ဂဏန်းမဆလာ ချက်စားမယ်
mmload.com
|
2023-01-07

ဂဏန်းမဆလာချက်စားမယ်

 ဂဏန်းလို့ပြောလိုက်တာနဲ့ လူတိုင်းကြိုက်မယ်ထင်ပါတယ်။ အထူးသဖြင့် လူငယ်တွေကြားမှာ ရေပန်းစားတဲ့အစားစာတွေထဲမှာဂဏန်းဟင်းလျာတွေလည်းပါဝင်ပါတယ်။ ဂဏန်းဟင်းလျာတွေထဲကလူအကြိုက်များဆုံးဟင်းတစ်မျိုးကတော့ ဂဏန်း မဆလာချက်ပဲ ဖြစ်ပါတယ်။ စားလို့ကောင်းသလို ဝယ်စားရင် ဈေးကြီးပေးစားရတာမလို့ခဏခဏဝယ်စားဖို့တော့မလွယ်ပါဘူးနော်။

ဆိုတော့အရသာရှိ အိမ်မှာလွယ်လွယ် ကူကူချက်စားလို့ရမယ့်ဂဏန်းမဆလာ ချက်နည်းလေး ကိုပြောပြပေးချင်ပါတယ်


 ပါဝင်ပစ္စည်းများ

ဂဏန်း ၊မဆလာ၊ ကြက်သွန်နီ၊ ငရုတ်သီးဟင်းချက်မှုန့်၊နနွင်းမှုန့် ၊အရသာမှုန့် ၊ ငံပြာရည် ၊ ရှမ်းနံနံ ၊ ကြက်ဥ၊ဆီ

ပြုလုပ်ပုံအဆင့်ဆင့်


 (၁) ဂ‌ဏန်းများကိုသေချာ ဆေးကြောကိုင်တွယ်ပြီးအရသာမှုန့်အနည်းငယ်၊ နနွင်းမှုန့်အနည်းငယ် ထည့်ကာ နှပ်ထားပါ (၂) ကြက်သွန်နီ နဲ့ဟင်းချက်မှုန့်ကို ဆီအိုးထဲ ကိုထည့်ပြီးဆီသပ်ပါ ။ဆီသပ်တဲ့ထဲကို ငံပြာရည်အနည်းငယ်၊ မဆလာ၊အရသာမှုန့်အနည်းငယ် ထည့်ပါ(၃)ဂဏန်းများကိုထည့်ပြီး ထည့်မြုပ်အောင်ထည့်ပါ။ (၄)ဆီပြန်လာရင်ကြက်ဥ ထည့်ပါ ကြက်ဥတွေကိုကြေအောင်မွှေပါ။ (၅)အရသာအနေတော်ဖြစ်ရင် ရှမ်းနံနံထည့်ပြီး ခဏကြာရင်ချလို့ရပါပြီ အရမ်းကောင်းလို့ အိမ်မှာ ချက်စားကြည့်ကြပါဦးနော်


#အရသာ
#ကြက်သွန်နီ
#ငံပြာရည်
#အရသာမှုန့်

Some text some message..