အစာပြေ မုန့်ပြားသလပ် ပူပူလေး လုပ်စားကြမယ်...
mmload.com
|
2023-01-16

ဂျုံတို့ ဆန်တို့ သိပ်ကြိုက်တဲ့မြန်မာလူမျိုးတွေအတွက် မြန်မာမုန့် လေးတွေက ဘယ်တော့မှ မရိုးနိုင်ပါဘူး။မြန်မာမုန့်ပေါင်းများစွာရှိတဲ့ထဲက အခုထက်ထိ လူငယ်ရော လူကြီးများပါကြိုက်နှစ်သက်ပြီး ရောင်းတန်းတွေမှာ လည်း ရောင်းကောင်းနေဆဲဖြစ်တဲ့မုန့်တစ်မျိုးကတော့ မုန့်ပြားသလပ် လို့ခေါ်တဲ့ မုန့်ပါပဲ။

ဒီအစားစာဟာဆိုရင်လုပ်ရတာအရမ်းကြီးမခက်သလို စားလို့လည်းသိပ်ကောင်းတာမလို့ အခုနောက်ပိုင်းမှာ ဆိုရင်အရင်ခေတ်က မုန့်ပြားသလပ်မဟုတ်တော့ပဲ Upgrade လုပ်ထားတဲ့ မုန့်ပြားသလပ်တွေပါ ရန်ကုန်နဲ့မန္တလေးမှာရရှိနေကြပါပြီ...

ဆိုတော့ အစာပြေပဲ စားစားအပျင်းပြေပဲစားစား ၊ မနက်စာ ကော်ဖီလေးနဲ့သောက်သောက် အရသာရှိတဲ့ မုန့်ပြားသလပ်လုပ်နည်းလေးကို ဝေမျှပေးပါမယ်နော်...

အရမ်းရိုးရှင်းပြီးလွယ်ပူတဲ့နည်းလေးကိုပြောပြသွားမှာမလို့ အတူတူ လိုက်လုပ်ကြည့်ကြဦးနော်

ပါဝင်ပစ္စည်းများ

_ ယိုးဒယား ဂျုံမှုန့် ၊ ဆားအနည်းငယ်၊ဆီ၊ ရေအနည်းငယ်

_ ကြက်သွန်မြိတ်၊ နံနံပင်၊ ပဲပြုတ် နှင့်မိမိထည့်ချင်တဲ့အစာပလာများထည့်ပါ...(အိုင်ကတော့ အလွယ်လေးပဲ လုပ်ပြတာမလို့ဒီသုံးမျိုးပဲသုံးပါမယ်နော်)

ဒါနဲ့တင်တော်တော်စားကောင်းမှာမလို့စလုပ်ကြည့်လိုက်ရအောင်

ပြုလုပ်ပုံအဆင့်ဆင့်

(၁) ဂျုံမှုန့် ထမင်းစားဇွန်း ၅ဇွန်းကိုရေနဲ့ မပျစ်မကျဲ အနေလေးဖျော်ပါ။ ဒီထဲကို ဆားအနည်းငယ်ထည့်ပါ(အရသာအတွက်ပါ)

(၂) ဆားထည့်ထားတဲ့ အရည်ထဲကိုကြက်သွန်မြိတ် လေးတွေပါးပါးလှီးပြီးထည့်မွှေထားပါ။

(၃) ဆီအိုး အရမ်းမပူ အရမ်းမအေးအနေလေးမှာ မုန့်စလုပ်လို့ရပါပြီ

(၄) မုန့်သားကို ညီညီလေးတွေဖြစ်အောင်ဟင်းချက်တဲ့ ဇွန်းခွက်နဲ့ ပုံစံခွက်တစ်ခွက်စာ ထည့်ပြီး တစ်ခုဆီစိတ်ရှည်ရှည်လုပ်ပါနော်

(၅) အိုးထဲကို မုန့်သားထည့်ပြီးပြီးအပေါ်ကနေ  ပဲပြုတ်နဲ့နံနံပင်လေးဖြူးထည့်ပါ။

(၆) ပြီးရင် ဆီစုတ်တံလေးနဲ့မုန့်သားအပေါ်ကနေ ဆီလေးတွေ သုပ်ပေးပါ။ ‌၁မိနစ်လောက်ဆိုရင်အောက်သားလေးရွှေဝါရောင်သန်းလာတဲ့အခါဟိုဘက်ဒီဘက်လှန်ပြီး ချလို့ရပါပြီနော်

ကဲ စိတ်ရှည်ရှည်နဲ့ လုပ်ပေးရင် သိပ်ကိုစားလို့ကောင်းတဲ့ မုန့်ပြားသလပ်လေးမလို့ အိမ်မှာ မိသားစုနဲ့အတူတူ လုပ်စားကြည့်ကြဦး‌နေ်


#အရသာ
#နံနံပင်
#ကြက်သွန်မြိတ်
#မနက်စာ
#မုန့်ပြားသလပ်

Some text some message..