ရေမဆေးဘဲ စားသင့်တဲ့ အစားအစာများ
mmload.com
|
2023-01-12

1. ကြက်ဉ


ကြက်ဥရဲ့အခွံပေါ်မှာ ဘက်တီးရီးယားတွေကို သဘာဝအတိုင်း ကာကွယ်ပေးထားတဲ့ အရာတစ်ခု ပါဝင်ပါတယ်။ကြက်ဥကို ရေဆေးလိုက်တဲ့အခါ ဘက်တီးရီးယားတွေကို ကာကွယ်ပေးထားတဲ့ အရာလေးက ပျောက်သွားတာကြောင့် ကြက်ဥကိုရေမဆေးသင့်ပါဘူး။

2. ကြက်သား


လတ်ဆတ်တဲ့ကြက်သားပေါ်က salmonellaလို့ခေါ်တဲ့ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတွေက ကျန်းမာရေးအတွက်အလွန်အန္တရာယ် များပါတယ်။ ကြက်သားကို မချက်ခင်မှာ ရေဆေးရမယ်လို့ လူအများစုက သိထားပေမယ့်ကြက်သားကို ရေဆေးတဲ့ အခါ ရေက ဘက်တီးရီးယားတွေကို လက်ပေါ်ပျံ့နှံ့သွားစေပြီး ကြက်သားထဲကိုလည်း စိမ့်ဝင်သွားစေပါတယ်။ အဲဒါကြောင့် ကြက်သားကိုနှစ်ခါပြုတ်လိုက်ခြင်းက အကောင်းဆုံးလို့ စားဖိုမှူးတွေက ပြောပါတယ်။တခါပြုတ်ပြီးရင် ရေကို အသစ်လဲ ပေးရပါမယ်။

3. အသား


ကြက်သားလိုပဲ လတ်ဆတ်တဲ့အသားတွေ ဖြစ်တဲ့ အမဲသား၊ ဝက်သားတွေကို ရေမဆေးသင့်ပါဘူး။ အသားပေါ်က ဘက်တီးရီးယားတွေ လက်ပေါ်ကိုရောက်သွားနိုင်ပြီး အသားထဲ စိမ့်ဝင်သွားနိုင်တာကြောင့် အပူချိန်မြင့်မြင့်နဲ့တည်ထားပြီး ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်ပါတယ်။ ဒါမှမဟုတ်မချက်ခင်မှာ အသားက ထွက်တဲ့ အရည်တွေကို စုပ်ယူနိုင်အောင် ပုဝါနဲ့ အုပ်ထားပေးပါ။ ပြီးရင် ကိုယ့်လက်ကို ဆပ်ပြာနဲ့ စင်အောင် ဆေးကြောင်သန့်စင်ပါ။

4. Pasta


Pasta ကို ရေဆေးလိုက်တဲ့အခါမှာ ကစီဓါတ်တွေ ပါသွားပါတယ်။ အဲဒါကြောင့် pastaကို ပြုတ်ပြီးမှ ရေဆေးပြီး သုပ်စားတာဖြစ်ဖြစ်၊ ကြော်စားတာဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

5. မှို


မှိုကရေကိုအရမ်းစုပ်ယူနိုင်တာဖြစ်တဲ့အတွက် မှိုကိုရေဆေးတာ၊ ရေစိမ်ထားတာက မပြုလုပ်သင့်ပါဘူး။ ဒါကြောင့်ရေမြန်မြန် ဆေးကြောပြီး Tissue ဒါမှမဟုတ် အဝတ်နဲ့ ဖြစ်ဖြစ်ခြောက်အောင်ပြုလုပ်လို့လည်း ရပါတယ်။


#ကျန်းမာရေး
#သဘာဝ
#ကြက်သား
#အန္တရာယ်
#ဘက်တီးရီးယား

Some text some message..