffee Café and Bar
မှာကတော့ ဂျပန်နိုင်ငံရဲ့ အကောင်းဆုံး organic ကော်ဖီစေ့တွေရဲ့ အရသာကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ မြည်းစမ်းကြည့်ချင်စရာ ကော်ဖီအမျိုးအစားပေါင်း ၅၀ ကျော် ရှိပြီးတော့ တခြား ဂျပန်အစားအသောက်တွေကိုလည်း ရရှိနိုင်ပါတယ်။ ကော်ဖီနဲ့တွဲပြီးတော့ မြည်းစမ်းကြည့်ချင်စရာကတော့ homemade cake တွေပါပဲ။ ကော်ဖီကောင်းကောင်း သောက်ချင်တယ်ဆိုရင်တော့ Tokyo Coffee Café and Bar ကို recommend ပေးပါတယ်။
Sushi King
ဆူရှီကောင်းကောင်းနဲ့ ဂျပန်အစားအသောက်ကောင်းကောင်း စားချင်ရင်တော့
Sushi King
က အသင့်တော်ဆုံးပါပဲ။ Sushi King မှာ ဆူရှီတွေက လတ်ဆတ်ပြီးတော့ အမျိုးအစားစုံလင်ပါတယ်။ ဆူရှီတွေအပြင် yakisoba လို့ခေါ်တဲ့ ဂျပန်ခေါက်ဆွဲကြော်၊ တန်ပူရာနဲ့ မာပိုတို့ဟူးကအစ ရပါတယ်။ ဆူရှီတွေအပြင် ဂျပန်စာစုံစုံလင်လင်လေး စားချင်ရင်တော့ Sushi King ကို ညွှန်းချင်ပါတယ်။
Burrito Sushi
ဆူရှီကို ပေါ့ပေါ့ပါးပါး ပါဆယ်ယူပြီးစားမယ်ဆို Burrito Sushi ရှိပါတယ်။ ပါဆယ်ယူမယ်ဆို ဆူရှီကို burrito လို အလိပ်ကလေးနဲ့ ထုပ်ပေးတဲ့ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ပါ။ ဆူရှီ၊ Japan Curry၊ ရာမန်၊ တန်ပူရာ အစရှိသဖြင့် ဂျပန်စာစုံစုံလင်လင်တွေကိုလည်း ရရှိနိုင်တဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ Burrito Sushi ကလည်း ရန်ကုန်မြို့ထဲက ဂျပန်စားသောက်ဆိုင်ကောင်းတစ်ဆိုင် ဖြစ်ပါတယ်။
Ramen monster
Ramen Monster
ကတော့ Ramen ကို အဓိကရောင်းချတဲ့ စားသောက်ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ Ramen ကြိုက်တဲ့ Foodie တွေအတွက် လုံးဝ paradise တစ်ခုပါပဲ။ Ramen ကို အရသာအစုံရှိပြီးတော့ Ramen အပြင် Tonkatsu ကလည်း ဒီဆိုင်ရဲ့ must try menu ပါပဲ။
Japanese Hot Pot REN
ဒီတစ်ခါမှာတော့ ဂျပန်စတိုင် Hot Pot & BBQ ဆိုင်တစ်ဆိုင်ကို ညွှန်းပေးမှာပဲဖြစ်ပါတယ်။ ဆိုင်နာမည်ကတော့
Japanese Hot Pot REN
ပဲ ဖြစ်ပြီးတော့ လတ်ဆတ်တဲ့အသားရဲ့အရသာကို မြည်းစမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ Yakiniku BBQ ကတော့ နူးညံ့အသားကို အရိုးရှင်းဆုံး ခံစားရစေမယ့် menu တစ်မျိုးပါ။ အစားအသောက်တွေက သန့်ရှင်းလတ်ဆတ်ပြီးတော့ အရသာရှိလို့ recommend ပေးချင်ပါတယ်။
အခုဖော်ပြပေးခဲ့တာတော့ ရန်ကုန်မြို့ထဲက ဈေးနှုန်းသင့်တင့်ပြီးတော့ အရသာကောင်းမွန်တဲ့ ဂျပန်စားသောက်ဆိုင်တွေအကြောင်းပဲ ဖြစ်ပါတယ်။ ဂျပန်အစားအသောက်ကြိုက်နှစ်သက်သူတွေအနေနဲ့လည်း သဘောကျကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဒီလိုမျိုး စားသောက်ဆိုင်ကောင်းတွေကို ဖော်ပြပေးသွားမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။The post
ရန်ကုန်မြို့ရဲ့ Japan စားသောက်ဆိုင်များ
first appeared on
yathar Magazine
.